Professional Authors

ဟီလာရီကလင်တန် ဘာကြောင့် မြန်မာပြည်ကို လာရလဲ

ယခုဆောင်းပါးပာာ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှာ ဖော်ပြထားတဲ့ ၊ အားနက်(စ်)ဇက် ဘိုဝါရဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာရောက်လည် ပတ်မူနဲ့ပတ် သက်ပြီး     ၊ မြန်မာနိုင်ငံရေးအလားအလာအပေါ်သုံးသပ်ထားချက်ဖြစ်ပါတယ်။ သဘောတူသည်၊ မတူသည် ခဏထား၊ အခြားသောဖက်မှဆင်ခြင်နိုင်ရန်ပြန်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ ခက်ထန်သည်ဟုယူဆရသော စကားလုံးများကို အနည်းငယ် ပြုပြင်သုံးစွဲသည်မှလွဲလို့ မူရင်းဆောင်းပါးရှင်ရဲ့အာဘော်ကိုမိအောင် အတတ်နိုင်ဆုံး ကြိုစားပြန်ဆိုထားပါတယ်။ မတူသောအယူအဆကွဲများရှိလျှင်လဲ လွတ်လပ်စွာကွဲလွဲနိုင်ကြပါကုန်။

 

ဟီလာရီကလင်တန် ဘာကြောင့် မြန်မာပြည်ကို လာရလဲ။  တိုတိုတုပ်တုပ်နဲ့အဖြေပေးရရင် စစ်အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေလုပ်လာ နိုင်အောင်လို့ အခွင့်အရေးတွေ ပေးဖို့လို့ဆိုရပါမယ်။ ကလင်တန် ဟာ  မြန်မာပြည်ကို လာရောက်မယ့် ပထမဦးဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ သူ့အရင် တစ်ယောက်ကတော့ John Foster Dulles ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်က လာရောက်ခဲ့သူပါ။ သူမက ဒီဇင်ဘာ ၁ရက်၊ ၂ရက်လောက်လာဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ အခြေခံအားဖြင့်တော့ သူမအစီအစဉ်က အစိုးရရဲ့ အပြောင်းအလဲတွေလုပ်လာမူအပေါ် အသိအမှတ်ပြုတယ်ဆိုတဲ့ သဘော၊ တကယ့် အပြာင်းအလဲ တွေလုပ်လာနိုင်အောင်လို့လည်း အမေရိကန်အစိုးရအနေနဲ့ အပြုသဘော ဆောင်တဲ့သဘောလို့လည်း ဆိုရပါမယ်။ ဒါဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ သမိုင်းတွင်ရစ်မယ့် အခွင့်အလမ်းတစ်ခုလို့လည်းပြောနိုင်ပါတယ် ။ ဦးသိန်းစိန် အစိုးရက မြန်မာပြည်မှာ အပြောင်းအလဲတွေလုပ်ဖို့ တကားကိုဖွင့်ထားပြီ၊ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ သိုပေသည့်တိုင် အတိတ်က စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ တံခါးပိတ်ဝါဒကျင့်သုံးပြီး   စိုးစိုးရွားရွားနှိပ်ကွပ်မူတွေကြောင့် သမိုင်းက သတိကြီးစွာနဲ့ စောင့်ကြည့်နေဆဲပါ။ ဒီလိုပြုပြင် ပြောင်းလဲရေးတွေလုပ်တာကိုလည်း စစ်ဗိုလ်ချုပ်မူးကြီး သန်းရွှေရဲ့ ရွှေ့ကွက်တွေလို့ သုံးသပ်သူတွေရှိပါတယ်။ ဒီတော့ သူအနေနဲ့ ဘယ်အခြေ အနေမျိုးမှာဖြစ်ဖြစ် နောက်ကြောင်းပြန်လှည့်မယ်ဆိုရင် သိသိသာသာကြီး ဘူးပေါ်သလို ပေါ်သွားမှာပါ။ ဒီအခြင်းအရာနဲ့ ပက်သတ်ပြီး လေ့လာသူတွေဘက်ကတော့ အနည်းအငယ်  ပြောကြဆိုကြတာကလွဲလို့  ဒီတစ်ကြိမ်လည်း ဘာမှထူးမှာမဟုတ်ဘူး မဲပြာပုဆိုးလို့ပဲခံယူထားကြပါတယ်။ အိုးဘားအစိုးရကတော့ အပြောင်းအလဲတွေ လုပ်လာနိုင်အောင်လို့ ဒီအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ထားပြီးချဉ်းကပ်တာမျိုးပါ။ ဒီချဉ်းကပ် မူမျိုးဟာ သိပ်ကိုတာသွားတယ်လို့ဆိုရမလိုတောင်ဖြစ်နေပါတယ်။

 

ဒီတော့ ကျွန်တော့်မှာမေးစရာမေးခွန်းတစ်ခုရှိလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ဖြေစရာ အကြောင်း အရင်းသုံးခုရှိပါတယ်။ မြန်မာပြည်ဟာ ဘာလို့ခုမှ အပြောင်းအလဲတွေလုပ်နေရလဲ။

(၁)အချက်။ ။ အမျိုးသားရေးဝါဒ၊ အခြေခံအဆောက်အအုံ၊ စစ်ရေးအခွင့်အလမ်းရရှိနိုင်မူနဲ့ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမူကို ချိန်ခွင်လျှာငြှိဖို့ အခြေအနေတွေလိုအပ်လာတယ်။ တရုတ်ရဲ့ အချုပ်ခြာအာဏာပေါ် ထိပါးလာတဲ့ စီးပွားရေးလွှမ်းမိုးမူတွေကြောင့်  မြန်မားခေါင်းဆောင် တွေကြားမှာ တိုးတိုးတိတ်တိတ် အသံတွေထွက်လာသလို။ ပြည်းတွင်းစီးပွားရေးပညာရှင် တွေကလည်း တရုတ်ကုမ္ပဏီတွေရဲ့ ကုန်စည် တွေကိုဈေးပေါပေါနဲ့တင်သွင်းပြီး ပြည်တွင်းဈေးကွက်မှာ ချယ်လှယ်ချင်တိုင်းချယ်လှယ်နေမူအပေါ်ကို ကျေနပ်မူမရှိကြဘူး။ ဒီအချက်တွေကိုထောက်ကြည့်ရင် မြန်မာနိုင်ငံဟာ ရွေးချယ်နိုင်ခွင့်တွေရရှိဖို့နဲ့၊ ဝင်ဆန့်နိုင်မူတွေ (Options and Space)လိုလားလာတာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

 

(၂)အချက်။  ။ ဦးသန်းရွှေအနေနဲ့ အဒီလို တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ဆက်ပြီးသွားမယ်ဆိုရင် သူ့ထက်ပိုပြီးရက်စက်ကြမ်းကြုတ်တဲ့ စစ်ဗိုလ်ချုပ်တွေ ထွက်ပေါ်လာမှာဖြစ်သလို သူ့မိသားစုဝင် တွေအတွက်ကော၊ သူ့အတွက်ပါအန္တရာယ်များလာနိုင်တယ်ဆိုတာ သူကောင်းကောင်း သဘောပေါက်လာပါတယ်။ ဒီတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေလုပ်ပြီး ပါဝါကိုဖြန့်တာဟာ သူ့အတွက် ယိုယွင်းလာနိုင်ချေရှိတဲ့ စစ်စွမ်းပကားကနေ သက်သာရာရာလာမှာဖြစ်ပြီး အပြောင်းအလဲတွေကိုလည်း ဘေးကနေထိုင်ပြီး လုပ်ဖို့ အခွင့်အရေးတွေကိုရလာမှာဖြစ်ပါတယ်။

 

နောက်ဆုံးအချက်ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တိုးတိုးတိတ်တိတ်ပဲဖြစ်စေ၊ မသိမသာပဲဖြစ်စေ၊ ရှောင်ရှားလို့မရနိုင်တဲ့ လူထုပေါ်အာဏာတည်မယ့် ဒီမိုကရေစီတူရူချက်  တွေထွက်ပေါ် လာနေတာပါပဲ။ဒါဟာ  အရှေ့အလယ်ပိုင်းမှာဖြစ်ပျက်နေတဲ့ အာရပ် နွေဦးပေါက်တော်လှန်ရေးထက် အာဆီယံမှာဖြစ်ပျက်နေတဲ့ နွေဦးပေါက်တော်လှန်ရေးက ပိုပြီးညှင်သာပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံအစိုးရတွေဟာ အာဏာကို ပြုပြင်ပြောင်လဲမူတွေလုပ်ရင်းကနေ ရလာခဲ့ကြခြင်းဖြစ်ပါတယ်။ ဥပမာ။ ။မလေးရှားမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာက သူ့ညွှန့်ပေါင်းအစိုးရကို ကယ်ထုတ်ရင်း သမိုင်းဝင်ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်။ ဗီယက်နမ်မှာ ကွန်မြူနစ် ပါတီက သူ့ပါတီ သက်ဆိုးရှည်အောင်လို့ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေပေးတယ်။ စင်္ကာပူမှာ လက်ရှိအာဏာရနေတဲ့ လူထုလူပ်ရှားမူပါတီက မေလမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ လူထုကိုအံ့အားသင့်စေတယ်။ ဖိလစ်ပိုင်မှာ မျော်လင့်မထားတဲ့ ပြုပြင်ရေးသမားတစ်ယောက်ကို သူ့မိခင်အမွေအနှစ်ပေါ်အခြေခံပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှေက်တယ်။ အင်ဒိုနီးရှားက  အာဏာရှင်စနစ်ကိုတွန်းလှန်ပြီး ကိုယ်ပိုင်ဝိသေသတွေနဲ့ယှက်ဖောက်ထားတဲ့ ဒီမိုကရေစီပုံစံသစ်ကို ဖော်ကျူးတယ်။ ထိုင်းနိုင်ငံမှာ မဲထည့်ဝင်သူတွေ(ပြည်သူ)က သူတို့နိုင်ငံခေါင်းဆောင်ရွေးချယ်ရာမှာ ခြေမကိုင်မီလက်မကိုင်မီဖြစ်နေကြတယ်။ ဒီတူရူချက်က စိတ်ဝင်းစားစရာကောင်းပြီး နောင်လာမယ့် ဆယ်စုနှစ်မှာ တရုတ်လွှမ်းမိုးမူက အာဆီယံကိုပြောင်း  လဲစေမှာထက်အာဆီယံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကတရုတ်အပေါ်သက်ရောက်လာမှာ    ဖြစ်ပါတယ်။

 

မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွေလုပ်လာနိုင်အောင်လို့ နိုင်ငံခြားဝန်ကြီး ကလင်တန် စေလွှတ်တဲ့ ဆုံးဖြတ်ချက်ဟာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို အမေရိကန်ရဲ့ မဟာဗျူဟာ ကောက်ကြောင်းကို အရှေ့တောင်အာရှမှာ ပုံဖော်ပြီး၊  ဒေသတွင်းလုံခြုံရေးသစ်နဲ့ ကုန်းသွယ်ရေး ဗိသုကာ ကို ပုံလောင်းမူတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါမှသာ အာဆီယံအား ကောင်းလာပြီး။ တရုတ်ကို လုံလုံခြုံခြုံ  ကြီးထွား(ဖွံ့ဖြိုး)လာနိုင်အောင်လို့လည်း ရေခံမြေခံကောင်း တစ်ခုဖန် တီးပေးရာရောက်ပါတယ်။ဒီအကြံအထမြောက်ဖို့ဆိုလျင် အမေရိကန်အစိုးရအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီနဲ့နားလည်မူယူ ထားရမှာဖြစ်သလို ပိုပြီးမြင်သာတဲ့ စေ့စပ်ညှိနိုင်းမူတွေလည်းလုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ အလျော်အစားနည်းနည်းနဲ့ အလုပ်ဖြစ်မယ့် လုပ်အားနဲ့၊အချိန်ကဲ ချဉ်းကပ်မူပါ။

 

အမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံပေါ်လစီသစ်ရဲ့ အဓိကအချက်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းပါ  ။( သူမက ကိုယ်ကျိုးမဖက်ပဲ ဒီမိုကရေစီရအောင် စွမ်းစွမ်းတမံလုပ်ဆောင်နေသူ)။ အမေရိကန်အထူးကိုယ်စားလှယ် ဒီရက်မစ်ရှယ်(လ်)  Derek Mitchell၊ အခြားအရေးပါပုဂ္ဂိုလ်တွေနဲ့ (အမေရိကန်) အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့စဉ်နီးပါး အဆက်အသွယ်တွေရှိနေတယ်။ သူမက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်လို့လည်း ထုတ်ပြန်ကြေငြာထားပြီးပြီ။ ဦးသိန်းစိန်အ ပေါ်လည်းယုံကြည်မူရှိတယ်။ အခြားရွေးချယ်စရာမရှိဘူးလို့လည်းယုံကြည်တယ်။ ဦးသိန်းစိန်အနေနဲ့လည်း အပြောင်းအလဲကို ဘယ်လောက်ထိဆောင်းကြဉ်းနိုင်လဲဆိုတာကိုလည်း စမ်းသပ်ဖို့ပဲ  လိုပါတယ်လို့သူမကပြောပါတယ်။

လောလောဆယ်မှာတော့ ဦးသိန်းစိန်အနေနဲ့ အပြောနဲ့အလုပ်ညီတယ်လို့ ပြောနိုင်လောက်တဲ့ ကတိကဝတ် တစ်ချို့ကိုအကောင်အထည်ဖော်ထားပါတယ်။မီဒီယာကဏ္ဍာကို ဖြေလျှော့ပေးတာ၊ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်

ပွဲဝင်နိုင်အောင်လို့ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေးဆွဲတာ၊ အလုပ်သမားအဖွဲ့စည်းတွေတည်ထောင်နိုင်တဲ့ဥပဒေတွေပြဌန်းတာ၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့စည်းတွေအကြားဆွေးနွေးမူတွေလုပ်တာ( Collective bargaining)၊နိုင်ငံရေးအကျဉ်းသမားတွေ လွှတ်ပေးတာတွေကိုလုပ်ပြခဲ့ပါတယ်။ဒီခြေလှမ်းတွေက အပြောင်းအလဲတွေလုပ်ဖို့  ယုံကြည်နိုင်လောက်တဲ့ကတိကဝတ်တွေကို ပြသခဲ့တယ်လို့ဆိုရပေမယ့်၊ လက်ငင်းချက်ချင်းမှာလုပ်ဆောင်စရာတွေ တစ်ပုံတစ်ပင်ကျန်နေပါသေးတယ်။ ဒီထက်ပိုပြီးခက်ခဲမယ့်ခြေလှမ်းတွေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် လုပ်ကိုလုပ်ရမယ့် ၊မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမူတွေကို အကောင်အထည်ဖော်ဖို့ဖြစ်ပါ တယ်။

 

အမေရိကန်အစိုးရက ဒီခြေလှမ်းတွေအကောင်ထည်ဖော်မဖော်ကိုစောင့်ကြည့်နေပါတယ်။ ပိတ်ဆို့အရေးယူမူတွေကို မကြာခင်မှာပဲ ရုတ်သိမ်းလိမ့်မယ်လို့ သိပ်ပြီးမမျှော်မှန်းထားကြပါနဲ့။ အကယ်၍ တကယ်လို့များ အိုးဘားမားအစိုးရက ရုတ်သိမ်းချင်ရင်တောင်မှ သိပ်ပြီးမြန်မြန်ဆန်ဆန်ကြီးလုပ်ဆောင်နိုင်မှာမဟုတ်သလို ပိတ်ဆို့အရေးယူမူနဲ့ ဆိုင်တဲ့ ဥပဒေရေးရာ တွေက ရူထွေးလွန်းလှပြီး ရုတ်သိမ်းမူတွေလုပ်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရက လက်ရှိရှိနေရာကနေ တစ်ဆင့်တက်ပြီး ပြုပြင်ပြောင်းလဲမူတွေကို အရှိန်မြှင့်သွားမယ်ဆိုရင် အမေရိကန်အစိုးရကပိုပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလှမ်းလာမှာ ဖြစ်သလို အစိုးရနှစ်ဖက်ကြား ဆက်ဆံရေးဟာ ပုံမှန်အနေထားရှိလာမှာ ဖြစ်ပါတယ။် အဒီလို အစိုးရဘက်ကတကယ်ပဲ ပြပြင်ပြောင်းလဲမူတွေကို တိုးမြှင့်မယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ခုလုပ်ရပ်ဟာ ဗီယက်နမ်ကို လုပ်ခဲ့ပုံနဲ့ ဆင်ဆင်တူသွားပါလိမ့်မယ်။ မြန်မာအစိုးရက ခုလိုပြုပြင်  ပြောင်းလဲမူတွေ တိုးမြှင့်လာတာနဲ့အမျှ အစိုးရနှစ်ဖက်ကြား အပြန်အလှန်နားလည်မူတွေ တည်ဆောက်ပြီး ပုံမှန်ဆက်ဆံရေး အတိုင်တာတစ်ခု ထိရောက်တဲ့အခါ ပြေလည်သွားပါလိမ့်မယ်။

 

ခုလာမယ့် နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။ ဒီ့ပြင်မနီးတော့ တဲ့ကာလမှာ အမေရိကန်အစိုးအနေနဲ့ မြန်မာနိုင်ငံအပေါ်လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေရှိပါတယ်။ဥပမာ။  မြန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးခန့်အပ် တာမျိုး၊ မြန်မာနိုင်ငံကို ဗားမားလို့ခေါ်ရာကနေ မြန်မာလို့ အသိမှတ်ပြု ခေါ်ဆိုတာမျိုး၊ အမေရိကန် ပြည်ထဲရေးကထုတ်ပြန်ထားတဲ့ လူပုဂ္ဂိုလ်များအစီရင်ခံစာမှာ လူကုန်ကူမူနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဟာအဆင့်(၃) ရှိရာ ကနေ ပြန်လည်ပြင် ဆင် သတ်မှတ်   ပေးတာမျိုးတွေစတဲ့ လုပ်ဆောင်ချက်တွေ ကို လုပ်ဆာင် မှာဖြစ် ပါတယ် ။ ဒါကြာင့် ကလင်တန်ခရီးစဉ်ဟာ အချိန်ကောင်းအခါကောင်း နဲ့သင့်နေတယ်လို့ဆိုရပါမယ်။

 

စာညွန်း။ ။ why go to Myanmar by Ernetst Z. Bower

In: Others Posted By: Date: Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment