Professional Authors

ထိုနေ့သည် ၈ ရက်နေ့ဖြစ်သည်။

မိတ္တဗလဋီကာသည် အရောင်ကွဲလျက်ရှိ၏။
အပေါ်ယံဖော်ရွေမှုများအကြောင်း ငါသိသွားပြီ။
ငါကိုယ်တိုင် ကုလားဖန်ထိုး၊ငါကိုယ်တိုင် ချိုးပြီး
ငါကိုယ်တိုင် ဝေလိုက်သည့်အခါ သူတို့အနေခက်သွား၏။
ဟိုမှာဘက်ကမ်း၏မုခ်ဝများအကြောင်း ကိုင်ထားရုံသာ။
အယူဝါဒငြင်းခုန်ခြင်း၌ သင်းကွပ်ခံထားရသည့်မင်းက
အလိုလိုနေရင်း ပစ်ဖဲဖြစ်သွား၏။
ငါ့ရှေ့တည့်တည့်ကလူ၏လက်ထဲတွင် ကျွဲပါးစောင်းတီးသင်္ကေတ
ရှိနေသည်။
ဒီနေရာမှာ သူမသည် ဒုတိယမြောက်စူဠသုဘဒ္ဒါ ဖြစ်လာ၏။
ထို့ကြောင့်။
နားမလည်ခြင်းများစွာနှင့် စိတ်ရင်းကောင်းသည့် ငါ့သူငယ်ချင်းက
လေးပစ်သူကို စောင့်နေလိမ့်မည်။
ငါကတော့ လစ်ပြီ။

In: Others Posted By: Date: Mar 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment