Professional Authors

ကြယ်ကြွေလင်္ကာ (တာရာမင်းဝေ)

ထိုသောညမှာ နှင်းပြာအုပ်မိုး
အိပ်မက်ခိုးမျှင် သခင်ဖြစ်၏။

ကြယ်စက်ညတွေ ပန်ရင်းကြွသက်
မျက်ရည်ဝိုးဝင်း အိပ်မက်လင်းပြာ
ငါနမ်းမွှေးရှိုက် ရင်ကိုခိုက်၏။

ငါ…ချစ်မိသည်
ငါချစ်မိသည်
ယုံကြည်ကြေကွဲ ခိုတွဲကိုင်းညွှတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျင်
သခင်…သိပါ။

ထိုသို့ဖြင့်
ငါနှင့်ကြယ်တို့ ညမြို့ ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ ဝေ
ကြွေခဲ့ကြသည်။

ဪ ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
တေးမှတ်မိရုံ ဝတ်မှုံမြေ့ဆွေး
ဝေးသွားခဲ့လျှင်…
ဝေးသွားခဲ့လျှင်…။ ။

တာရာမင်းဝေ (ပန်းခေတ်ကလမင်း)

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

ဪ ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
တေးမှတ်မိရုံ ဝတ်မှုံမြေ့ဆွေး
ဝေးသွားခဲ့လျှင်…
ဝေးသွားခဲ့လျှင်…။ ။
………….
အမြဲလေးစားဦးညွှတ်လျှက်

commentinfo By: အသဲကွဲမိုး at Jun 20, 2012
Comment #2

အော်…ပန်းခေတ်ကလမင်းရေ….. ကျွန်တော်တို့ လွမ်းနေကြ….လွမ်းနေရ….

commentinfo By: နိုးဆက် at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment