Professional Authors

PoemsCorner Authors

ခင်ဗျားနဲ့ မျက်လှည့်ဆရာ

(၁)

  အခုခင်ဗျားအရှေ့မှာ မျက်လှည့်ဆရာတစ်ယောက်ရောက်နေတယ်။ သူကခင်ဗျားကို  ကမ္ဘာပေါ်မှာဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ပြကွက်ဆန်းတစ်ခုကို ပြသမှာဖြစ်တဲ့ အကြောင်းပြောတယ်။အဲဒါ ကခင်ဗျားရဲ့ ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ ခင်ဗျားစိတ်ကို ယာယီဖျောက်ပြဖို့ပဲ ။ ခင်ဗျားကအဲဒါကိုလက်မခံဘူး။ ဒါဟာဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ခင်ဗျားထင်နေတယ်။ ဒီလိုနဲ့ပဲ ခင်ဗျားနဲ့ မျက်လှည့်ဆရာဟာ စကားများကြတယ် ။ နောက်ဆုံးမှာ မျက်လှည့်ဆရာဟာဒေါသ ထွက်လာပြီး ခင်ဗျားရဲ့ ခန္ဒာကိုယ်ထဲ မှာ ခိုအောင်းနေတဲ့ စိတ်ကို ဖျောက်ပစ်လိုက် တယ်။ တစ်ဆက်တည်းမှာပဲ..စိမ်းရွှေရွှေ ရနံပါတဲ့ မီးခိုငွေ့တွေဟာ ထွက်ပေါ်လာပြီးတော့ ခင်ဗျားရဲ့မျက်စိရှေ့မှာပဲ မျက်လှည့်ဆရာလည်းပျောက်ကွယ်သွားတယ်။ အခုအခန်းထဲမှာ ခင်ဗျားတစ်ယောက်တည်း။ စိတ်မရှိတဲံခန္ဒကိုယ်နဲ့ ။ မကြာမီမှာ ပဲခင်ဗျားဟာ နေရထိုင်ရခက်လာတယ်။  စိတ်မရှိတဲံအတွက် ခင်ဗျားဘာမှတွေးတောလို့မရဘူးဖြစ်နေတယ် ။ ခင်ဗျားတစ်ခုခုကို တွေးတောဖို့ကျန်တိုင်းမှာ ဘယ်ကစတွေး ရမှန်းမသိဘူးဖြစ်နေတယ်။ အခုခင်ဗျားအတွေးတွေ ဟာဗလာဖြစ်နေပြီး အဲဒီဗလာထဲမှာလည်း ဘာမှရှိမနေဘူး။ ဘာမှမရှိတော့ဘယ်သူမှခိုးလို့ မရဘူးပေါ့။ ဒါပေမယ်ရင်ထဲမှာဟာသလိုလို ။ပေါရွှတ်ရွှတ်ကြီးဖြစ်နေ သလို  အရသာမရှိသလိုဖြစ်နေတယ်။  ဒါနဲ့ပဲ ခင်ဗျားဟာ ပျောက်သွားတဲ့ခင်ဗျားစိတ်ကိုပြန်ရှာဖို့ ရပ်ကွက်ထဲထွက်လာတယ် ။ ပြီးတော့ရှာတယ်။ လမ်းတွေပေါ်မှာရှာတယ်။ အိမ်ခေါင်းမိုးတွေ ပေါ်မှာရှာတယ်။ ဖြတ်သွားဖြတ်လာကားတွေ ပေါ်မှာရှာတယ်။ အိမ်သာအောက်မှာရှာတယ် ။ချုံပုပ်ထဲမှာရှာတယ်..။လေထုထဲမှာ ရှာတယ်.။ ဓာတ်မီးတိုင်ပေါ်ရှာတယ်။ ရှာတယ် ။ ရှာတ.ယ်။ခင်ဗျားဆက်ရှာတယ်။ ဒါပေမယ့် ခင်ဗျား မတွေ့ ဘူး. မတွေ့ပေမယ့် ခင်ဗျား ထပ်ရှာတယ်။ တစ်နေရာအရောက်မှာ ရန်ပွဲတစ်ပွဲ တွေ့လို့ ခင်ဗျားဟာ ရန်ပွဲထဲမှာ စိတ်ကိုရှာတယ်…။ အဲဒီရန်ပွဲ မှာ လူ ၆ ယောက်ပါဝင်ပြီး ၁ယောက်တည်းကို ၅ယောက်က ၀ိုင်းရိုက်နေ တာဖြစ်တယ်.။ ခင် ဗျားမှာစိတ်မရှိလို့  ရန်ပွဲအပေါ် မှာ ဘာစိတ်ခံစားချက်မှရှိမနေဘူး..။ ခင်ဗျားဥှီုးနှောက်ကတစ်ယောက်ချင်း စီမှာ ခင်ဗျားစိတ် ကိုပြန် ရှာ ဖို့ ပဲ သိနေတယ်…။ အဲဒီအချိန်မှာပဲအရိုက်ခံနေရတဲံသူ က ခင်ဗျားကိုလက်ညှိုး ထိုးပြီး ” သူပဲ သူ ပဲ ခင်ဗျားတို့ရှာနေတာသူ ပဲ ။ သူမှာ လူစိတ် မရှိဘူး ” လို့အော် ပြောတယ်။ ဒါနဲ့ လူအုပ်ကြီး က ခင်ဗျားဆီဝိုင်းလာပြီး  မင်းမှာလူစိတ် ရှိလားလို့ မေး တယ်…။ ခင်ဗျား က မရှိဘူးဘူး။ ပျောက်သွားလို့လိုက်ရှာနေ တာ လို့ ပြော တယ်…။ ဒါနဲ့ပဲ လူအုပ်ကြီး က ခင်ဗျား ကိုဝိုင်းရိုက်ကြတယ်.။ ခင်ဗျားဟာ မကြာမီမှာပဲ လူ အုပ်ကြီးအောက်မှာ ပြားပြားဝပ်သွားတယ်။ ဒါပေမယ့်ခင်ဗျားမနာကျင်ပါ ဘူး….။ ခင်ဗျားမှာနာကျင်တတ်တဲံစိတ် အခံမရှိဘူး.။ ဒီလောက်ဝိုင်းရိုက်နေတာတောင်ခင်ဗျားတစ်ချက်ကလေးမှ မညည်းဘူး ။ နောက် ဆုံး တော့ လူ အုပ်ကြီးဟာလက် လျှော့လိုက်ပြီး  ခင်ဗျား ကို တစ်ယောက်တည်း ဒီအတိုင်းထား ပစ် ခဲ့ကြတယ်။ ခဏနေတော့ခင်ဗျားပြန်ထ လာတယ် ။ ပြီးတော့ လမ်းဆက်လျှောက်တယ်။ 

 

(၂)

ခင်ဗျားပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်လာခဲ့တယ်….။ ခင်ဗျားရဲ့ ရည်ရွယ်ချက် က ကိုယ့် ကိုယ်ကို သတ်သေဖို့ ဖြစ်တယ်။ နောက်ဘ၀ကျမှ စိတ် သစ်လူသစ် နဲ့ ပြန်နေဖို့ခင်ဗျား ကြိုးစားနေတာဖြစ်တယ် ။  ဒီလိုနဲ့ပဲခင်ဗျားဟာ ပင်လယ်ထဲဆင်းလိုက်တယ်။ ရေထဲရောက်သွား ပြီး သေမလို လုပ်ခါနီးမှာ မှ ခင်ဗျားမှာ သတ်သေချင်စိတ် မရှိဘူး ဖြစ် နေ တယ်…။ ဘယ်လို ပဲ ကြိုးစား ကြိုးစား သေချင် စိတ် ကထွက် ပေါ်မလာဘူး..။(  ခင်ဗျား ဟာ နောက်ဘ၀ ရှိ ခြင်း မရှိခြင်း ကို သံသယ ၀င်နေပြီးတော့ ရှိခဲ့မယ် ဆို ရင်တောင် ခင်ဗျားမှာစိတ် မပါ သွားတဲံ အတွက် ရုပ် ကြီး သက် သက် ဟိုဘက် ဘ၀ ရောက် သွားရင် ခင်ဗျားစိတ်ကိုထပ် ပြီး ရှာ ရ နေရဦး မယ်။ တော် ကြာ ခင်ဗျား လို ရုပ် ရှာ နေတဲ့ စိတ် တစ် ခု လည်းရှိနေဦး မယ် ဆိုရင် မတော်တ ဆ .. ခင်ဗျား ရဲ့စိတ်ဗလာခန္ဒာ ကိုယ်မှာ လာ ၀င်နေ မှ ဖြင့် နောက် ဘ၀ကျမှ စိတ်နဲ့လူ နဲ့ မကပ် ပဲ ဒုက္ခ ရောက်ဦး မယ်…။) ဒါနဲ့ပဲ ခင်ဗျား ခင်ဗျား ဟာ ခင်ဗျားရဲ့ စိတ် ကို ပြန် ရှာနေတာအမှတ် ရသွားပြီး ကမ်း ခြေ ပေါ် ကို ပြန် တက် လာ တယ်…..။့ ကမ်းခြေ ပေါ် ရောက်တော့ ခင်ဗျားခြေရာ နဲ့ အတူ ဘုရား သခင် ရဲ့ ခြေရာ  ကို တွေ့တယ်…။ ခင်ဗျားဟာအဲဒီခြေရာ အတိုင်း  ဆက် လျှောက် လာ ခဲ့ တယ်…။ တစ်နေရာမှာ ခြေရာ ဟာ တစ် စုံ တည်း ဖြစ် နေပြီး ခင်ဗျားဟာ ဘုရားသခင် ကို ချီ ပိုး ထား တယ်။ ( အဲဒီနေရာဟာ ခင်ဗျားအခုရောက်နေတဲံ နေရာဖြစ်တယ် ) ။ ဘုရားသခင်ရဲ့ ခန္ဒာကိုယ် ကြီး ကို ချီထားပေမယ့် ခင်ဗျား ဟာ စိတ် အပန်းကြီး ပုံ မရ ဘူး။ ခင်ဗျားဟာ ဘုရားသခင် ကို အောက်ပြန်ချလိုက်ပြီး ဘ၀ရဲ့ ဘယ် အစိတ်အပိုင်း တွေ မှာ အခုလို ချီ ပိုး ခဲံရ ပါ သလဲလို့ မေး လိုက် တယ်။ ကံဆိုးမိုးမှောင်ကျနေတဲံ အချိန်တိုင်း လို့ ဘုရားသခင် ပြန် မဖြေပါဘူး ။ မင်းဘာသာမင်း စဉ်းစားလို့ ပြော တယ်။ ဒါ နဲ့ ခင်ဗျား  ပြန် စဉ်းစား တယ်။ ဒါ ပေမယ့် ခင်ဗျား ဟာ ခင်ဗျား အတိတ် ကို ပြန် စဉ်းစားလို့မရ ဘူး ။ ခင်ဗျား ရဲ့ အတိတ်ကို ခင်ဗျား မသိ ဘူး ဖြစ်နေ တယ်။ တစ် ကယ် တော့ ခင်ဗျား ဟာ အတိတ် ကို  ဖျောက် ဖျက် ပစ် နိုင် တဲံလူတစ်ယောက် ဖြစ် ပြီး ခင်ဗျား အတိတ်ကို ခင်ဗျား ကိုယ် တိုင် ပဲ ဖျောက် ပစ် ခဲ့ တယ် ။ ခင်ဗျားစဉ်းစားနေချိန်မှာ ပဲ ပင် လယ် လှိုင်းတစ်ခုရောက်လာပြီး ခင်ဗျားခြေရာရော၊ ဘုရားသခင်ခြေရာရော ၊ ဘု ရားသခင် ဆို တာပါ ပျောက်ကွယ်သွား တယ်….။

 

(၃)

ခင်ဗျားဟာ တစ် ကိုယ် တည်း လမ်းလျှောက်နေရင်း နဲ့ အလွန် အန္ဒရာယ် များ တဲ့တောအုပ်ကြီး တစ်ခု ထဲ ရောက်သွားတယ် ။ တောအုပ်ကြီး က မှောင်မဲချမ်းစိမ့်နေပြီး တစ် ခါ တစ် ရံမှာ သားရဲ တိရိစ္ဆာန် တွေရဲ့ အော်သံကို ကြား ရ တယ်..။ တစ် ကယ် ကသားရဲ တိရိစ္ဆာန်တွေရဲ့ အော် သံ နဲ့ မတူ ပဲ  ကြောက်စရာ သရဲကားတွေထဲကအသံနဲ့ပိုတူတယ် ။ဒါပေမယ့်ခင်ဗျားဟာ ကြောက်စိတ်မရှိပဲ တော ထဲ က လမ်းအတိုင်း ဆက်လျှောက်လာခဲ့ တယ်။ တစ်ဖြည်း ဖြည်း လျှောက်လာရင်း ညနေစောင်းလာတဲ့ အခါ  ခင်ဗျားအနားယူဖို့ လို အပ် လာခဲံ တယ်။ တောတွင်းလမ်းကလေးရဲ့အဆုံးမှာ သစ်လုံးတွေ နဲ့ တစ်ခန်းတနား တည်ဆောက်ထားတဲံ သစ်လုံးအိမ်ကလေး ကို တွေ့ တယ်…။ သစ် လုံး အိမ်ကလေး ရဲ့ တံခါးဟာ တစ်ဝက်တစ်ပျက်ပွင့်နေပြီး အထဲမှာ လျှပ်စစ်မီး ခရမ်းရောင် ဖျော့ဖျော့လေး လင်းနေတယ်.။ အထဲမှာတော့တစ်ယောက်မှ ရှိနေပုံ မပေါ်ဘူး…။ ခင်ဗျားဟာ ခင်ဗျား စိတ် ကို ရှာ ဖို့ နဲ့ အနား ယူဖို့ အတွက် သစ်လုံး တံခါး ကို တွန်း ဖွင့်ဝင်လိုက် တယ်..။ အထဲ ရောက် တဲံ အခါ ခင်ဗျား ဟာ ခင်ဗျား ရဲ့ အိမ်ကို ပြန် ရောက်နေပြီး  မျက်လှည့် ဆရာ က ကော်ဖီသောက်ရင်း ခင်ဗျား ကို ပြုံးဖြဲ ဖြဲကြည့်နေ တယ်။ ပြီးတော့တွေ့ခဲ့လားလို့ မေး တယ်.။ ခင်ဗျားကမတွေ့ခဲံဘူးလို့ပြန်ဖြေတယ်။ အဲဒီ နောက်မျက်လှည့်ဆရာဟာ ကြည့်မှန်တစ်ချပ် လက်ဆောင်ပေး ခဲ့ပြီး အဲဒါစိတ်ကြည့်မှန် ဖြစ် တယ်လို့ ပြော တယ်။ နောက်မှ ပြန် လာဦး မယ် လို့ နှုတ် ဆက်ရင်း မျက်လှည့်ဆရာ ပြန် သွားတယ် ကြည့်ဖြစ် အောင် ကြည့် ဖို့လဲ ခင်ဗျား ကိုမှာသွားတယ်။ ခင်ဗျားဟာ မှန်ကို ဖုန်သုတ်လိုက်ပြီး မှန်ထဲမှာ ခင်ဗျား စိတ် ကိုရှာ တယ်…။ ခင်ဗျား စိတ် ကို မတွေ့ဘူး။ ခင်ဗျား အဖေရဲ့ စိတ် ၊အမေရဲ့ စိတ် ၊ ခင် ဗျားသိသူအားလုံး ရဲ့ စိတ်ကို မှန် ထဲမှာ တွေ့နေ ပေ မယ့် ခင်ဗျား စိတ် ကို တော့ ခင်ဗျားမတွေ့ ဘူး။ ကြည့်ရင်းကြည့်ရင်း ပျင်းလာလို့ စာပွဲပေါ်က စာအုပ် ကို လှန်ကြည့်တဲံအခါ.. ဘော့ဂဲ ရဲ့ သဲစာအုပ် ဖြစ် နေတယ်။ ခင်ဗျား အဲဒီ စာအုပ်ရဲ့အစကို ရှာ တယ် မတွေ့ ဘူး ။ အဆုံး ကို ရှာ တယ် မတွေ့ ဘူး ။ ပြီးတော့ စာ အုပ်ကို ကြုံရာ ကျပန်း လှန် တယ်။ ရောက်သွားတဲံ စာ မျက်နှာ ကို အမှတ် တစ်ခု ခြစ် ပြီး  အဲဒီ အမှတ် ကို ပြန် ရှာ တယ် ။ ခင်ဗျား မှတ် ထားတဲ့ နေရာကို ခင်ဗျားပြန်မတွေ့ ဘူး။ စာရွက်တွေ လှန် တိုင်း မှာ အပေါ်စာမျက် နှာတွေ အောက် ရောက်သွားပြီး အောက်ကစာ မျက်နှာ တွေ အပေါ် တက် လာသလို ပဲ ဖြစ်နေ တယ်…။ သဲစာအုပ် ဟာ အဆုံး အစ မရှိ ဘူး။ ကြာ တော့ခင်ဗျား လက် ညောင်း သွားပြီး စိတ်ကြည့်မှန် ကို ပြန် ကြည့် တယ်။ ခင်ဗျားရဲ့ စိတ် ကို မတွေ့ဘူး ။ ပြီးနောက် စာ အုပ် ထဲမှာ ခင်ဗျား ခြစ် ထားတဲံအမှတ်ကို ပြန် ရှာ တယ်…။ အစ ကို ရှာ တယ် ။ အဆုံး ကို ရှာ တယ်၊ မှန်ထဲမှာ ခင်ဗျား စိတ် ကို ရှာ တယ်။ နောက် တော့ ခင်ဗျား အိပ်ငိုက်လာပြီး   အိပ်ပျော်သွား တယ်…။ အိပ်ပျော် သွားတော့ အိပ် မက် မမက် ပါ ဘူး ။ ပြန်နိုး လာတယ်။ ပြန် နိုးလာတော့ အိပ်မက်ကို ကြည့်မှန်ထဲမှာတွေ့တယ်။ ဘော့ဂဲ ရဲ့ သဲစာအုပ်မှာတွေ့တယ်။သစ်လုံးအိပ်မှာတွေတယ်။ တော ထဲမှာတွေ့တယ် ဘုရားသခင်ဆီမှာတွေ့တယ်။ ပင်လယ် ကမ်းခြေမှာတွေ့ တယ်။လူ အုပ် ကြီး ဆီမှာ တွေ့ တယ်။ ခဏနေ တော့အိမ်တံခါးခေါက် သံကြားပြီး  ခင်ဗျားဆီကို လူတစ်ယောက်ရောက်လာတယ်။

(၄)
 အဲဒီလူဟာမျက်လှည့်ဆရာဖြစ်ပြီးတော့ ကမ္ဘာမှာ ဘယ် တုန်း ကမှ မရှိ ခဲ့ဘူး တဲံ ပြကွက် ဆန်း တစ်ခု ကို အခု ခင်ဗျား ကို ပြသမှာဖြစ် တဲံ အကြောင်း ပြော တယ်။

အောင်ထက်ဦး 

In: Others Posted By: Date: Oct 15, 2012
Comment #1

စာသားတွေများပေမယ့် လုံးဝမငြီးငွေ့သွားအောင် ဆွဲခေါ်သွားနိုင်ခဲ့တယ်

commentinfo By: အသဲကွဲမိုး at Oct 16, 2012
Comment #2

vacuum

commentinfo By: o chiron at Oct 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment