Professional Authors

flurf ကိုမသိတဲ့ငပေါကလေးများရဲ့  မန့်ချက်များ

မူရင်း ကဗျာကို အက်ဒ်မင်တွေဖျက်လိုက်တဲ့အတွက် မရှိတော့ပါ။

သူရလင်း leaves comment for you. Comment: ကိုယ့် လူရေမောင်ချောနွယ် ဟာ..သူ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ညကြီးရဲ့ကောင်မလေး ကဗျာ..ဟာတော်တော်ရင့်ပါတယ်..ဒါပေမယ့်ခံစားလို့ ရပါတယ်ဗျာ…တပ်မက်မှုတွေကို ဖော်ပြထားတယ်..။ ခင်ဗျားလို ကဗျာမျိုးကို တော့ မောင်ချောနွယ်မရေးခဲ့ဘူး ..။ဖော်ဝေးမရေးခဲ့ ဘူး..။မိုးဝေလည်းမရေးခဲ့ပါဘူးဗျာ..။ ခင်ဗျား ဖော်ပြချင်တဲ့အကြောင်းအရာကို ဒီထက်ယဉ်ကျေးအောင်ဖော်ပြလို့ ရပါတယ်…။ဒီခေတ်ရဲ့ ဖြစ်ပျက်နေတာကို ..ဘုန်းနေသွန်းရေးထားတဲ့ကဗျာ တစ်ပုဒ် ရှိတယ်..ဖတ်ကြည့် ဦး..။ခင်ဗျားကို ခင်ဗျား ကဗျာ တစ်ပုဒ်ဖတ်ဖူးတာနဲ့  ဆရာကြီးမှတ်မနေနဲ့ ဦးဗျ..။ဖတ်ဦး.. လိုသေးတယ်..တော်တော်ကို လို သေးတယ်..။ခင်ဗျား ကို အပြုသဘောနဲ့ ဝေဖန်တာပါ..။ဒါမှမကျေနပ်ရင်တော့ ခင်ဗျား ရဲ့ ကဗျာလို လို စာထဲကနေ လီးပဲလို့ ဆဲရုံပဲကျန်တော့တယ်……။ ။ You can see all comments here: https://www.poemscorner.com/post-type/myanmar-poems/21347#comments Reply | Reply to all | Forward | Print | Delete | Show original Add star PoemsCorner Sat, Mar 31, 2012 at 11:35 AM Reply-To: PoemsCorner To: [email protected] Reply | Reply to all | Forward | Print | Delete | Show original

 ဇင်ဇင် leaves comment for you. Comment: ဒီလိုေ၇းတာတော့ မိုက်၇ိုင်းတာပေါ့ စားသားလှလှလေးတွေနဲ့ဖော်ပြလို့၇ပါတယ် တခြားဆိုဒ်တွေက ဒီpoemscornerမှာအဲ့လိုတွေေ၇းတာမြင်၇င် တော်တော်အောက်တန်းကျတယ်လို့သတ်မှတ်မှာပေါ့ဗျာ မိုးသစ်လေပြေတစ်ယောက်အတွက်နဲ့ ကျွန်တော်အမြဲတမ်းဖတ်နေကျဒီနေ၇ာလေးကကဗျာတွေကိုမညစ်ညမ်းစေချင်ဘူးဗျာ

ဟစ်ဟစ် flurf ရဲ့ သဘောတရားကို နားမလည်တဲ့ ငပိန်းကလေးများ၏ မန့်ချက်များ =D

flurf ကဗျာဆိုတာ ဘာလဲကောသိပါသလား ကိုယ့်လူတို့။ကိုယ်နဲ့ အသိဥာဏ်အဆင့်အတန်း အောက်ကျနေလို့ ဖြေရှင်းသင့်တဲ့ဟာမဟုတ်ပေမယ့် ရေးလိုက်ပါတယ်။
 အပေါ်က သူရလင်းက ကျွန်တော့်ကိုပြောတော့ ကျွန်တော်ပြောရတော့မယ် ကဗျာတစ်ပုဒ်တည်း ဖတ်တဲ့ကောင်မဟုတ်ပါဘူး ကဗျာ အသိုင်းအ၀ိုင်းနဲ့နေတဲ့ကောင်ပါ။ ခင်ဗျားသိတဲ့ မောင်ချောနွယ် ကိုမိုးဝေး တို့ရဲ့  ခုနှစ် သက္ကရာဇ်တွေကို လှန်ကြည့်ဦး။ အခု နောက်ပိုင်းမှ flurf ပေါ်တာ ၁၀နှစ်မပြည့်သေးဘူး။ ကိုယ်သည်မှာ တင်ထားတဲ့ ကဗျာလေးတွေသွားဖတ်မနေနဲ့ဦး အဲဒါလွန်ခဲ့တဲ့ ကလေးဘ၀လောက်ကတည်းကဟာတွေ အခု ကိုယ်နဲ့ အရင်တုန်းက ကိုယ် တော်တော်လေးကွာနေပြီ။

 ဇင်ဇင် leaves comment for you. Comment: ဒီလိုေ၇းတာတော့ မိုက်၇ိုင်းတာပေါ့ စားသားလှလှလေးတွေနဲ့ဖော်ပြလို့၇ပါတယ် တခြားဆိုဒ်တွေက ဒီpoemscornerမှာအဲ့လိုတွေေ၇းတာမြင်၇င် တော်တော်အောက်တန်းကျတယ်လို့သတ်မှတ်မှာပေါ့ဗျာ >>> ဟုတ်ကဲ့ပါ ကျွန်တော်ကလည်း ပြောချင်ပါတယ်။ ကဗျာရွာဟာ ကျွန်တော် စစချင်း ကဗျာရေးတုန်းကလောက်တောင် အဆင့်မရှိတော့ပါဘူး။ ဘယ်လောက်ထိတောင် ချွတ်ခြုံကျနေပြီလဲဆိုတာ ကဗျာလောကကို မျက်ခြေမပြတ် လေ့လာတဲ့သူဆိုရင် နားလည်မှာပါဗျာ

flurf ဆိုတဲ့ သဘောတရားလေးကို သိအောင် အားမထုတ်ဘဲနဲ့ ပြောတာကတော့ ခင်ဗျားတို့ရဲ့  အားထုတ်မှု နုံနဲ့ခြင်း ပဲလေ 🙂

In: Others Posted By: Date: Apr 2, 2012
Comment #1

Dear Moe Thit Lay Pyay,

We didn’t delete any posts lately. What post are you referring to?

Anyone, if you can’t view the post that you have posted, it might be due to the cache since “PoemsCorner” used very high caching system to reduce the load of the website. Only, logged in user will see all the posts and some posts will be not visible to “unlogged in users” since it’s not caching inside the system yet.

Thank you for your understanding.

commentinfo By: admin at Apr 2, 2012
Comment #2

flurf ကိုမသိတဲ့ငပေါကလေးများ

ဟဟ ကောင်းကရော 😀

ဂျောက် ဂျက် သီချင်း စာသားကို ကူးပီးပြောလိုက်ချင်တယ်

“ကဗျာမှာ ချစ်တဲ့အကြောင်းတွေပဲ ရေးရမယ် ဘယ်သူပြောလဲ
ကဗျာမှာ သန့်စင်မှုတွေပဲ ပါရမယ် ဘယ်သူပြောလဲ
ကဗျာဆိုတာ နူးညံနေရမယ် ဆိုပီး ဘယ်သူပြောလဲ
ကဗျာရေးရင် မောင်ချောနွယ်ပဲ ဖတ်ရမယ် ဘယ်သူပြောလဲ”
သိလည်းမသိ လေ့လည်းမလေ့လာ ပီးတော့ အသစ်ထွင်ရင် ပြောချင်တာတွေက ရပ်ဖို့လိုနေပြီ။

မောင်မြတ်သူ

commentinfo By: မောင်မြတ်သူ at Apr 2, 2012
Comment #3

မှားလို့ဗျာ တစ်ခုပြောဖို့ကျန်ခဲ့တယ်
စောစော က မန့်မှာ ကျနော်ပြောတာ မှားသွားလို့ပါ
“အသစ်ထွင်ရင် ပြောချင်တာတွေက ရပ်ဖို့လိုနေပြီ။”
အဲ့ဒါ ပြန်ပြင်ချင်လို့ပါ
flurf ကအသစ်မဟုတ်တော့ပါဘူး ကြာနေပြီ။
ကိုယ်နဲ့မတူရင် ကိုယ့်အကြို့်မဟုတ်ရင် လျှောက်ပီး လက်လွတ်စပါယ်ပြောတာတွေ ရပ်သင့်ပြီလို့သာ ဆိုလိုချင်ပါကြောင်း ။

မောင်မြတ်သူ

commentinfo By: မောင်မြတ်သူ at Apr 2, 2012
Comment #4

ကိုမိုးသစ်လေပြည်ခင်ဗျား ..

ကဗျာရွာဟာ ကဗျာရေးတဲ့သူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အခုလို ကဗျာရွာကိုချွတ်ခြုံကျနေပြီ ၊ ကဗျာရွာဟာ အဆင့်မရှိတော့ဘူးလို့ ပြောတာဟာ ကဗျာရွာမှာ ဝင်ရောက်ရေးသားနေသူအားလုံးကို ဝါးလုံးရှည်ရှည်နဲ့ ရမ်းလိုက်တာပါပဲ။ ခေတ်ဆိုတာက အများပုဂ္ဂလက သတ်မှတ်ချက်လို့ ယူဆနိုင်ပေမဲ့ ခေတ်ကို ခံယူခြင်းကတော့ တစ်သီးပုဂ္ဂလနဲ့ပဲ သက်ဆိုင်ပါတယ်။

PoemsCorner က ဘာမှမချယ်မှုန်းထားတဲ့ အိမ်လွတ်တစ်လုံးပါပဲ၊ လူဆင်းရဲရှိမယ်၊ လူချမ်းသာရှိမယ်၊ ပညာတတ်ရှိမယ်၊ ပညာမဲ့ရှိမယ်၊ အသည်းကွဲနေတဲ့သူရှိမယ်၊ ချစ်ကျွမ်းဝင်နေတဲ့သူရှိမယ်၊ ခေတ်ကိုလိုက်နေတဲ့သူတွေရှိမယ်၊ ခေတ်နောက်နေခဲ့တဲ့သူတွေရှိမယ်၊ ကဗျာကိုချစ်တဲ့သူရှိမယ်၊ ဒါပေမယ့်ကဗျာကိုမုန်းတဲ့သူတော့မရှိဘူး။ ဘယ်သူတွေပဲရှိရှိ မရှိရှိ PoemsCorner က ဗိုလ်နေမြဲ၊ ကျားနေမြဲပါပဲ။ PoemsCorner ဟာ စမှတ်နဲ့ဆုံမှတ် တစ်နေရာထဲ ထပ်တူကျတာကြောင့် ဘာပေတံနဲ့တိုင်းတိုင်း တစ်နေရာထဲမှာပဲ တည်ရှိနေမှာပါ။

ကိုမိုးသစ်လေပြည်ကိုနားလည်စေချင်တာက တစ်ပါးသူတစ်ယောက်က ကိုယ့်ကိုသူတို့ရဲ့ ပေတံတစ်ခုနဲ့ လာတိုင်းလိုက်တာနဲ့ .. ကိုယ်က ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတစ်ခုကို ကိုယ့်ရဲ့ ပေတံနဲ့ ပြန်တိုင်းပြတယ်ဆိုတာ ကိုယ်က သူတို့လိုလူမျိုးနဲ့ မထူးမခြားနားပါပဲဆိုတာ ဖေါ်ပြလိုက်သလိုဖြစ်သွားတာပါပဲ။ PoemsCorner ကို ကိုယ့်ရဲ့အိမ်လို့ တစ်ကယ်သတ်မှတ်တယ်ဆိုရင် မိုးတွေယိုနေလို့ လက်ညှိုးထိုးငြီးတွားအပြစ်တင်နေမယ့်အစား ရှိသမျှအင်အားလေးနဲ့ သက်ကယ်လေးတစ်ခုဖြစ်ဖြစ် မိုးပေးလိုက်ဖို့ တောင်းဆိုချင်ပါတယ်။

commentinfo By: admin at Apr 2, 2012
Comment #5

အော်.

commentinfo By: kathitni1980 at Apr 2, 2012
Comment #6

right!

commentinfo By: ngetnge at Apr 2, 2012
Comment #7

Poemscorner ဟာ အဆင့်နိမ့်တယ် ချွတ်ခြုံကျနေတယ်ဆိုတဲ့ မိုးသစ်လေပြည် ရဲ့ မခံချင်စိတ်နဲ့ပြောတဲ့စကား
ကတော့ မှားပါတယ် ။ သို့ပေမယ့် အပေါ်ကရေးထားတဲ့ဝေဖန်ချက်နှစ်ခုစလုံးဟာ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ ထွက်ကျ
လာတဲ့စကားတွေမဟုတ်ပါဘူး ။ ရိုင်းရိုင်းပြောရရင်တော့ အဆင့်အတန်းမရှိတဲ့ ဝေဖန်မှုတစ်ခုသာဖြစ်ပါလိမ့် မယ်။
မရှိတော့တဲ့ မောင်ချောနွယ် ကိုကိုင်တိုင်းနေတာကိုက အစဉ်အလာထဲက ရုန်းမထွက်နိုင်သေးဘူးလို့မြင်ပါတယ် ။
မိုးဝေး ကို ထည့်ပြောလာပြီ မိုးဝေးခုရေးနေတဲ့ကဗျာတွေ ကို လက်လှမ်းမှီဖတ်ကြည့်ရဲ့လားလို့ ပြန်မေးချင်ပါတယ် ။
ခုခေတ်ကဗျာဆရာတွေဟာ မောင်ချောနွယ်သက်ရောက်မှုနဲ့ လွတ်ကင်းအောင်ကြိုးစားရေးသားနေကြတာကို
မသိတာလား မသိချင်ယောင်များဆောင်နေတာလား ။ နောက်ပြီးတစ်ခြားလူတွေက ဒီလိုရေးတာကို အောက်တန်း
ကျတယ်လို့မြင်နိုင်ပါတယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီးပြောပါရစေ ။ အဲ့ဒီအပြုသဘော မဆောင်တဲ့ ကဗျာမဆန်တဲ့
အပေါစားဝေဖန်မှုတွေ ဟာ ပိုပြီးအောက်တန်းကျပါတယ် ။ သူရလင်း နဲ့ ဇင်ဇင် ကိုယ့်ကိုယ်ကို ပြန်မေးပါ ။ ကိုယ်နေ
နေတာ ဘယ်ခေတ်လဲ အဲ့ဒီ ခေတ်ထဲမှာ ကိုယ့်ရဲ့ အယူအဆအတွေးအခေါ်ဟာ ဘယ်ခေတ်ထဲရောက်နေသလဲ။
အဲ့ဒီလိုပြောတာဟာ မောင်ချောနွယ်ဖတ်ပြီး ကဗျာရေးတဲ့လူတွေကို စော်ကားနေတာမဟုတ်ဘူး ။ ကိုယ့်ယုံကြည်ရာ
နဲ့ကိုယ်ပါ ။ အားလုံးလိုအပ်ပါတယ် ။ အားလုံးဟာတစ်မျိုးတည်းရေးနေရင် ကြာရင် ကဗျာဆိုတာ ဘယ်သူကဖတ်
တော့မှာလဲ ။ ဂန္တဝင်ကဗျာတွေရေးနေကြတဲ့လူတွေရှိသေးတယ် ။ လေးလုံးစပ်တွေ ။ပြီးတော့ မော်ဒန် ၊ပိုစ့်မော်ဒန်။
Language Poetry ။ Conceptual Poetry , Digital , Flarf , Neo-modern နဲ့အခြားသော ကဗျာအမျိုးအစား
တွေရှိပါတယ် ။ ဒါက ကျွန်တော်လက်လှမ်းမှီသလောက်ပဲပြောတာပါ နောက်ထပ်လဲရှိပါသေးတယ်။ ဒီဆိုက်ဒ် မှာ ကဗျာ
အမျိုးစုံရှိသင့်ပါတယ် ။ ပြောချင်တာက ကိုယ်နဲ့ အယူအဆချင်းမတူတာနဲ့ သိမ်းကြုံးတိုက်ခိုက်မပစ်ဖို့ပါဘဲ ။
အဲ့ဒီလုပ်ရပ်ကိုရှုတ်ချပါတယ် ။ ကိုယ့်ရဲ့အသိပညာနုံနဲမှုကို လူသိရှင်ကြားဖော်ထုတ်ရဲတဲ့ခင်ဗျား တို့ကိုတော့
လေးစားတယ်ဗျာ ။ တစ်ခုတော့ပြောချင်ပါတယ်ကိုယ့်မျက်ချေးကိုယ် မြင်ကြပါ။ ကဗျာကို ကဗျာမျက်စိနဲ့ကြည့်ပါ။
ဝေဖန်ချင်ရင် ကိုယ့်ဖာသာကိုယ် အရင်လေ့လာပါဦး .။ မလေ့လာချင်လဲကိစ္စမရှိပါဘူး ။ကျွန်တော့် အတွက် ဘာမှမနစ်နာပါဘူး ။ ခုလိုပြောတာ မကျေနပ်ဘူး ဆိုရင်လည်း ဂရုမစိုက်ပါဘူး ။ ကျွန်တော် ဟိဏ်းဝေပါ ။

commentinfo By: Heinn Way at Apr 2, 2012
Comment #8

အော်.ဖြစ်ရလေ.
ကဗျာဟာကဗျာပေါ့ ကွယ်။
ရုန်ရင်းးကြမ်းတမ်းမှု့ နဲ့ နုညံ့ သိမ်မွေ့ ခြင်းဆိုတာဟာ
သဘာဝတရားကြီးရဲ့ ဟိုဘက်မှာရှိနေတယ်။ခံစားမှု့ နဲ့ ဖတ်လို့ ရရငိဖတ်ပြီး
ဖတ်လို့ မရရင်ကျော်သွားပေါ့ ။။။။
ဒါဟာကဗျာဖတ်သူရဲ့ အလုပ်။
ခေတ်ကိုသွေးတိုးစမ်းတယ်ဆိုပေမဲ့ လဲဘာသာတ၇ားရဲ့ 
အယူအဆနဲ့ ဆိုဆုံးမမှု့ တွေလျစ်လျူရှု့ ထားလို့ မရဘူး။ဒါကကို့ ဘက်ကအမြင်ပါ။
flurfကဗျာရဲ့ သက်တမ်းနဲ့ လက်ကိုင်ကျင့် သုံးသင့် မသင့် ဆိုတဲ့ အချက်ကိုတော့ စဉ်းစားရမယ်။
သူ့ ကိုဘယါလိုအနုပညာစံနဲ့ နှိုင်းမလဲ။။။။။။။။
ကဗျာဟာအနုပညာပစ္စည်းဆိုရင်ကဗျာခံစားသူဟာ
အနုပညာတို့ အနည်ထိုင်ရာဘူမိနတ်သန်ပေါ့ ။
ခံစားလို့ မရလို့ ပြောတာမဟုတ်ဘူး။ခံစားဖို့ ကိုမဖြစ်သင့် တဲ့ ဝါဒမို့ ပါ
ဒီကဗျာအမျိုးအစားကိုတီထွင်ဆန်းသစ်တဲ့ သူဟာခေတ်ကို
လက်ကိုင်တုတ်တစ်ခုလိုအသုံးချသွားတာပဲဖြစ်လိမ့် မယ်။
သူ့ ရဲ စာပေရပ်တည်မှု့ ကိုထည့် စဉ်းစားသင့် တယ်။
သူဟာဘယ်လိုလူစားမျိုးဖြစ်နိုင်မလဲဆိုတာမှန်းကြည့် လို့ ရပါတယ်။
ခေတ်စမ်းတာမဟုတ်ဘူး
ခေတ်စမ်းကဗျာမဟုတ်ဘူး
ခေတ်ကိုဂရုမစိုက်တဲ့ ကဗျာလို့ ပဲယူဆတယ်။

မင်းလူန

commentinfo By: kathitni1980 at Apr 3, 2012
Comment #9

င်္Flarf ကဗျာတွေမှာ လွတ်လပ်တဲ့သဘောတရားတွေပါတယ်
Flarf ကဗျာတွေဆိုတာ အတတ်ပညာဆန်တဲ့အနုပညာဆိုရင်မှန်တယ်
ခေတ်ကိုဂရုမစိုက်တဲ့ကဗျာဆိုတာ flarf ကဗျာမဟုတ်ဖူး
တစ်ခုရှိတယ်
ကဗျာရေးသူတွေက စာဖတ်စရာမလိုဘူးဆိုတဲ့ သောက်ပေါဝါဒတွေရှိနေလို့
အခုအချိန်ထိ စာမဖတ်သူတွေက ရေးချင်ရာရေးနေတာ
ဒီမှာဗျာ ရည်းစားစာလိုလို စာညွန့်လိုလိုတွေကိုသာ ကဗျာပြောတဲ့ခေတ်က ကုန်နေပြီ
poetry ဆိုတာ ဘာလဲဆိုတာလေ့လာပြီးရင်တော့ ခင်ဗျားတို့ပြောချင်တဲ့ခေတ်စမ်းလားဘာလားညာလား ပြောချင်တာပြောကြတော့
ဘာမှမသိပဲပြောချင်ရာပြောကြတာကတော့ တကယ်တမ်းမှာ တော်တော်ရှက်ဖို့ကောင်းတယ်

commentinfo By: မောင်မြတ်သူ at Apr 4, 2012
Comment #10

မိုးသစ်လေပြေ ခင်ဗျား အဲဒီကဗျာကို ဖျက်လိုက်တာ ကျွန်တော် ချီရွန် ( ပုလဲ ) ပါ။ flarf ကဗျာရဲ့ သီအိုရီတွေ သူ့ရဲ့ features တွေ အကုန်ပေါ့ ကျွန်တော် တခုမှ မသိပါဘူး။ ကျွန်တော် ဘာကြောင့်ဖျက်လိုက်သလဲဆိုတာပဲ ကျွန်တော် ပြောပါ့မယ်။ ကျွန်တော်က ဥာဏ်မမှီဘူး ဒါမှမဟုတ် ခေတ်မမှီဘူး ဒီကဗျာကို နားလည်နိုင်တဲ့ အဆင့်မရှိဘူးလို့ သတ်မှတ်မယ်ဆိုလည်း ခင်ဗျားသဘောပါပဲ။ နောက်တခု ကျွန်တော် ပြောမယ် အခု ဒီမှာ ကွန်မန့် ပေးထားသူ အားလုံးကရော အဲဒီကဗျာကို ဖတ်လိုက်ရရဲ့လား။ ကြွက်ကြီး ( မောင်မြတ်သူ ) ကရော အဲဒီကဗျာကို သေချာဖတ်လိုက်ရရဲ့လား။ ကဗျာကို မဖတ်လိုက်ရဘဲနဲ့ ဒီဝေဖန်ချက်တွေကို ကြည့်ပြီး သီအိုရီပိုင်းတွေ တခြားအချက်အလက်တွေနဲ့ ယှဉ်ပြီး တခြားလူကို ပြောနေတာ မမှန်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် ဘာကြောင့် ဖျက်လိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပေးပါ့မယ်။ ကျွန်တော် အဲဒီကဗျာကို ဖတ်ပါတယ် သေချာမမှတ်မိတော့တာ ကျွန်တော့် အားနည်းချက်နဲ့ မှတ်ဥာဏ်ကြောင့်ပါ ဒါပေမဲ့ သေချာတာကတော့ အဲဒီကဗျာမှာ _ီး ဆိုတဲ့ စကားလုံး တော်တော်ပါတယ်။ ပြီးတော့ တခြား အသုံးအနှုန်းကြမ်းတာတွေ တော်တော်ပါပါတယ်။ အဲဒီလို ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ဒီလို Public မှာ မသင့်တော်ဘူးလို့ ကျွန်တော်ယူဆတဲ့အတွက် ဖျက်လိုက်ပါတယ်။ ဒီဆိုဒ်ထဲမှာ မိန်းကလေးတွေလည်း အများကြီးပါ … မသင့်တော်ဘူး ဒီလို ပွင့်လင်းသော အရေးအသားဟာ ခပ်ရှင်းရှင်းပြောရရင် အပြာစာအုပ်ထဲမှာပဲ မြင်ရတဲ့ စကားလုံး အသုံးအနှုန်းတွေ ဖြစ်နေတဲ့ပုံစံကြောင့် ကျွန်တော် ဖျက်လိုက်ပါတယ်။ ဒီရွာရဲ့ အက်ဒမင်က ဖျက်တာ မဟုတ်ပါဘူး။ Mod က ဖျက်တာပါ။ ခင်ဗျားရေးတဲ့ ကဗျာပုံစံဟာ ဘယ်လိုစံနှုန်းနဲ့ ဘယ်လိုကောင်းမွန်သော ရည်ရွယ်ချက်များရှိတဲ့ ကဗျာအမျိုးအစားဖြစ်ပါစေ စကားလုံး သုံးနှုန်းထားတာတွေ ရင့်သီးတဲ့အတွက် ကျွန်တော် ဖျက်ပါတယ်။ မကျေနပ်တာ ရှိရင်လည်း ကျွန်တော့်ကို တိုက်ရိုက်လာပြောနိုင်ပါတယ်။ [email protected] အဲဒါ ကျွန်တော့် မေးလ်လိပ်စာပါ။ ကျွန်တော်လည်း ကဗျာရေးတဲ့သူ တစ်ယောက်ပါပဲ။ ကဗျာအားလုံးကို ခံစားပါတယ် ကိုယ် ဥာဏ်မှီသည်ဖြစ်စေ ဥာဏ်မမှီသည်ဖြစ်စေ ဖတ်ရှုခံစားပါတယ် ဝေဖန်ပုတ်ခတ် စော်ကားတာမျိုး ကျွန်တော် မလုပ်တတ်ဘူး။ ပြီးတော့ ကိုယ်နားမလည်တဲ့ အရာတစ်ခုအပေါ်မှာလည်း ဝေဖန်ရလောက်အောင် ကျွန်တော် မမိုက်မဲတတ်ဘူး။ အခု ကိုမိုးသစ်လေပြေ ရေးတဲ့ကဗျာကိုတော့ ကျွန်တော်က ဝေဖန်တာ မရှိပါဘူး အသုံးအနှုန်း မသင့်တော်လို့ ဖျက်လိုက်တာပါပဲ။ ကျေးဇူးတင်ပါတယ်။

commentinfo By: ChIr0N at Apr 4, 2012
Comment #11

သက်ဆိုင်ရာဆိုဒ်ရဲ့မူဝါဒနဲ့ မကိုက်ညီတဲ့အခါ ကဗျာကိုဖျက်ပိုင်ခွင့်ရှိပါတယ် ။ ဒါလည်းသူ့လွတ်လပ်ခွင့်နဲ့သူပါ ။
တာဝန်ရှိသူက သတိပေးပါလိမ့်မယ် ။ သို့သော်လည်း ပေါ့ ကဗျာရေးသူကို ဘယ်လိုရေးပါ ဘယ်လိုရေးပါ ။ ဘယ်
လိုကဗျာမျိုးကမှကောင်းတာ ။ ဘယ်သူတွေကဘယ်လိုရေးတာ စတဲ့ ကဗျာအပေါ်တိုင်းတာနေမှုများကို တော့
ကဲ့ရဲ့ချင်ပါတယ် ။ သိပ်အများကြီးမပြောတော့ပါဘူး ။အမြင်မသင့်တော်လို့ဖျက်ပစ်လိုက်တာကို မကန့်ကွက်ပါဘူး။
တစ်ခုမမေ့ဖို့က ကဗျာမှာအရေးကြီးဆုံးတစ်ချက်ရှိပါတယ် ကဗျာရိုင်းတိုင်း လူက ရိုင်းလို့မဟုတ်ပါဘူး ဆိုတာ
ကိုပဲ ။ ကိုချီရွန် ကို ကျွန်တော်သိပါတယ် ။ ကျွန်တော်တို့ ဧရာဝတီ ကဗျာတုန်းကအတူတူရေးခဲ့ကြတာပဲ ။
ကဗျာသမားချင်း အငြင်းပွားနေဖို့မလိုပါဘူး ။ကဗျာတတ်ယောင်ကားတွေကိုတော့မထင်ရင်မသလို အထိနာအောင်
တုံပြန်ဖို့ အမြဲပြင်ဆင်ထားတယ် ။ ကျွန်တော် ဟိဏ်းဝေပါ ။

commentinfo By: ဟိဏ်းဝေ at Apr 4, 2012
Comment #12

ကိုဟိဏ်းဝေနဲ့သဘောတူတူပါပဲ ရှင်းပြချက်ပေးတဲ့အတွက် ကျေးဇူးပါ ကိုချီရွန်

commentinfo By: မိုးသစ်လေပြည် at Apr 4, 2012
Comment #13

Art has unlimited boundaries ပါ။ သည် အယူအဆကို နားမလည်ဘဲ ခံစားဖို့မဖြစ်ထိုက်တဲ့ဝါဒ လို့ နာမည်တပ်တာတော့ လွတ်လပ်စွာကွဲပြားခွင့်ကို ပိတ်ပင်လိုက်တဲ့ သဘောပဲ။flarfကို ခေတ်ရဲ့  လက်ကိုင်တုတ်အဖြစ် အသုံးချသွားတာပါ။ ဟုတ်တယ်။ခေတ်ရဲ့ လက်ကိုင်တုတ်အနေနဲ့ သာမန်လူတွေရဲ့  ယဉ်ကျေးမှုဘောင်ကို ရိုက်ချိုးပစ်တာပဲ။ နောက်တစ်ချက်မှာ flarf ရဲ့  မထီမဲ့မြင်ပြုမှုတွေ ဒါဒါဝါဒကို လက်ခံထားမှုတွေကို နားမလည်ဘဲနဲ့ တံဆိပ်ကပ်လိုက်တာကတော့ ကိုယ့်ရဲ့  အနုပညာဝမ်းစာအားနည်းမှုပဲ။ ကျေးဇူးတင်ပါတယ်။

commentinfo By: မိုးသစ်လေပြည် at Apr 4, 2012
Comment #14

သီအိုရီပိုင်းတွေ တခြားအချက်အလက်တွေနဲ့ ယှဉ်ပြီး တခြားလူကို ပြောနေတာ မမှန်ဘူးလို့ ထင်ပါတယ်။
ကိုချီရယ် ကျနော်ကသီအိုရီပိုင်းကိုသောက်တစ်လွဲပြောတဲ့လူတွေကို
သောက်တစ်လွဲပြန်ပြောနေတာပါဗျာ
(ကဗျာတတ်ယောင်ကားတွေကိုတော့မထင်ရင်မသလို အထိနာအောင်
တုံပြန်ဖို့ အမြဲပြင်ဆင်ထားတယ် ။)ဆိုတဲ့ ကိုဟိဏ်းဝေရဲ့အယူအဆလိုပါပဲ တစ်ခြားသဘောမပါပါ
မောင်ကြွက် 😛

commentinfo By: မောင်မြတ်သူ at Apr 5, 2012
Comment #15

Flurf ကဗျာဆိုတာ သတင်းစာသားခေါင်းစဉ်တွေ
လက်တကမ်းမှာတွေ့တဲ့ စာသားအစိတ်အပိုင်းတွေတွေကို(မူလအတိုင်း)
ကဗျာထဲထည့်ရေးတဲ့ ကဗျာလို့ ကိုယ်ဥာဏ်မီသလောက် သိထားတယ်
မူရင်းကဗျာကို မဖတ်ရပေမယ့် အပေါ်က မန့်ထားတာတွေအရ
ကဗျာရေးတဲ့သူဟာ အပြာ စာအုပ်တွေနဲ့ နီးလို့ထင်မယ်
အနောက်တိုင်းက ကဗျာပုံစံတွေ ကို လေ့လာ ဖတ်ရှု စု တု ပြုတာ
ကိုယ်တို့ ကဗျာလောက အတွက် အရမ်းကောင်းပါတယ်
ဒါပေမယ့် အနောက်တိုင်း ပုံစံအတိုင်းရေးတာကိုတော့ ရှုတ်ချပါတယ်
အဲဒီလိုကဗျာတွေ အနောက်တိုင်းသားတွေ မြင်ရင် ပျက်ရယ်ပြုကြလိမ့်မယ်
မောင်ချောနွယ်ကဗျာတွေခေတ်ကုန်သွားပေမယ့်
သူ့ကဗျာတွေကို ဘာသာပြန်ပြီး ကြိုက်နှစ်သက်တဲ့ နိုင်ငံခြားသားတွေ အများကြီးပါ
နောက်တစ်ခုပြောချင်တာက
မြန်မာကဗျာကို ချစ်မြတ်လွန်းလို့ အစိုး၇ိမ်လွန်နေကြတဲ့ သူတွေကိုပါ
ပျက်စီးမှာ မစိုး၇ိပ်ကြပါနဲ့ တန်ဖိုးရှိတဲ့ ကဗျာမှန်တဲ့ကဗျာတွေသာ ရေရှည်မှာ ကျန်ရစ်မှာမှာ
ကာရန်မဲ့တွေ စပေါ်ကာစကလည်း တစ်ချို့တွေက ကဗျာအဖြစ်လက်မခံခဲ့သော်လည်း
ကဗျာမှန်လို့ အခုလို အောင်မြင်ခဲ့တာပါ အရာအားလုံးကို အချိန်က ပြော လိမ့်မယ်

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #16

ဟဟ လာပြန်ပြီ နောက်ငပေါတစ်ကောင်
Flarf ဘာမှန်းမသိပဲ သောက်တစ်လွဲတွေပြောပြန်ပီ
ဟားဟားဟားဟားလို့ပဲ ခင်ဗျားကွန်းမန့်ကိုရယ်ချင်တယ်
(Flurf ကဗျာဆိုတာ သတင်းစာသားခေါင်းစဉ်တွေ
လက်တကမ်းမှာတွေ့တဲ့ စာသားအစိတ်အပိုင်းတွေတွေကို(မူလအတိုင်း)
ကဗျာထဲထည့်ရေးတဲ့ ကဗျာလို့ ကိုယ်ဥာဏ်မီသလောက် သိထားတယ်)အေးပေါ့ ခင်ဗျားဥာဏ်က ဒီလောက်ပဲမှီတာကိုး ဟဲဟဲ 😛
Flarf ကဗျာပြုလုပ်ဖို့ Dada ပေါ့ အခြေခံအရဆိုရင် ဒါဒါသဘောတရားကိုကောင်းကောင်း နားလည်ဖို့ဆိုတာ ရေးသူအနေနဲ့ကောလာဂ်ျ့သဘောတရားတွေ ဘာသာတရားရဲ့ တည်ဆောက်မှုတွေကို သိရမယ် အကြမ်းဖျင်းကို ကောင်းကောင်းနားလည်မှရမှာနော် တွေ့ကရာစာသားနဲ့လျှောက်ရေးတဲ့ ကဗျာမျိုးထဲမှာ မပါဘူးဟ ဆရာကြီးဆိုတဲ့ ငပေါကြီးရ ဘာမှလည်းမသိ တတ်ယောင်ကားနဲ့ မြန်မာကဗျာတွေဘာတွေလျှောက်ပြောနေသေးတယ် ငပေါက ငပေါပေါ့ကွာ ဟက်ဟက် စိုးရိမ်ကြီးနေတယ်ဆိုတာ ခင်ဗျားတို့လို Lazy Generation တွေကို ပြန်ပီးစိုးရိမ်နေကြတာ ခင်ဗျားတို့ကြိုက်လှပါတယ်ဆိုတဲ့ မောင်ချောနွယ်တို့ရေးတဲ့ မော်ဒန်နစ် ကဗျာတွေ ခံစားမှုကဗျာတွေပေါ့ဗျာ အဲ့ဒါတွေအစချီလာတာ ဘယ်ကလဲ ခင်ဗျားသိလား ခင်ဗျားပြောသလို စုတုပြုထားတာ မောင်ချောနွယ်လည်း ကမ္ဘာ့ ကဗျာလောကမှာ တစ်ခေတ်တစ်ယောက် ဥာဏ်ကြီးရှင်ကြီးမဟုတ်ဖူး (ကာရန်မဲ့တွေ စပေါ်ကာစကလည်း တစ်ချို့တွေက ကဗျာအဖြစ်လက်မခံခဲ့သော်လည်း
ကဗျာမှန်လို့ အခုလို အောင်မြင်ခဲ့တာပါ အရာအားလုံးကို အချိန်က ပြော လိမ့်မယ်)အဲ့သလိုပေါ့ Lazy generation တွေကို အလုံးအရင်းနဲ့သုတ်သင်တာ ခံရပါလိမ့်မယ် ကဗြွတ်ရာ ကဗျာရူးတွေ ခေတ်ကုန်လိမ့်မယ်ဗျ ကဗျာဆရာဆိုပီး စော်ကြည်ချင်လို့ နာမည်ကြီးချင်လို့ လုပ်နေတဲ့သောက်ပေါတွေ သိသလိုတတ်သလိုနဲ့ လူရာဝင်ချင်တဲ့ ငပေါတွေ ငပျင်းတွေက ခေတ်ကုန်ပါလိမ့်မယ် ကျနော်မော်ဒန်ရေးသူတွေကို မပုတ်ခတ်ပါ မော်ဒန်ရေးတာကိုလည်း သဘောကျတယ် မော်ဒန်လည်း မော်ဒန် ဒန်ပလိုက် သူ့လိုင်းနဲ့သူပေါ့ ပို့စ်သမားလည်း သူ့လိုင်းနဲ့သူပေါ့ ခေတ်ပြိုင်လည်း သူ့ပြိုင်နဲ့သူပေါ့ ခေတ်ပေါ်လည်း သူ့ပေါ်နဲ့သူပေါ့ မြန်မာကဗျာကြီးတွေလည်း သူ့ဟာနဲ့သူပေါ့ သူ့ဘာသာရပ်မှာ သူသိသူတွေပဲ ကျန်ခဲ့မှာ ငပေါတွေကို အချိန်တန်ရင် လူတွေနားလည်လာရင် ကန်ထုတ်လာပါလိမ့်မယ် ခင်ဗျားတို့လို ဆိုက်ကားဆြာကြီးတွေလည်း အချိန်တန်ရင်ကန်မယ့် နွားပိန်ကို မျှော်လင့်ပေရော့ ဟားဟား ကိုယ်ရေးတာကိုယ်သိဖို့ ခင်ဗျားတို့သိမှုလေးတွေတည်ဆောက်တော့ မြန်မာကဗျာလောကမှာ မြောင်းထဲမရောက်ချင်ရင်ပေါ့ ကဗျာဆရာယောင်ဆောင်မနေနဲ့တော့ အရူးတို့ရေ 😛 အပြာစာအုပ်နဲ့နီးတာဆိုတာလေးကို စကားချပ်အနေနဲ့ပြောချင်တယ် မိုးသစ်လေပြည်ဖတ်ကောင်းဖတ်လိမ့်မယ်ဗျ အပြာစာအုပ်ကို ကင်းသော ကဗျာဆရာကော ရှိလားလို့မေးချင်တယ် အပြာစာအုပ်ဖတ်တယ်ဆိုတာ ရွံစရာလို့သတ်မှတ်ချက်မရှိဘူးရယ် ဆရာကြီးဆိုတဲ့ ခင်ဗျားလည်း ဖတ်ဖူးမှာပေါ့ 😛 တစ်ခုရှိတယ် မိုးသစ်လေပြည်ပြောတဲ့(Art has unlimited boundaries ) ခင်ဗျားဘာသာပြန်ကြည့်လိုက်ပါ ကဗျာပုဒ် poems အပေါ်မှာ ပြုလုပ်ထားတဲ့ ကဗျာအနုပညာ poetry ကိုရေးသားသူတွေမှာ ချုပ်နှောင်ထားတဲ့ ယဉ်ကျေးမှုမှန်ကူကွက်တွေပေါ့ တည်ဆောက်ခံထားရတဲ့ တရားတွေကို မမှီခိုဘူး လွပ်လပ်ခြင်း အနုပညာပဲ အပြာကဗျာသီးသီးကိုမဆိုလို လူမှုဘ၀တွေမှာ ထင်ဟပ်တဲ့ -ီးပေါ့ ခင်ဗျားတို့ရွတ်ဖူးတဲ့ လူကြားထဲမှာဆိုရင်တော့ ထိန်းသိမ်းတတ်တဲ့ ဟန်ဆောင်ကောင်းမှုတွေကို ခွာချထားတယ် ဒါပါပဲ တော်လေပြီ။

commentinfo By: ဇော် at Apr 5, 2012
Comment #17

မင်းတို့ကဗျာလေးတွေ အောင်မြင်ပါစေလို့ပဲ ဆုတောင်းတယ် ချာတိတ်
အဟက် ဟက်..

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #18

အေးဗျာ ဆြာကြီးဆိုတဲ့ဘာမှသေချာမသိတဲ့ ဆိုက်ကားဆြာကြီး ဟဲဟဲ
ခင်ဗျားကြီးထင်တာတွေလည်းဖြစ်ပါစေဗျား ဟဲဟဲ 😛

commentinfo By: ဇော် at Apr 5, 2012
Comment #19

ဒါနဲ့ ကိုယ်မသိလို့ dada၀ါဒရဲ့ နာမည် ဖြစ်လာတဲ့သမိုင်းလေး ဘာလေး
လင်းစမ်းပါဦး ချာတိတ်ရ ကိုယ်တို့ မှတ်သားရတာပေါ့

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #20

အေးဗျာ သိချင်ရင်ဝယ်ဖတ် စာအုပ်ထုတ်မယ် ဆိုက်ကားဆြာကြီးရ
dada သဘောတရားကို ၀ယ်သာဖတ်တော့ ခင်ဗျားကြီးကိုပြောလို့လည်း ၀ပြီ ဆက်ပြောနေရင် ခင်ဗျားလို့ ငပေါပဲဖြစ်တော့မှာ စာမတတ်ပေမတတ် စာမဖတ် ပေမဖတ် ငပေါကြီးတွေကို ပြောရတာ ပြောတဲ့သူပဲ သူ့စောက်ဆင့်နဲ့လိုက်တိုင်းသလိုဖြစ်နေတယ် ခင်ဗျားက ဖလက်ကဗျာတွေကိုသောက်တစ်လွဲပြောတာကို မခံနိုင်လို့သာဝင်ပြောတာ တကယ်တမ်းတော့ ခင်ဗျားလို စာနပိတ်ကို ခံငြင်းနေတဲ့ ကျနော်ပဲ စောက်ပေါဖြစ်နေတဲ့အတွက် နောက်ထပ်မပြောလိုတော့ ခင်ဗျားကြို့်သလိုလည်း အခုစွပ်စွဲနိုင်သည် အဲတစ်ခုပြောလိုက်မယ် ကျနော်က ဒါဒါ သမိုင်းဘယ်လိုပေါ်လာလဲမသိလို့ ပြေးတယ်လို့ထင်ရင် ခင်ဗျားကိုတစ်ခု ပြောလိုက်မယ် သမိုင်းသိမှ သိမှုဖြစ်လာတာ မဟုတ်ဖူး သမိုင်းဆိုတာမမေ့စရာတစ်ခုပဲ ဒါပေမဲ့ အနုပညာမှာ သဘောတရား သီအိုရီပေါ့ဗျာ အထူးသဖြင့် construction ကဗျာတွေမှာ ကိုယ်တိုင်တည်ဆောက်နိုင်တာကို ၀ါသနာထုံလာတဲ့ လူငယ်တွေရဲ့ ကဗျာကို ခင်ဗျားလိုအိမ်အိုကြီးမှာထိုင်နေတဲ့ အတွေးအခေါ်အဆွေးနဲ့လူကို ရှင်းပြလည်း နားလည်မှာမဟုတ်ပါဘူး ငပေါဆရာကြီးရယ် ကလေးတွေကိုသာ ဆရာပြန်လုပ်ပါ ဟဲဟဲ 😀

commentinfo By: ဇော် at Apr 5, 2012
Comment #21

ဒါဒါ သမိုင်းမသိလို့လစ်ပြေးတယ်လို့မထင်ပါဘူးချာတိတ်ရာ 🙂

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #22

ကျွန်တော့်ကို အစွန်းရောက်သမားလို့လည်း ပြောချင်ပြောပေရော့ ကျွန်တော်ခံယူထားကတော့ အနုပညာသည် အနုပညာအတွက်သာဖြစ်ပါတယ်။ အနုပညာသည် ပြည်သူအတွက် ဟုတ်ချင်မှဟုတ်မယ်။ နောက်ပြီးကိုဟိဏ်းဝေပြောသွားသလို ကဗျာရိုင်းတိုင်း လူကိုရိုင်းတယ်ထင်ရင်တော့ မျက်မမြင်ကဆင်ကို စမ်းသလိုပဲ ဖြစ်နေမှာပါ။ အနောက်တိုင်းပုံစံတွေကို ရေးသားလို့ အပြစ်မြင်တယ် ဆိုရင်လည်းရိုးရိုးသားသားပဲပြောလိုက်ပါ့မယ်။ ခေတ်ပြိုင် အနုပညာဖန်တီးသူဆိုတဲ့ နာမည်ကို စွန့်လွှတ်သင့်ပါပြီ။
ကျွန်တော့်အနေနဲ့ကတော့ သည်လောက်ပဲပြောချင်ပါတယ်။ ကိုယ့်မှာ သူများဖန်တီးထားတဲ့အနုပညာကို ခံစားနိုင်တဲ့ sense မရှိဘဲနဲ့ ရှုတ်ချတာက ကိုယ်ကိုယ့်ကိုယ် အရင်ခေတ်က ကဗျာသမားတွေ အစဉ်အလာသမားတွေနဲ့ မခြားတော့ဘူး လို့ သတ်မှတ်လိုက်ပါ။ ကျေးဇူးတင်ပါတယ်။

commentinfo By: မိုးသစ်လေပြည် at Apr 5, 2012
Comment #23

ကိုယ်ပြောချင်တာ အနောက်တိုင်းပုံစံတွေကို ရေးလို့ ပြောတာ မဟုတ်ပါဘူး
အနောက်တိုင်းက ထွက်တဲ့ပုံစံခွက်ထဲထည့်ပြီး ကဗျာရေးတာကိုပြောချင်တာပါ

မောင်ရင့်ကဗျာလေးတွေ ဖတ်ဖူးပါတယ်
မောင်ရင်ရွေးတဲ့ လမ်းရဲ့ ဒုက္ခ သုခ ကို မောင်ရင် ပဲ ခံစားရမှာပါ
ကိုယ်တို့က အနေသာကြီးပါ
ကိုယ်တို့ကတော့ မောင်ရင့်ကို နှမြောတယ်

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #24

မောင်ရင်ပြောဖူးသလိုပြောရရင်
ကိုယ်တို့အနေနဲ့ မောင်ရင်ဟာ ကိုယ်နဲ့ မတော်တရော်အနောက်တိုင်းဝတ်စုံကြီးနဲ့
ရွာထဲမှာ လျှောက်သွားနေတဲ့ သူကြီးသားလို ဖြစ်နေမှာစိုးလို့ပါ
ဒါပါပဲ

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #25

မိတ်ဆွေများခင်ဗျား… ကဗျာတစ်ပုဒ်ရေးရတာ စစ်ပွဲတစ်ပွဲတိုက်နေရသလိုသာဆိုရင် ကျွန်တော်နဲ့အတူ ကျဆုံးကုန်မယ့်သူတွေအများကြီးပဲခင်ဗျ။ ကျွန်တော်ကတော့ကဗျာကို ကဗျာလို့ပဲ သဘောထားပါတယ်။ ဒီထက်ပိုပြီး အဓိပါယ်မဖွင့်တတ်ပါဘူး။ လူ့ဘ၀တိုတိုလေး အတွင်းမှာ ကဗျာတွေဖတ်ပြီးကဗျာတွေရေးရင်း တစ်ယောက်ကို တစ်ယောက် မေတ္တာထားနိုင်ကြဖို့ မျှော်လင့်ပါရစေဗျာ။ ဘာပဲပြောပြော ပိုအမ်ကော်နာ လေးမွေးဖွားလာခြင်းအတွက် တာဝန်ရှိသူ အားလုံး နဲ့ ပါဝင်ရေးသားတဲ့ မိတ်ဆွေတွေအားလုံးကို လေးစားစွာနဲ့ ကျေးဇူးတင်ပါရစေ။

ခင်တဲ့
မိုးလူ (ခ)မိုးသစ်

commentinfo By: Moe Thit at Apr 5, 2012
Comment #26

အေးဗျာ ကိုမိုးလူ ပြောတဲ့စကားကိုတော့ သဘောကျတယ်ဗျ
ကဗျာကိုကဗျာလို့ ကျနော်လည်းသဘောထားတယ်
တစ်ခုတော့ရှိတယ်ဗျ ဆရာကြီး ဆိုတဲ့လူ ပြောတဲ့စကားတွေကိုတော့
မျက်စိစပါးမွှေးစူးသဗျ တတ်ယောင်ကားနဲ့ ဖေါရှောဝင်ဖိန့်သလိုပဲ
မင်းရေးတာလေးတွေနှမျောတယ်လေးဘာလေးဗျာ( မောင်ရင့်ကဗျာလေးတွေ ဖတ်ဖူးပါတယ်
မောင်ရင်ရွေးတဲ့ လမ်းရဲ့ ဒုက္ခ သုခ ကို မောင်ရင် ပဲ ခံစားရမှာပါ
ကိုယ်တို့က အနေသာကြီးပါ
ကိုယ်တို့ကတော့ မောင်ရင့်ကို နှမြောတယ်) တတ်ယောင်ကားနဲ့ဖေါရှောဖိန့်တယ်လို့ပဲ မြင်မိသဗျ ။
အနုပညာကို သေချာနားမလည်တဲ့ လူပိန်းကြီးပေါ့ဗျာ ။

commentinfo By: ဇော် at Apr 5, 2012
Comment #27

ဇော်ဆိုတဲ့ ချာတိတ်ရာ
အိုးကမပူ စလောင်းက ပူနေပြန်ပါပြီ
မင်းရဲ့ မိဘတွေက မင်းကို ဘယ်လို သွန်သင်ထားလည်းမသိဘူး
ကိုယ်တို့က ဟန်ဆောင်ပြီး ယဉ်ကျေးအောင် ကဗျာရေးနေတာမဟုတ်ပါဘူး
ဒါပေမယ့် ကိုယ့်ပစ္စည်း ကိုယ်လှန်တာပဲဆိုပြီး
လူကြားထဲလည်း လှန်လို့ရတယ်လို့ မင်းမိဘတွေက သင်ပေးထားလား ချာတိတ်ရာ
မဟုတ်သေးပါဘူး
အနုပညာဆို တာ လွတ်လပ်တယ် ဒါပေမယ့် လွတ်လပ်တာတိုင်း အနုပညာမဟုတ်ဘူး ကောင်လေး
ကိုယ်စကားလုံးသုံးနှုံးတာ နည်းနည်း ရင့်သလို ဖြစ်လည်း မတတ်နိုင်ဘူး
ကိုယ်က အဲသလို ပဲ ပြောတတ်တာ
ကိုယ်တို့တွေမှာလည်း အရိုင်းစိတ်ရှိတာပေါ့ ဟုတ်တာပေါ့ ဒါပေမယ့် လူလေ
တိရစ္ဆာတွေလို စိတ်ထဲထင်တိုင်း အရှက် သိက္ခာမဲ့ လျှောက်လုပ်နေလို့မရဘူးလေကွာ
နောက်ပြီး အနုပညာအသိုင်းအ၀ိုင်းကြားမှာ နေတာနဲ့ အနုပညာသမားမဖြစ်ဘူး ကောင်လေး
အဲလိုအနုပညာအသိုင်းအ၀ိုင်းကြားမှာ နေတိုင်း အနုပညာသမားဖြစ်မယ်ဆို
လေထန်ကုန်းက စားပွဲထိုးလေးတွေလည်း အနုပညာသမားပေါ့
စားပွဲနား ရစ်သီသီ လုပ်နေတဲ့ ခွေးလေခွေးလွင့် လေးလည်း အနုပညာသမားဖြစ်တော့မပေါ့ အဲလိုလား
နောက်ပြီးကောင်လေးရေ
အနုပညာမှာ သီအိုရီနောက် သိပ်မလိုက်နဲ့ သီအိုရီဆိုတာ သိရင် မင်း
အနုပညာဖန်တီးရတာ ပို ပြောင်မြောက်နိုင်သလို
အဲဒီအသိကပဲ မင်းရဲ့အနုပညာကို ကန့်သတ်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ
မှတ်ထားကောင်လေး
ဖောရှောဖိန့်တယ်တဲ့လား ကောင်လေးရ
ကိုယ့်စကားတွေထဲမှာ မင်းတို့က ကိုယ့်လောက်မသိဘူးလို့ ပြောတာမျိုးလည်း မပါဘူး
ကိုယ်ဥာဏ်မီသလောက်ပြောတာလို့ လည်း ပြောထားတယ်
ချာတိတ်ကသာ သစ္စာနီ မင်းခက်ရဲ ငြိဏ်းဝေ ဇေယျာလင်းတို့ ရေးတာလောက်လေး ဖတ်ပြီး
ကိုယ့်ကိုယ်ကိုယ် သိပ်သိနေပြီလို့ မှတ်မနေနဲ့ ချာတိတ်

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #28

အနုပညာမှာ သဘောတရား သီအိုရီပေါ့ဗျာ အထူးသဖြင့် construction ကဗျာတွေမှာ ကိုယ်တိုင်တည်ဆောက်နိုင်တာကို ၀ါသနာထုံလာတဲ့ လူငယ်တွေရဲ့ ကဗျာတဲ့လား
ဟုတ်မှာပါ တခြားလူငယ်တွေတော့ ဟုတ်မှာပါ အဲဒီအထဲ ချာတိတ်တော့ပါမယ်မထင်ဘူး

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #29

မိုးသစ်လေပြည်ကိုပြောရဦးမယ်
မောင်ရင်လည်း ဒီလိုတွေ ဖြစ်တာ ညစ်မှာပဲ
ဒါပေမယ့် မောင်ရင်မှန်တယ်ထင်ရင် ဆက်သွားပါ ဆက်လုပ်ပါ
နောက်မဆုတ်နဲ့ ကိုယ်ကတော့ အဲလိုအရေးအသားမျိုး မကြိုက်ဘူး
အပေါင်းအသင်းရှိတယ် သူတို့က ကိုယ့်ကို ထောက်ခံဆိုတာနဲ့တော့
(သူတို့ကြိုက်အောင် )ဆိုတာမျိုးတော့ မလုပ်စေချင်ဘူး

commentinfo By: ဆရာကြီး at Apr 5, 2012
Comment #30

ွှအကြွင်းအကျန်တွေကို အာသာငမ်းငမ်း

ကြွက်လေ ကြွက်ပေါ့ သွားထက်ထက်လေးတွေနဲ့ပေါ့ ကိုက်ဖြတ်ဖျက်ဆီးနိုင်တာပေါ့ လူမြင်ရင်တော့
ပြေးတာပေါ့ နောက်ဖေးလမ်းကြားမှာတော့ စကျွမ်းကြီးပေါ့ လှမ်းပစ်ထားတဲ့ အကြွင်းအကျန်တွေလည်း
ကြိတ်လိုက်သေး လစ်ရင်လစ်သလို အိမ်ပေါ်တက် ခိုးစားလိုက်သေး ပလိပ်ရောဂါနဲ့ ခြောက်လှန့်နေသေး
အသံတွေနဲ့ သောင်းကျန်းသေး မသတီစရာ ကြွက် တကျွီကျွီအော်တဲ့ ကြွက် ထုတ်တန်းပေါ်ပြေးရင်း
လွှားရင်း ပြုတ်ကျတတ်တဲ့ ကြွက် အမှိုက်ပုံးမှာ ဘ၀င်ခိုက် အသိုက်လုပ်နေတတ်တဲ့ကြွက် ထန်းရည်ဆိုင်
မှာ နုတ်နုတ်စဉ်းခံထားရတဲ့ ကြွက် သံထောင်ချောက်မှာ ညှပ်မိနေတဲ့ ကြွက် ကြောင်တစ်ကောင်ရဲ့ ပါးစပ်မှာ
ကိုက်ချီခံထားရတဲ့ ကြွက် အိမ်ကြွက် မြေကြွက် လယ်ကြွက် ကြွက်လေ ကြွက်ပေါ့

commentinfo By: ဆရာကြီး at Apr 6, 2012
Comment #31

ကဗျာကတော့ အတော်ကိုလွဲနေပြီ………….ဒီကဗျာအမျိုးအစားရှီတယ်ဆိုရင်တောင်ဒီလိုအသုံးအနှုန်းမျိုး
သုံးစွဲကျင့် ကြဲလို့ မရနိုင်ပါဘူး။။။။
တချို့ ကဗျာကိုရွတ်ဆိုပြီးခံစားကြတယ်ကွာ။ဆိုလိုတာကဒီကဗျာမျိုးဟာဘယ်လိုမှရွတ်ဆိုလို့ မကောင်းသလို
င်တို့ ယဉ်ကျေးမှု့ ရဲ့ ဟိုးဘက်အပြင်မျာရောက်နေတယ်ကွာ။
ဘယ်လိုတိုက်ခိုက်မှု့ မျိုးမှာမပါဘူးသေချာတာကတော့ ရေးတဲ့ သူဟာတစ်ကယ်တက်လို့ ရေးတယ်ဆိုရင်တောင်
လူ့ ဘောင်လူ့ ပါတ်ဝန်းကျင်ထဲမှာမ၀င်ဆံ့ တက်သူပဲထင်တယ်

မင်းလူန

commentinfo By: kathitni1980 at Apr 6, 2012
Comment #32

မိုးသစ်လေပြည်………အစွန်းကိုရောက်နေပြီလို့ သိရင်ပြန်လှည့် လာဖို့ မရှက်ပါနဲ့ ။ပြုတ်ကျလိမ့် မယ်။

commentinfo By: kathitni1980 at Apr 6, 2012
Comment #33

Right!!!!

commentinfo By: zawthetoo at Apr 6, 2012
Comment #34

I have to agree with admin and kathitni1980(မင်းလူန).

commentinfo By: zawthetoo at Apr 6, 2012
Comment #35

ဟစ် ဟစ် ငပေါတွေနဲ့ ဖက်ပြီးရန်မဖြစ်တော့ဘူးဗျာ dadaism ဆိုတာ ယဉ်ကျေးမှုဘောင်ရဲ့ အဝေးဆုံး ပွိုင့်မှာ နေရာယူထားတာပဲ။ နားမလည်ရင် ကျော်သွားလို့ရပါပြီ။ ကဗျာဆိုတာ ယဉ်ကျေးမှုဘောင်ထဲမှာပဲရှိနေတယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ ခင်ဗျားတို့အနေနဲ့ သီအိုရီပိုင်းဆိုင်ရာတွေကို ပြန်ပြီး လေ့လာဖို့တိုက်တွန်းပါတယ်ဗျာ ဒီလောက်ပါပဲ။ ကျွန်တော်ပြောလဲ မောရုံကမောမှာပဲရှိတယ်။ အကန်းကို အလင်းရောင်ပြနေသလိုဖြစ်လို့ သည်မှာဆက်ပြီး flarf ရဲ့ သဘောတရားတွေကိုချပြဖို့ ကြိုးစာနေမှာမဟုတ်တော့ဘူး။ ဟစ်ဟစ် တိုးတက်နိုင်ကြပါစေဗျာ။ ကိုယ့်ထက် နှစ်ဆလောက်ငယ်တဲ့လူလောက်တောင် လေ့လာမှုမရှိဘဲနဲ့ ကဗျာဆရာနာမည်ခံနေကြတာတော့ ဟာသပဲ။ တာ့တာ ပြန်ပြီးမန့်တော့မှာမဟုတ်ဘူး။ ကြိုက်သလို ဆက်ဆဲသွားနိုင်တယ်။ 😀 သေချာတာတော့ ခုခေတ်ကဗျာတွေမှာ expression ကို အဓိက မထားတော့ဘူးဆိုတာပါပဲ။ ဆက်လက်လေ့လာနိုင်ကြပါစေဗျာ။ အဟက်အဟက် :)) ခင်ဗျားတို့ကို အဝေးတစ်နေရာကနေပဲ ထိုင်ဟားတော့မယ်။ 😀

commentinfo By: မိုးသစ်လေပြည် at Apr 6, 2012
Comment #36

အဟေး ရယ်ပါကွာ ဟားပါကွာ အားရပါးရသာ ရယ်:)
ကိုယ်တို့က ကမ္ဘာကျော် လူရွှင်တော်တွေလေ
အမိုက်စားပြက်လုံးတွေ အမြဲသုံးတယ်
မောင်ရင်လေး ရယ်ရလွန်းလို့ ဟားရလွန်းလို့ ပါးစပ်စေ့မရတဲ့အခါမျိုး/ပါးစပ်ရွဲ့သွားတဲ့ အခါမျိုးမှာ
ကိုယ်တို့က ပါးလာရိုက်ပြီး ပြန်တည့်ပေးပါ့မယ် 😉

commentinfo By: ဆရာကြီး at Apr 7, 2012
Comment #37

အင်းပါ ငပေါဆြာကြိးရယ်
လာရိုက်ပေးစမ်းပါဗျာ ဟစ်ဟစ် 😛 အွန်လိုင်းကဗျာဆြာကြီး ဆိုတဲ့ ဆြာကြီး
ခင်ဗျားကြည့်ရတာ အသက်တော့ကြီးမယ် အချိန်စီးမယ် မထင်ဘူး ဟစ်ဟစ် 😛

commentinfo By: ဇော် at Apr 7, 2012
Comment #38

သြော်…. ဖြစ်ရလေ မိုးသစ်လေပြေရယ်။ကျွတ်…ကျွတ်။

commentinfo By: သွေးသစ်နီ at Apr 7, 2012
Comment #39

အားလုံးပဲ တော်ကြပါတော့ဗျာ …. ကျွန်တော်တို့ ဒီကိစ္စ ဒီမှာတင်ပဲ အဆုံးသတ်လိုက်ရအောင်ပါ။ ကဗျာရေးတဲ့သူချင်း ဒီလိုကြီး အငြင်းပွားနေတာ မဟုတ်သေးပါဘူး။ ကျွန်တော် အစကတော့ ဝင်မပြောတော့ဘူးလို့ပါပဲ။ ဒါပေမဲ့ ကိုယ့် ညီအစ်ကိုချင်း ဘာမဟုတ်တာလေးနဲ့ အပြန်အလှန်ပြောနေကြတာ ဝင်ဖတ်ကြတဲ့ တခြား ညီအစ်ကိုတွေပါ စိတ်ညစ်နေပါလိမ့်မယ်။ ကျွန်တော်ကပဲ အားလုံးကို တောင်းပန်ပါတယ်။ ကိုယ့်ညီ မိုးသစ်လေပြေ လည်း အကို တောင်းပန်ပါတယ်။ ညီ့ ကဗျာကို အကို ကိုယ်တိုင်က ဖျက်ခဲ့တဲ့ အတွက် ဒီကိစ္စ အကိုနဲ့ပဲ ဆိုင်ပါတယ်။ ကျန်တဲ့ ညီအစ်ကိုများလည်း ကျွန်တော် တောင်းပန်ပါတယ်။ ဆက်ပြီးတော့ မပြောကြပါနဲ့တော့ဗျာ။ ကိုယ် ယုံကြည်ရာပဲ ကိုယ် လျှောက်လှမ်းကြပါ။ ရင်ဘတ်ချင်းတူရင် ဂျတ်ပင်ထိုးကြမဲ့ ကဗျာသမားတွေချင်း လမ်းတူရင် လူမရွေးစတမ်း ပေါင်းကြအောင်ပါ။ ရောင်စုံပန်းခင်း တစ်ခုလိုပဲ သဘောထားပါ။ ကိုယ် မကြိုက်တဲ့ ပန်း ရှိမှာဖြစ်ပေမဲ့ အဲဒီပန်းလေး ရှိမှလည်း ဥယျာဉ်က ပိုပြည့်စုံမှာမလား။ ဒီတော့ ဆက်ပြီး အငြင်းမပွားကြဘဲ ကိုယ်ချစ်တဲ့ ကဗျာ ကိုယ်ရေးပြီး စည်းစည်းလုံးလုံးနေသွားကြရအောင်ပါ။ ရွာမှာလည်း အားလုံး ပျော်ရွှင်စွာ ကဗျာများ ဆက်လက်ရေးသားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment