Professional Authors

ချစ်သူသို့ ……..(၂)

နက်မှောင်မှောင်အခန်းကျဉ်းကျဉ်းရဲ့ထောင့်တနေရာမှာ…
နေ့တဓူဝခွေခေါက်မှုနဲ့အတူ အသံတသံကိုအမြဲနားစွင့်နေခဲ့တယ်…
ဟိုတစဒီတစ စာရွက်တပိုင်းတစ အစုတ်အပြဲတချို့ အလုံးအကြေတချို့
အေးစက်စက်ကော်ဖီတခွက် အပိုင်းပိုင်းအကြေအကြေနှလုံးသားအမွစာတစုံနဲ့
အရာအားလုံးပျောက်ဆုံး အရူးတယောက်အဖြစ်နဲ့လေကွယ်…

အလွမ်းရနံ့တွေဖြန်းထားတဲ့ဒီအခန်းမှာ နေမရှိလမရှိ ဘာမှမသိတဲ့စိတ်တခုနဲ့
အသက်ရှုသံအပြင်းစားများနဲ့ နိုးထခြင်းတွေအသက်မဲ့စေခဲ့တယ်..။
အဲဒီလိုအချစ်စစ်တွေနဲ့ဖျားနာနေတဲ့နာတာရှည်တယောက်ဟာ ဗီးနပ်စ်ကို
တိုင်တည်ရင်း..တစုံတယောက်ကို မပျက်မကွက်စောင့်နေခဲ့တယ်…။

နီးကပ်လာတဲ့ခြေသံတွေကြားတိုင်း ရင်ခုန်ခြင်းတွေ ဒယိမ်းဒယိုင်နဲ့ ဝေးကွာသွား
တဲ့ခြေလှမ်းတွေအကြား နှလုံးသားကိုခင်းကျင်းပေးလိုက်ရပြန်တယ်….
စိတ်မပူပါနဲ့ကွယ်..အထီးကျန်ခြင်းတွေကိုယ့်ကိုအဖော်ပြုပေးတယ်….
မင်းမလာခင်လေးပါပဲကွယ်…

မင်းမရှိရင်မဖြစ်တဲ့စိတ်တခုနဲ့ နေ့ရက်တိုင်းကိုအလွမ်းနာကျတယ်…
မင်းစိတ်နဲ့ရှင်သန်ရတဲ့ကိုယ့်ရဲ့စိတ်အတွက် မညည်းငြူတမ်းလွမ်းဆွတ်မှု
တွေပျိုးထားတယ်…။

အရိပ်တွေ…အရိပ်တွေ..နေရာတကာမျောလွင့်နေခဲ့ပေါ့…
ကိုယ့်ကိုပွေ့ဖက်ဆုပ်ကိုင်ခွင့်တကြိမ်လောက်ပေးပါ….
တိုးလျလျညင်းသွဲ့သွဲ့ခေါ်သံတခုကိုနောက်ထပ်
ထက်ကြားဖို့အဆက်မပြတ်တိတ်ဆိတ်နေပြခဲ့တယ်…။

ယုံကြည်နေတယ်..မင်းပြန်လာလိမ့်မယ်….။

တုန်တုန်လှုပ်လှုပ်နဲ့ရေရွတ်နေတာမဟုတ်ဘူး…..။

သေချာခြင်းတွေနဲ့ဘယ်ဘက်ရင်အုံကို….သက်သေတည်ရင်းစောင့်နေတယ်…။။။

အမရာ

In: Others Posted By: Date: May 28, 2010
Comment #1

ကောင်းလို့ကူးသွားတယ်နော် ကျေးဇူးတင်ပါတယ် သယ်ရင်း

commentinfo By: အမရာ ယုံကြည်ချက်လေး at Jul 12, 2010
Comment #2

phat shu arr pay like par d

commentinfo By: ei lay at Mar 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment