Professional Authors

မိုးတွေရွာတော့မယ် . . . .

မိုးရာသီ ကိုရောက်လာတော့မယ် . . . . ။
အချိန်အတိုင်းအတာ တစ်ခုက ကြေကွဲစရာတွေ ရယ် ၊ မြေဖြူနဲ့ လျှောက်ခြစ်ထားတဲ့ သရက်ပင်တစ်ပင်ရယ် ကို ကျွန်တော် လွမ်းနေမိတယ် သူငယ်ချင်းတို့ရယ် . . ။ နောက်ပြီး ဘာရယ်မဟုတ် စိတ်က ပျော်လာပြီဆို တောင်မှန်းမသိ ၊ မြောက်မှန်းမသိ ၊ ဘာမှလည်း ရေရေရာရာမရှိတာ ကိုမှ ထအော်တတ်တဲ့ မိန်းမတစ်ယောက်ကို လည်း သတိရတယ် ။ သြော် . . . တစ်ခါတစ်လေ ဘာကိုမှ မရည်ရွယ်ဘဲ အော်လိုက်တာက သူ့ကိုအရိပ်လို စောင့်ကြည့်နေတတ်တဲ့ သူကို ခါးသီးစရာ ပဲ့တင်ထပ်သံကြားစေတယ် ဆိုတာ အနာဂတ်ကို ကြိုမမြင်တဲ့သူ ၊ မျက်လုံးတွေကို သူမ အတင်းမှိတ်ထားခဲ့တယ် ။ တကယ်တမ်းကျတော့ သူမ ဟာ ကျွန်တော့် ချစ်သူ မဟုတ်သလို ၊ သူမ ကိုကြင်နာ ခဲ့တာက သူများ မဟုတ်ဘုး ။ သူမ အနေနဲ့ ကျွန်တော့်ကို မချစ်သလို ၊ မုန်းတီးဖို့လည်း သူမ မကြိုးစားခဲ့သလိုပါပဲ . . . . ။
တစ်ခါတစ်လေ တွေများခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့အတိတ်ဟာ တကယ်တမ်း ကိုင်တွယ်ဖို့ ခက်တဲ့ သံယောဇဉ်တွေ နဲ့ မုန်းတီးလိုက်ဖို့၊ မေ့ပစ်လိုက်ဖို့ ကြိုးစားမယ်ဆို ၊ ကာရန်လိုက်ဖို့တော့ မဟုတ်ဘူး ၊ ကျွန်တော့်ကိုသာ အဆုံးစီရင်လိုက်ပါ ။သူမ ပြောတတ်ပါတယ် . . . . ” အချစ်ဆိုတာ ဘာလဲ ” တဲ့ . . . . ။
သြော် . . . . ဒါဟာ ၀တ္ထုတွေထဲ ဇာတ်ကောင် မင်းသမီးတွေ မေးသလို ၊ ကျွန်တော့် ရင်တွေ မလှုပ်ရှားခဲ့ပါဘူး ။ တစ်ခုပဲ . . . . အဲ့နေ့က ကျိမ်းသေ မိုးရွာခဲ့တယ် ။ ဟုတ်တယ် အဲ့နေ့က သူမ ငိုခဲ့တယ် ။ ငါ့စကားတွေ လည်း သေဆုံးခဲ့သလို ငါ့လက်တွေလည်း ပြတ်ခဲ့သလို ငါ ဟာ ဒုက္ခိတ တစ်ယောက် ဖြစ်ခဲ့တယ် ။ ပြောရရင် ကျွန်တော် မဖြေတတ်ခဲ့ သလို ၊ ရမ်းဖြေဖို့လည်း မကြိုးစားခဲ့ပါဘူး ။ တကယ်တမ်း ဖြေတတ်ပြီလို့ အနီးစပ်ဆုံး သိရတဲ့အချိန်မှာတော့ သူမ နေမကောင်း ဖြစ်နေခဲ့ပါတယ် ။ ဒါပေမဲ့ သူမ ကြားနိုင်အောင် ကျွန်တော့် အသံတွေက သူမအိပ်မက်တွေ ထဲမှာ ကျယ်လောင်နေခဲ့လောက်တယ် ။ အချစ်ဆိုတာ နင့်ကိုဂရူစိုက်နေရင်ဖြစ်စေ ၊ နင်ကတစ်စုံတစ်ယောက်ကို ဂရူစိုက်နေရရင်ဖြစ်စေ ၊ ရင်ထဲမှာ ခံစားချက်တစ်ခု ဖြစ်လာတယ် ၊ အဲ့ဒါကို ငါတော့ အချစ်လို့ ထင်တယ် ။

သြော် . . . . ကံကြမ္မာက ကလူကျီစယ်ရင် ၊ လူတစ်ယောက်ဟာ သေရာပါဒဏ်ရာ ဖြစ်သွားသလိုမျိုး . . . .
မတော်တဆ ဆိုတာ မရှိခဲ့တဲ့ ပျောက်ကွယ်ခြင်းမှာ သူမ ပျော်ရွှင်နေသလားဆိုတာ ကျွန်တော် အရမ်းသိချင်ခဲ့တယ် သူငယ်ချင်းတို့ရယ် . . . . ။ လူရယ်လို့ဖြစ်လာရင် လူပီသ ဖို့လိုတယ်တဲ့ . . . . ။ လူပီသအောင် နေဖို့ ပတ်ဝန်းကျင်ရိုက်ခတ်မှု ကို ဘယ်လိုဖြေရှင်းကြမလဲ . . . . ။ ပတ်ဝန်းကျင်ဆိုတာ ရှိတာပဲ ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိဖို့လိုတယ် ဆိုတဲ့လူတွေကို မုန်းတယ် ။ ပတ်ဝန်းကျင် ဟာ ကျွန်တော့် ဘ၀ ထဲ အဆိုးရွားဆုံး နဲ့ မကောင်းတဲ့စိတ်တွေ ကို မွေးမြူဖို့ ဖိအားပေးခဲ့တယ် ။ ” ” ရယ်
နင်လည်း ပတ်ဝန်းကျင် ကို မုန်းတီးခဲ့တာ ဒီအကြောင်းတွေ ကြောင့်လား ၊ ငါလေ နင်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင် ကို နားလည်အောင်ကြိုးစားခဲ့ပေမယ့် ၊ ပတ်ဝန်းကျင် က ငါတို့နှစ်ယောက်ကို နားမလည်ခဲ့ဘူး ။

” ” ရယ် . . . .
မိုးတွေရွာတော့မယ် . . . .
ဇွန်လ ရဲ့ ကောင်းကင်ကို ငါတို့ကြည့်ကြဦးမယ်နော် ၊ နင် ငါ့ကို ကတိပေးထားတယ်မလား . . . . ။ မိုးတွေရွာနေတာဟာ နာကျင်စရာကောင်းတဲ့ ပြယုဂ် ဆိုတာလေ ။ တိမ်တွေ ရဲ့ ငိုသံကို တိုးတိုးလေး နားထောင်မယ် ဆိုတာလေ ။ နင် ငါ့ကို ကတိပေးထားတယ်မလား ၊ တိမ်တွေ ရဲ့ ငိုသံကို တိုးတိုးလေး နားထောင်မယ် ဆိုတာလေ . . . . . . . . . . ။

” ” ရယ် . . . .
မိုးတွေရွာတော့မယ် . . . . ။ ။

In: Others Posted By: Date: May 15, 2010
Comment #1

ဒ်ီတော့

commentinfo By: barkolay999 at Aug 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment