Professional Authors

ထိုနေ့သည် ၇ ရက်နေ့ဖြစ်သည်။

ဂြိုဟ်ကောင်သည် ကန့်လန့်အစင်းနှင့်
ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာပြန်သည်။
သဗ္ဗေညုတဥာဏ်တွေတောင် မဖန်းတီးနိုင်တဲ့တစ်ချို့အရာတွေကို
ကဗျာဆရာတွေက ဖန်တီးနိုင်သည်..ဟူသော
ကဗျာဆရာတစ်ယောက်၏စကားနှင့်
ဝေဖန်ရေးဆရာတစ်ယောက်က
ထိုကဗျာဆရာ၏အ၀ိဇ္ဖာအထူကို ပါဠိဘာသာပြန်တွေနှင့်
တိုင်းတာပြနေကြောင်းသာ ခေါင်းထဲထည့်လာပုံရ၏။
လူကောင်းတစ်ယောက်ဟာ
ကျပ်မပြည့်ရူးနှမ်းနေတဲ့လူတစ်ယောက်လုပ်နေတာမျိုးကို
လိုက်မလုပ်နိုင်ဘူးလို့ပြောရင် ခင်ဗျားလက်ခံတယ်မှတ်လားတဲ့။
လောဂျစ်ဘာသာဗေဒတစ်ခုလို
အာပေါင်အာရင်းသန်သန်နှင့် ခွဲခြမ်းစိတ်ဖြာပြနေသည်။
ကိုယ်က သူတို့ရဲ့စာမျက်နှာတွေကိုကျော်ဖတ်နေကျဟု
ပြောလိုက်သောအခါ ထ ပြန်သွား၏။
စားပွဲပေါ်ကျန်ရစ်ခဲ့သော လဘက်ရည်ခွက်ထဲ
ပုရွက်ဆိတ်တစ်ကောင် ၀မ်းသာအားရ
ခုန်ဆင်းသွားသည်။ညီလေးရေ…..ရှင်းမယ်။

In: Others Posted By: Date: Mar 2, 2011
Comment #1

ပေါက်ကွဲမှုတွေ ပြင်းထန်နေပါလား ဆိုတဲ့ စကားလုံးဟာ ရိုးသားစွာ ၀န်ခံပါတယ် စာအရေးအသားကို ကြိုက်နှစ်သက်လို့ ပါ ..။ သရော်လှောင်ပြောင်မှုမပါပါဘူး ..။ အဲ့အတွက် ထိခိုက်နစ်နာမှုရှိသွားတဲ့ အတွက် အနူးအညွန့် တောင်းပန်အပ်ပါတယ်… 🙂

commentinfo By: နှောင်းလူ at Mar 2, 2011
Comment #2

အေး အေး ခွှင့်လွှတ်တယ် ခွင့်ပြုတယ်……အဲ
ကိုနှောင်းလူ ဘာတွေလာပြောနေတာတုန်း
အော် ခင်ဗျားအထင်လွဲနေတာဗျ
တာကောကဗျာဖတ်ပြီး အောက်မှာဆဲသွားလည်း
ကိစ္စမရှိဘူး တာကောခေါင်းထဲမထည့်ဘူး
တာကောကဗျာဖတ်တဲ့လူ၇ှိရင်တော်ပြီ
ခင်ဗျားရေးတဲ့ကဗျာကိုတောင် လာဖတ်ပြီးကွန်မန့် ချန်ခဲ့သေးတယ်လေ
တာကောက ဘာကောင်မှ မဟုတ်ပေမယ့် တွေ့သမျှလူရဲ့ ကဗျာတွေ
လိုက်ဖတ်နေတာမဟုတ်ဘူး
ခင်ဗျားတော်တော်ကံကောင်းတယ်လို့ မှတ်.:)

commentinfo By: တာကော at Mar 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment