Professional Authors

ချစ်သူသို့……(၁)

လောင်ကျွမ်းခြင်းတွေထဲမှာ…ဘာအတွက်ပဲဖြစ်စေ..ဘာကြောင့်ပဲဖြစ်စေ

ကိုယ့်ကိုကိုယ်လောင်ကျွမ်းရတာမျိုးကိုပဲကြိုက်တယ်……..။။။

ကိုယ်တို့ဝေးသွားကြမလား…နီးသွားကြမလား……ကိုယ်ဘယ်နှစ်ကြိမ်

လောက်များမေးခဲ့မိပါလိမ့်……..။

ပြုံးနေတဲ့ချစ်သူ့မျက်နှာကိုဒီနေ့မြင်နေရတာမသေချာတော့မယ့်

မနက်ဖြန်အတွက်ပိုသေချာတယ်………….။

တကယ်လို့ကိုယ်တို့ဝေးသွားကြရင်လို့စကားစလိုက်တိုင်း…ကိုယ့်ဆံပင်

တွေကိုဖွဖွပစ်ပြီး ‘အရူးမလေး’ လို့ခေါ်လိုက်တာနဲ့တင်ကိုယ့်စကားတွေ

ကျပျောက်တတ်နေကျ……။

ကိုယ်ကမတွေဝေတတ်ပေမယ့်ခံစားလွယ်လွန်းတယ်………ကိုယ့်ရဲ့အား

နည်းချက်ပါ……မျက်ရည်မကျအောင်နေချင်တယ်……..။

‘သွားပါတော့…ကိုယ့်ကိုထားခဲ့လိုက်တော့’

တချိန်လုံးနှုတ်ဆိတ်နေသမျှ ဒီစကားကြားရင် ‘မောင့်မျက်လုံးကိုသေချာ

ကြည့်ပြီးပြော’တဲ့ အဲဒီမှာတင်ကိုယ်ရှုံးသွားပြီ…..။

မျှော်လင့်ခြင်းဆိုတာ..ကိုယ့်အတွက်မဟုတ်တဲ့လက်ဆောင်တခုပါ…

အိမ်မက်ဆိုတာ….ကိုယ်မက်မောလွန်းလို့မမက်ရက်တဲ့အရာပါ….

မနက်ဖြန်ဆိုတာ….ကိုယ်ကိုတိုင်ပြင်ဆင်ခွင့်မရှိတဲ့နေ့စွဲများပါ…..

တစုံတယောက်ကများ မသေခင် ကိုယ့်ဆ္ဒတခုကိုပြောခွင့်ပေးရင်ပေါ့

ကိုယ်က အဖြူရောင်တိမ်တိုက်တခုဖြစ်ဖို့ဆန္ဒရှိတယ်ကွယ့်

ဒါမှကိုယ်က ချစ်သူ့သွားလေရာမှာ ဖြူစင်ခြင်းတွေများများဖြန့်ခင်းပြီး

သူ့တကိုယ်စာအုပ်မိုးလုံခြုံခွင့်ပေးနိုင်မှာ…..။။။

အမရာ

In: Others Posted By: Date: May 17, 2010
Comment #1

phat shu arr pay twar par d

commentinfo By: ei lay at Mar 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment