Professional Authors

ချိုမြခြင်း ရဲ့ ……………

နှလုံးသားတစ်ခုနဲ့တစ်ခု
ချစ်ကြိုးဖွဲ့နှောင်
မေတ္တာသဘောဆောင်ပြီး
ကြင်နာခြင်းမျှ
ကရုဏာထား
မုဒိတာပွားကြည့်ကြပါ
လောကရဲ့ ဓမ္မတာမို့
သင်လည်းချစ်တာပဲ
ကျွန်တော်လည်းချစ်တာပဲ
သူမလည်းချစ်တာပဲ
အားလုံးအားလုံးကချစ်ကြတာပဲ
အဲ အားလုံးက ချစ်တယ်လို့ပဲသုံးနှုန်းတာပဲ
အဲ့ဒါရဲ့နောက်ကွယ်
ချစ်ခြင်းရဲ့အသွင်ပုံစံ ဟာ
အမျိုးမျိုးပြောင်းနေလေရဲ့
စွန့်လွှတ်ချစ်တယ်
ရယူချစ်တယ်
ပူလောင်စွာချစ်တယ်
အေးမြစွာချစ်တယ်
တိတ်တခိုးချစ်တယ်
ပေါ်တင်ချစ်တယ်
ချစ်တယ်ချစ်တယ်
လောကမှာ ဒီစကားလုံးက
ထူးထူးဆန်းဆန်းဗျ
အကုန်လုံးက
အရေးပေးပြောကြတယ်
ရေးကြတယ်
ဟောကြတယ်
ရုပ်ရှင် ရိုက်တယ်
သီချင်းတွေ ဆိုတယ်
အို စုံနေတာပဲ
အချစ်က နာမည်ကြီးသလို
သူ့ရဲ့ ဆန့်ကျင်ဘက်
ဗီလိန်- အမုန်း
အဲ့ဒီ ကောင်လဲ
သက်သက် နာမည်လိုက်ကြီးတယ်
သူလဲ ရုပ်ရှင်တွေထွက်တယ်
သီချင်းတွေထွက်တယ်
အချစ်ကြောင့်ပျော်သလို
ဒီကောင့်ကြောင့်ဒုက္ခရောက်တယ်
ဒါပေမယ့်
ဒီကောင်မရှိလို့လဲ မရဘူးဗျ
ဘာလို့လဲ ဆိုတာ
လောကကြီးမှာက
`အရှုံးနဲ့ အနိုင်´
နှစ်ခုပဲရှိတယ်လေ
သူများတွေရဲ့
win-win theory က
အချစ်မှာ မရှိဘူး
အချစ်မှာက မုန်းတာနဲ့ချစ်တာ
နှစ်မျိုးပဲ ရှိတာ
သူများပြောသလို
ငြင်းခံရတာ တွေဘာတွေက
အဲ့ဒါတွေက ဇွဲ မရှိလို့လေ
သေချာတယ်
ချစ်ရင် ချစ်တယ်ဖြေမယ်
မုန်းရင် မုန်းတယ်ဖြေမယ်
ဘာပဲ ဖြစ်ဖြစ် နှစ်ခုစလုံးကို
ကြိုက်တယ်လေ
ဘာကြောင့်လဲ ဆိုတော့
အချစ်ဆိုတာ
အမုန်းရှိလို့ချိုမြနေတာ………………………………………..။

In: Others Posted By: Date: Dec 2, 2011
Comment #1

wow,,,,
latest idea.
the world’s best decision.
really nice.

commentinfo By: ei lay at Dec 3, 2011
Comment #2

really nice
really meaningful
both title & poem are really perfect

commentinfo By: ei lay at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment