Professional Authors

အမှတ်တမဲ့မှ အမှတ်တရသို့

လူတိုင်းကိုယ်ဆီ သတိမထားမိတဲ့ ကောင်းမှုလေးတွေ ပျော်ရွှင်စရာကောင်းတဲ့ အတိတ်လေးတွေ နောက် ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ၀မ်းနည်းမိတာလေးတွေ အဲ့လို အမှတ်တရလေး တွေ ရှိခဲ့ကြတာပေါ့ ၊၊၊၊၊၊၊၊
    ကျွန်တော် ရဲ့ ဘ၀မှာ အမှတ်တမဲ့ အဖြစ်အပျက်လေး တွေ အများကြီး ကြုံခဲ့ဖူးတယ် မှတ်မှတ်ရရ လေး တစ်ခုပေါ့ တစ်ချို့တစ်လေ နဲ့တော့ ခံစားချက်ချင်တော့မတူနိုင်ဘူးလေးးး ကျွန်တော်ခံယူချက်လေးပေါ့နော် ၊  အခုပြောမယ့် အဖြစ်အပျက်လေး က တော်တော်လေးလဲ ကြာပါပြီးးး ကျွန်တော် အသက် ၂၁ လောက် ကပေါ့ လှည်းတန်း မှာ ညပိုင်းကို ကားဂိတ်နားမှာ ဆိုင်တွေ အခုလောက်  မများသေတဲ့ အချိန်ပေါ့ ကျွန်တော် ရယ် သူငယ်ချင်း (၂) ရယ် ပေါ့ အလုပ် ဆင်းချိန် ည (၈)နာရီလောက်ပေါ့
လမ်းဘေးထမင်းကြော်ဆိုင်လေး မှာ ထမင်းကြော်စားနေကြချိန်ပေါ့ …… အသက် (၇၀) အရွယ် အဘွာအို တစ်ယောက် က အနားလားပြီးတောင်းတယ် ( အဘွားကို ထမင်းဖိုးလေး သနားပါ ) တဲ့ ကျွန်တော် ထမင်းနှင်သွားရတယ် ဗျာ ကျွန်တော် စိတ်ထဲမှာ အတွေးတစ်ခုပေါ့ ၀င်သွားတယ် အဲ့ဒီအဘွားအို ဟာ ကျွန်တော် အဘွားသာ ဖြစ်လိုက်ရင် ဆိုတာ စိတ်ထဲဘယ်လိုမှ မကောင်းနိုင်ဘူးဖြစ်သွားတယ်လေ….. ကျွန်တော် လည်း သူငယ်ချင်းတွေ ကို ခွင့်တစ်ချက်တောင်းလိုက်တယ်  ( ငါ အဘွား ကို ထမင်းကျွေးမလို့ အခု ၀ိုင်းမှာ ပဲ ဖြစ်မလား ) ပေါ့ မေးလိုက် သူတို့ ကလဲ ကြည်ဖြူစွာ နဲ့ ခွင့်ပြုကြပါတယ် အဲ့ဒါနဲ့ ကျွန်တော် အဲ့ဒီ အဘွားအို ထမင်းကြော်လေး တစ်ပွဲ ၀ယ်ကျွေးခဲ့တယ် နောက် သူ့ ကို ပိုက်ဆံအနည်းငယ်လှူပြီး ပြန်လွှတ် လိုက်တယ် ဗျာ ၊ အဲ့ဒီအချိန် ကတော့ တစ်ချို့ က ကျွန်တော့်ကို ပြောတယ် ဗျ မင်းက သူရဲကောင်းလား တဲ့ မဟုတ်ပါဘူး၊ အဘွားအိုရဲ့ ပုံစံကိုမြင်လိုက်ချိန်မှာ ကိုယ်ချင်စားတရာလေး တစ်ခု ရင်ဘတ်ထဲ ကို ၀င်လို့ပါ ဘာမှမရည်ရွယ်ပါဘူးး အခုချိန်ထိ ကျွန်တော်အတွက် အမှတ်တမဲ့ ကနေ အမှတ်တရလေး ဖြစ်သွားခဲ့တာပါ

ကဲ အားလုံးပဲ မိမိပတ်ဝန်ကျင်မှာ ရှိတဲ့ အိုးမင်းမစွမ်းတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပါ ၊ကူညီကြပါ၊ ကျွန်တော်တို့ အားလုံးက အခုလို စောင့်ရှောက်မှ လဲ သူတို့ ရဲ့ ဘ၀နေ၀င်ချိန်လေးမှာ သာယာမှုလေးတွေ ၊ ငြိမ်းချမ်းမှုလေးတွေ ကို အများကြီးမဟုတ်တောင်၊ အချိန်နည်းနည်းလောက် စိတ်ချမ်းသာ မှုလေး ရသွားမယ် ဆိုရင်ပဲ———————————————————————————————— —

In: Others Posted By: Date: Dec 8, 2011
Comment #1

တစ်ကယ်ဆိုရင် ငါဟာသူရဲကောင်းတော့မဟုတ်ဘူး ““ငါသာဆိုရင်”” ဆိုတဲ့ကိုယ်ချင်းစာတရား ထားတာပါလို့ပြောလိုက်မှာပါ ဒီလိုသနားတက်တာဟာ ဗုဒ္ဓတရားတော်နှင့်လည်းညီတဲ့အတွက် အားပေးပါတယ် နောက်လည်းအများကြီးကူညီနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သူများအကျိုးဆောင်တဲ့အတွက် ကိုယ်အကျိုးလည်းအောင်ပါစေ……။
ဝင့်

commentinfo By: ၀င့်ထက် at Dec 8, 2011
Comment #2

ကောင်းမှုကုသိုလ် ပြုတဲ့ ညီလေး ရေ…
သာဓုပါကွယ် သာဓု သာဓု

commentinfo By: kyagee13 at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment