Professional Authors

တစ်ဝက်တစ်ပျက်မှတ်တမ်း (တာရာမင်းဝေ)

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ ဩဝါဒက ပြက္ဒိန်တွေကို ဟောင်းမြစေရဲ့ ။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ … ဝှက်ထားတဲ့ဗျတ်စောင်းပါပဲ။

သေနတ်တလက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို … ပျံစေသား ။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

SO NICEEEEEEEEEEEEEEEEEEEEEEEEEEEeee

commentinfo By: May Kha at Jul 15, 2012
Comment #2

မေမေ
ရဲရင့်ခြင်းတွေပေးပါဦး

commentinfo By: khinmoeset at Jan 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment