Professional Authors

ပျော်စရာနေ့

နေ့လေး တစ်နေ့ကို အမှတ်ရနေမိတယ်။ အဲ့နေ့က သူများတွေအတွက် သိပ်မထူးဆန်းတဲ့နေ့ပေါ့။ ကျွန်မ အတွက်တော့ ထူးဆန်းခဲ့ပါတယ်။ မှတ်မှတ်ရရပေါ့ အဲ့နေ့က မိုးလေးဖွဲဖွဲရွာနေတာ။ အဲ့နေ့ကပေါ့ သူက ဖုန်းဆက်ခဲ့တယ်။ မုန့်တူတူ သွားစားရအောင်တဲ့လေ။ ပျော်လိုက်တာ။ သူ့ကားဖြူလေးနဲ့ ကျွန်မကို လာခေါ်တယ်။ သူ့ကားတံခါးလေးဖွင့်ပေးတာကိုလဲ ကျွန်မက ပျော်တာပဲ။ မုန့်ဆိုင်ရောက်လို့ ကျွန်မကြိုက်တာလေးကို မှာပေးတာလဲ ကျွန်မပျော်တာပဲ။ အဲ့နေ့ကလေ သူ့ကားပေါ်မှာ ထိုင်ရင်း ဘေးတိုက်မြင်နေရတဲ့ သူ့မျက်နှာလေးကို ခိုးခိုးကြည့်ရတာလဲပျော်တာပဲ။ အဲ့နေ့က သူ့ရဲ့အပြုအမူလေးတွေက အရမ်းချစ်စရာကောင်းတာပဲ။ သူကျွန်မကို အဲ့လို ဂရုစိုက်မယ်လို့ ကျွန်မမထင်ခဲ့ဘူးလေ။ ကျွန်မအရမ်းကိုပျော်တာပဲ။ ခုနောက်ပိုင်း သူမအားတော့သလို ကျွန်မတို့တွေ့ဖို့အချိန်တွေလည်းမရှိခဲ့ဘူး။ ဒါပေမယ့်လေ တစ်နေ့ အဲ့နေ့လေးကိုပဲ မှတ်ထားပြီး ပျော်နေတာပါ။ ကျွန်မယုံကြည်တယ်လေ ဒီလိုမျိုးလေးတွေကို မှတ်ထားရင် နောက်ပိုင်းလည်း ဒီလိုမျိုးရက်လေး တစ်ရက်လောက်တော့ ထပ်ရအုန်းမယ်လို့။ သူလဲ အဲ့မုန့်ဆိုင်ကို သွားတိုင်း ကျွန်မကို သတိရနေမယ်လို့ ယုံကြည်တယ်။

In: Others Posted By: Date: Oct 20, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

ကျေးဇူး လုလင်ရေ 🙂

commentinfo By: raingirl at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment