Professional Authors

ဈာ ပ နာ

 

ကျွန်တော်ဟာ…စိတ်ကူးယဉ်ဖို့..မလွယ်တော့သော…အရွယ်…

ဒဏ်ရာစုံပိုက်လို့…အသည်းကွဲဖို့.လည်း.ကြောက်နေတတ်သောအရွယ်

ဒါပေမယ့်….

.မမြင်ဖူးတော့.အများထက်…ပို.ရူးခဲ့တယ်..အချစ်စစ်ဆိုတာကိုပေါ့

အကြိမ်ကြိမ်..ဆုံးရှုံးခဲ့သော မျှော်လင့်ချက်တိုင်းမှာ….သစ္စာတရားတွေ..ပါ.လွင့်သွားပေမယ့်

အကင်းမသေတဲ့..ချစ်ခြင်းအမှန်တခုအတွက်….နောက်ဆုံး…

အခကြေး…အဖြစ်အသည်းစားကြေး…ဆိုခဲ့ကြလည်း..မိုက်ရူးရဲစွာ….လိုက်..ပါ..သွား..ခဲ့..တယ်

ကံဇာတ်ဆရာ..စေ စားရာ…နောက်…

 

.(ဟုတ်မယ်)

..သူကကျွန်တော့်ကိုချစ်တယ်…(တကယ်လို့လည်းပြောတယ်)

ကျွန်တော်လား….အင်းးးးးကျွန်တော်သူ့ကိုသိပ်ချစ်တာပဲ…..(ဇာတ်ဆရာ)

ဘာ…

သူကရည်းစားအရင့်အမာကြီးနဲ့….ဘယ်လို..ဘယ်လို….ဘယ်သူဖြတ်ဖြတ်..မပြတ်ဘူး…

သြော်…ဒါဆိုကျွန်တော်က ???????????

ခင်ဗျာ… ဗီလိန်…. ဗီလိန်လုပ်ရမှာလား………..ဒါဆို….ဟို..အသဲကွဲမိုး ရေးသလို

ဂြိုလ်ရံလ ပေါ့..

ဗျာ….ဒဿ လိုလည်း လွမ်းခန်း ဖွင့်ရမယ်…ဟာ..ဒါဆိုကျွန်တော်ပိုင်တယ်..ကျွန်တော် ကျွမ်းတယ်

ကျွန်တော်……….အပီလွမ်းမယ်ဗျာ….ဒါပေမယ့်..သူက..လွမ်းတေးး ရောကြားပါ့မလား???

အစွမ်းအစပေါ်မူတည်တယ်..??? ဟုတ်…ကြိုးစားမယ်ဗျာ…သူလည်းမျက်နှာသာပေးနေတာပဲ

..ကျွန်တော့်ကို..ချစ်တယ်တဲ့…..ဒီလိုဆို…………..သေဆိုရင်တောင်..သေပြစ်လိုက်မယ်ဗျာ

ကျွန်တော့် အသည်းလေး…အခြေအနေကောင်းလာတော့မှာ.

.ဟုတ်တယ်….အရွေ့သုညဆိုရင်တောင်အလွမ်းအင်္သေချေနဲ့..ကျွန်တော်..တော်တော်လှနေမှာပဲ

က မယ်ဗျာ….တစ်ပင်တိုင်..မဟုတ်ရင်ပြီးရော………… က တယ်….ကျွန်တော်..ကွေး..နေအောင်

က တယ်….လှတာမလှတာအပထား…သူ အနား ရှိနေပေးရင်ပြီးတာပဲ……………………..

ကျွန်တော်…မမောဘူး…ကျွန်တော် က နေတယ်…… ဘာအက တွေမှန်းသေချာမသိဘူး…

ကျွန်တော် က နေခဲ့တယ်…… မင်းသား..အနားမရောက်လာဘူး…..ဒါပေမယ့်

ကျွန်တော် က နေတုန်းပဲ….သူ…လာပါ…လိမ့်မယ်………ကျွန်တော် က နေဆဲ……….

.ဒီ လို နဲ့..ပဲ

သူက..ဘယ်သူ…အမ်..လူသစ်လား..ဟာ..သူကဇာတ်ညွှန်းဖတ်တဲ့ထဲမှာ..မပါဘူးနော်..

ဗျာ..

ဟာ..၀မ်းနည်းလိုက်တာ….သူ့အသဲတွေက….ဟက်တက်ကွဲနေတာ…လောလောလတ်လတ်ကြီး.

ဒါဆိုကျွန်တော်…ဘယ်လိုလုပ်ရမလည်း…သူက…ကျွန်တော်နောက်တယောက်ပေါ့..ဟုတ်လား

သူ့ရင်ဘတ်မှာလည်း..ဒဏ်ရာတွေ….ပြဲ ကျန့် နေတာ…မြင်မကောင်းဘူးဗျာ……ဘယ်လိုလုပ်

ရမလည်း..ဟင်..လုပ်ပါဦး..ဇာတ်ဆရာ…ခင်ဗျားအလိုကျ..သေပေးနေရတဲ့..လူ့မသာတွေ…

များလှချည်လား….သွေးစိမ်းရှင်ရှင်ထွက်….နေတယ်….ဘယ်လိုလည်း..ဆရာ.ပေးသေမှာလား???

ခင်ဗျား..ဗျာ…ကျွန်တော်နောက်တယောက်ကို..ကျွန်တော့်ရှေ့လာသေခိုင်းနေတယ်……….

ဒါ..ကျွန်တော်လည်း..ဘယ်လို က က သူ့လို သေ..ရ မှာ ပဲဆိုတဲ့သဘောလား….တခုခုပြော..

အဖြေတခုခုကျွန်တော် နှစ်သိမ့်ဖို့..ပေးပါ…..

မ သိ ချင် ရ ဘူး ??? အဖြေ မရှိဘူး???….ကျွန်တော်..ဆက် က ရမှာလား…လဲကျ ရတော့မှာလား

ကျွန်တော်..နောက်တယောက်ကရော..ဘာလုပ်မှာလည်း…

ဗျာ…သူလည်း..ခပ်ဝေးးဝေးးးက….အသက်မျှင်းမျှင်း ရှုပြီး…ကြည့်နေမယ်….ကျွန်တော် က တာ

အားပေးမလို့…သြော်..ဟုတ်…ရတယ်..ကောင်းတာပေါ့..ခင်ဗျား လက်ပန်းမကျနဲ့…

ကျွန်တော့်ကိုကြည့်..ကျွန်တော် က ပြ မယ်နော်… အခုတယောက်ထဲ က နေတာဆိုပေမယ့်

ဇာတ် သိမ်း က နှစ်ပါးသွားဗျ…ကျွန်တော့် မင်းသား အလှပြဖို့..ပြင်ဆင်နေတာ…ဖြစ်မှာ…

အယ်..သူလက်ခုတ်တီးတယ်…..တချက်….နှစ်ချက်…..လက်ဖျစ်တီးတယ်…..တ၀က်တပျက်

ချွေးသိပ်ပေးနေသလိုပဲဗျာ…. သူ့မရှိရှိက အားလေးနဲ့..အားပေးနေတယ်ဆိုတဲ့ အသိ….

အဆင်ပြေလာတယ်…. ဟုတ် ကျွန်တော် က နေတာကို အားပေး

တဲ့သူ..နဲ့…လက်ခုတ်သံကအရောင်မဲ့ပေမယ့်..ကျွန်တော့်မှာတော့..ပွဲကြည့်ပရိတ်သတ်နဲ့…

တဖွဲ့တနွဲ့ က … နည်းနည်းလေးတော့..အမောပြေ တယ်ဗျာ… တခါတခါလည်း.. ထ ထ ..

အော်ပေးတယ်… က ထား..မင်းသားလေး..လှတယ်..တဲ့…. တော်တော်တော့ကြာနေပြီ

ကျွန်တော် မျှော်နေတဲ့ မင်းသား…ဘယ်..နားမှာ…သွား….နား နေပါလိမ့်..မလာသေးဘူး

ဗျို့…ဇာတ်ဆရာ..မင်းသားလာမှာလား….ဒီမှာ…လည်း…အစကတည်းကမကောင်းတဲ့အသည်း

အလွမ်းတွေနဲ့ ဆက်သ က နေရတာ…များလွန်း..ကြာလွန်းလို့……မောပန်းချိနဲ့နေပါပြီ…

ခင်ဗျာ..

သူ့ညီမလေးက စာမေးပွဲတဖက်နဲ့မို့…..

ဗျာ…

သူ့အိမ်က ..အိမ်သူစီစဉ်ပြီးသားမို့…….

ဘာ…တကယ်က..ကျွန်တော့် မှာ အားပေးပရိတ်သတ်ရှိနေလို့…သူ..မကြွတော့ဘူး…ဟုတ်လား

ဟာ…ဘယ်လို ..လုပ်လိုက်တာလည်းဗျာ…ဟမ်….

ကျွန်တော်….ဘယ်လို…ဆက်လုပ်ရမှာလည်း….ကျွန်တော် ဘယ်လိုလုပ်ရမှာလည်း…….??????

ပရိတ်သတ်ကြောင့်…ဆို……ဘယ်မှာလည်း..ကျွန်တော်နောက်တယောက်….ကျွန်တော် လိုက်ရှာ

တယ်….ကျွန်တော်…လိုက်ရှာတယ်……. ကျွန်တော်….ရှာ……ခဲ့…တယ်

သူ ဈာ ပ နာ ချ တဲ့ပွဲမှာ အသံတောင် ပေးမသွားရှာဘူးသေပြီ….

သူ..နောက်ဆုံးအဖြစ်..လက်ခုပ်တီးခဲ့တဲ့…သဘင်သည်လေးရဲ့…ကျရှုံးခန်းအတွက်..

 သေ တမ်း စာ ငွေ့ငွေ့လေးက လှလှပပ ပြုံးပြ….သူ့သဘင်သည်လေး က ခဲ့တာ..

မင်းသားတယောက်ထဲ…အတွက်မို့…သူနောက်တယောက်ဖြစ်တဲ့ ကျွန်တော်..အသည်းမကွဲစေဖို့

ရှင်း ပြ ပေး ခဲ့ တယ်…….

ဒါပေမယ့်…ခပ်ရှက်ရှက်ပဲ…မင်းသားကထွက်မလာဘူး…

ပရိတ်သတ် သေ ပြီ…သဘင်သည် ကျွန်တော်လည်း အရူး လို ပဲ သွေးပျက်ခြောက်ခြား....

သေနိုင်လောက်တဲ့..အချစ်မီးတွေ..၀ိုင်း..လို့… အနှုတ်သက်သက်ပဲပြ..ရက်စက်တဲ့

စကားတွေ..ထပ်ကြား..ကြားနေလည်း…အသည်းကို လည်ဆင်းဆက်သ…ဒီမောင်မှ..မရရင်ဖြင့်

ဒီသဘင်သည်ရူးရချည့်ရဲ့ဆိုကာ..ရင်ဘတ်ကို ဟက်တက် ခွဲ… ဒူးလည်းထောက်..ဦးလည်းညွှတ်

မြေကြီးမှာ ခတွား..ကာ….ခစားခွင့်ရဖို့…အရူးရူး..အနှမ်းနှမ်း ထူးဆန်းထွေလာထဲကလို

သိက္ခာကိုအရည်ဖျော်…မာန တွေခ၀ါချပြစ်ခဲ့တယ်…….

.ဒါပေမယ့်မင်းသားက မဲ့ပြုံးတောင်..ပြုံးမပြဘူး…….

သွားပြီ..ဒီပွဲကိုဇာတ်ဆရာ.တောင်.သနားနေပြီ….

လောကကိုအမှောင်ချ          အချိန် ကို..အနားပေးလိုက်တဲ့. ခဏ..မှာ

သဘင်သည်လေး..ကျွန်တော်ခေါင်းငိုက်စိုက်ကျ…………….

ပရိတ်သတ်အသေလည်း..ပြာလိုလွင့်မျော….

ဇာတ်ဆရာ….ပြောတဲ့ နှစ်ပါးသွားပုံပြင်လည်း..တိမ်တိုက်တွေလို..ကြေမွ..

မင်းသားကလည်း..သံသယကြီး…ရင်မှာပိုက်လို့..ကျွန်တော့် အသက် ကို ဓားနဲ့ စိုက် ခွဲ

 

အဖြစ်အပျက်တွေအားလုံး………အစီအရီ..ငေးးးကြည့်.နေ မိ .

 

ကျွန်တော့်..ကိုယ်ခန္ဓာမှ..အချစ်ခိုးတွေ……တဖြည်းဖြည်း….လွင့်ပျယ် ပျောက်ဆုံး…

အနာဖေး…….တွေ…..တစစနဲ့ အကုန်ကွာကျ.. အတိတ်မှ..လက်ရှိဘ၀တိုင်…..

ခိုင်မြဲခဲ့သော….အစွဲအလမ်းတွေ. က .သိက္ခာတွေအားလုံးကိုအနိုင်ယူ

ချ..နင်း..ခံ..ခဲ့ရသော..

လျစ်လျူရှု စွန့်ပြစ်ခြင်းတွေ..ရင့်နင့်အောင်ကြေကွဲရခြင်းတွေ

အောက်ကျနောက်ကျ….ဆက်သ…ပြခဲ့သော… က ကြိုးးတွေ

အားလုံး…အားလုံး..အားလုံး………….

မျက်စိတဆုံးထိ…ကျွန်တော်..မှိတ်ပြစ်လိုက်တယ်…

 

သဘင်သည်လေး……ရဲ့..အသက်ရှုသံလှိုင်း.

 

ကျ ရှုံး လို့ နိမ့် ဆင်း သွား ပြီ

 

ပစ္စုပ္ပန် အနာဂတ်.နဲ့…သံသရာတိုင်း အတွက်….. အချစ် ကို အပြီးအပိုင် ဆွဲထုတ်ပြစ်ခဲ့တယ်။

 

(တစ်ယောက်သူက…တယောက်အား..လှည့်စားအပြု ကင်းပါစေ၊တရပ်ရပ်တွင် တယောက်မြင်

မာန် ၀င် ထေ မဲ့ ကင်းပါစေ)

In: Others Posted By: Date: Mar 10, 2012
Comment #1

ဖတ်ခဲ့ပြီးတဲ့ အမရဲ့ ကဗျာတွေထဲ
ဒီကဗျာကို အကြိုက်ဆုံးပါပဲ…

commentinfo By: SoFarAwayFromU at Mar 10, 2012
Comment #2

ဘာပြောရမှန်းတောင်မသိတော့ဘူး ဒီကဗျာဖတ်ပီး…. 🙁

commentinfo By: poohmay at Mar 10, 2012
Comment #3

ပစ္စုပ္ပန် အနာဂတ်.နဲ့…သံသရာတိုင်း အတွက်….. အချစ် ကို အပြီးအပိုင် ဆွဲထုတ်ပြစ်ခဲ့တယ်။

အဲလို ဖြစ်ချင်တယ် မိုးရယ်…..
အရမ်းကောင်းတာပဲ…..အားပေးသွားပါတယ်..

commentinfo By: kaythari at Mar 10, 2012
Comment #4

အသဲကွဲမိုးရေ…..ကျွန်တော်အရမ်းအားကျတယ်ဗျာ……………..တကယ်…..

commentinfo By: D26 at Mar 11, 2012
Comment #5

မမိုး….တကယ်ကောင်းတယ်ဗျာ…
ဘာပြော ရမှန်းမသိအောင်..ကောင်းတယ်…

commentinfo By: poem.poem28 at Mar 11, 2012
Comment #6

ကောင်းလိုက်တာ

commentinfo By: kantkawmg at Mar 12, 2012
Comment #7

အရှည်ကြီးရေးနိုင်တယ်နော်…..

commentinfo By: Moe pyar at Mar 23, 2012
Comment #8

တခါ လာ ပြန်ဖတ်သွားတယ် အသဲကွဲမိုးရေ…

commentinfo By: ကံ့ကော်မောင် at Mar 27, 2012
Comment #9

ကျွန်တော့် အားဆေးလေးများအားလုံး
အထူးကျေးဇူးတင်လေးစားလျှက်

commentinfo By: athaekwelmoe at Sep 8, 2012
Comment #10

အရျမ်ကောင်းတဲ့ စာသားလေးတွေ ပဲ ………………

commentinfo By: MYM at Sep 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment