Professional Authors

ရည်းစားစာ (တာရာမင်းဝေ)

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါ့ဘဝ မှင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါမခေါ်ချင်ဘူး။
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါပဲ ။

commentinfo By: SkeLL at Oct 12, 2011
Comment #2

အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါပဲ ။
(နင့်နှလုံးသားကိုနင် ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ ။ )

commentinfo By: SkeLL at Oct 12, 2011
Comment #3

မိုက်တယ်ဗျာ ကဗျာက
အရမ်းကြိုက်ပါတယ်

commentinfo By: loafer at Jun 19, 2012
Comment #4

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါ့ဘဝ မှင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါမခေါ်ချင်ဘူး။
အမြဲလေးစားလျှက် ပါ

commentinfo By: အသဲကွဲမိုး at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment