Professional Authors

A Sweet Conversation

ချစ်သူ၂ယောက်ဟာ လမ်းခွဲပြီးနောက် ပြန်တွေ့ကြတဲ့အခါ

ကောင်မလေး။ ။ နင့်ကောင်မလေးက လှတယ်လို့ ငါကြားတယ်…။
(ကောင်မလေးရဲ့ စိတ်ထဲမှာ မေးချင်နေတာက နင့်ကောင်မလေး ငါ့လောက်လှရဲ့လား )
ကောင်လေး။ ။ အင်း….သေချာတာပေါ့ ။
(ကောင်လေးရဲ့စိတ်ထဲမှာ ပြောချင်နေတာက နင်က အခုချိန်ထိ ငါ့အတွက် အလှဆုံးပါပဲဟာ)

ကောင်မလေး။ ။ သူက ဟာသတွေလည်း ပြောတတ်တယ်…. အရမ်းလည်း ခေတ်ဆန်ဆန်လေးနေတတ်တယ်ဆို…?
(ကောင်မလေးရဲ့ စိတ်ထဲမှာ ပြောချင်နေတာက သူက ငါမလုပ်ခဲ့ဖူးသမျှ တွေ ပိုင်ဆိုင်ထားတယ်ဆို…?)
ကောင်လေး။ ။ အင်း…ဟုတ်တယ်..။
(ကောင်လေးရဲ့စိတ်ထဲမှာ ပြောချင်နေတာက နင့်ကိုတော့ သူမယှဉ်နိုင်ပါဘူးဟာ…)

ကောင်မလေး။ ။ နင်တို့၂ယောက် တစ်သက်လုံးအဆင်ပြေပါစေလို့ ငါ ဆုတောင်းပေးပါတယ်ဟာ..။
(ကောင်မလေးရဲ့ စိတ်ထဲမှာ ပြောချင်နေတာက ငါတို့၂ယောက်ကတော့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးပေါ့….)
ကောင်လေး။ ။ နင်ဆုတောင်းပေးတဲ့အတိုင်း ဖြစ်ပါစေ။
(ကောင်လေးရဲ့စိတ်ထဲမှာ ပြောချင်နေတာက အဲဒီလိုဆို နင်နဲ့ငါ ဘာဖြစ်သွားပြီလဲ….?)

ကောင်မလေး။ ။ ငါသွားတော့မယ်နော်။
(ကောင်မလေးရဲ့ စိတ်ထဲမှာ ပြောချင်နေတာက ငါမငိုမိခင် သွားမှဖြစ်မယ်)
ကောင်လေး။ ။ အင်း ဘိုင့်။
(ကောင်လေးရဲ့စိတ်ထဲမှာ ပြောချင်နေတာက ကျေးဇူးပြုပြီး နင်မငိုပါနဲ့ဟာ)

ကောင်မလေး။ ။ နောက်တော့ ထပ်တွေ့တာပေါ့။
(ကောင်မလေးရဲ့ စိတ်ထဲမှာ ပြောချင်နေတာက ငါနင့်ကို အမြဲတမ်းသတိရပြီး လွမ်းမိနေဦးမှာပါ)
ကောင်လေး။ ။ ကောင်းပြီလေ။
(ကောင်လေးရဲ့စိတ်ထဲမှာ ပြောချင်နေတာက နင့်ကို ချစ်တဲ့ ငါ့အချစ်တွေ တစ်သက်လုံး သေဆုံးမှာ မဟုတ်ပါဘူးဟာ….)

(ဒီလို စိတ်ထဲမှာသာ ပြောနေကျရင်းနဲ့ သူတို့ ၂ ယောက် ထာဝရ ဝေးသွားခဲ့ကြတယ်….။)

In: Others Posted By: Date: Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment