Professional Authors

နှလုံးသား…အဖြည့်ခံ

ဘယ်ဒေသခြားခြား
နင့်အတွက်ဆို……
အကြင်နာပွားတတ်သူမို့
ဘယ်နေရာရောက်ရောက်
ငါ့အတွက် နင့်ရင်ခွင်တနေရာ
ပျောက်မသွားပါနဲ့။

ဝေးဖို့အတွက်ဆွေးနွေးကြမယ်တဲ့
လိုသေးလို့လား…..???
နင်နဲ့ဝေးဝေးတနေရာမှာ
ငါကျန်ရစ်စေဖို့…အမိန့်ခြွေတယ်လို့…
ပွင့်လင်းစွာပြောနိုင်ပါတယ်….
ဘယ်လိုဖြစ်ဖြစ်….
အဆုံးသတ်မှာ…ငါကျန်ခဲ့ရမှာပဲ..မဟုတ်လား??

ခလုပ်တွေမှားနှိပ်နေတယ် ..လို့
အကြောင်းပြ
ငါ..မာနယဲ့ယဲ့လေးထူလို့
အသံလေးကြားခွင့်ပြုပါ
တဆိတ်……နင့်အသစ်လေးနဲ့
busy sign မပြပါနဲ့။

သွေးကြမ်းတိုင်း..မိန်းမရိုင်းမဟုတ်ပါဘူး
ငါနင်နဲ့ပတ်သက်ရင်
လောဘလွန်ခဲ့တာ…….လမ်းကွဲလမ်းလွဲမှာ..စိုးလို့။

နင့်ကို…ဘယ်သူနဲ့မှ.ယှဉ်မနှိုင်းခဲ့ဖူးဘူး
..ဘယ်1ယောက်နဲ့မှ ပြိုင်မရွေးခဲ့ဘူး
နင့်ကို…ရင်ခွင်ထဲ..ထည့်..တယုတယပျိုးထားခဲ့တာ
မြတ်နိုးလွန်းလို့..အတိမ်းအစောင်းမခံနိုင်တာ။

နင့်အပေါ်..ငါ့ထက်..ဘယ်1ယောက်ကများ
..ပိုမိုနားလည်မှုပေးစွမ်းနိုင်မှာလည်း၊၊၊?

စကားရိုင်းရိုင်းနဲ့..အပြောတွေကြမ်းနေခဲ့ရင်
နင် တဖက်မှာ…
အပြုံးတွေရလို့။
တဂျီဂျီနဲ့..အရွဲ့တိုက်နေခဲ့တာ..
သူ့ကိုချစ်လို့။
ရင်ခွင်ထဲတိုး….သက်ပြင်းတွေခိုးခိုးချရင်
သူ….စိမ်းကားလို့…………
…………………………….

မသိဟန်ဆောင်ခဲ့တာ………
နင့်ကိုလှောင်ဖို့မဟုတ်ခဲ့ရပါဘူး…
ငါ့အပေါ်နင့်ဒေါသ..မကျေနပ်ချက်တွေ
ခံယူ….နှစ်သိမ့်ပေးနိုင်ဖို့……….
ခဏခဏ“ခွဲမသွားပါနဲ့”လို့
တောင်းပန်နေခဲ့တာပါ။

In: ကဗျာ Posted By: Date: Feb 9, 2011
Comment #1

ဘယ်လိုဖြစ်ဖြစ်….
အဆုံးသတ်မှာ…ငါကျန်ခဲ့ရမှာပဲ..မဟုတ်လား??
အားပေးသွားပါတယ် မိုးရေ 😛

commentinfo By: apollo at Feb 9, 2011
Comment #2

အားပေးသွားပါတယ် …

commentinfo By: HORIZON at Feb 10, 2011
Comment #3

ကျေးဇူးအများကြီးတင်ပါတယ် 😀

commentinfo By: အသဲကွဲမိုး at Feb 10, 2011
Comment #4

မမိုး goodပဲဗျာ…
ငါ့အပေါ်နင့်ဒေါသ..မကျေနပ်ချက်တွေ
ခံယူ….နှစ်သိမ့်ပေးနိုင်ဖို့……….
ခဏခဏ“ခွဲမသွားပါနဲ့”လို့
တောင်းပန်နေခဲ့တာပါ။

commentinfo By: genius.jinx28 at Feb 10, 2011
Comment #5

ပိုးစိုးပက်စက်လန်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ

commentinfo By: လွမ်းနောင် at Apr 25, 2011
Comment #6

ဘယ်ဒေသခြားခြား
နင့်အတွက်ဆို……
အကြင်နာပွားတတ်သူမို့
ဘယ်နေရာရောက်ရောက်
ငါ့အတွက် နင့်ရင်ခွင်တနေရာ
ပျောက်မသွားပါနဲ့။

ဝေးဖို့အတွက်ဆွေးနွေးကြမယ်တဲ့
လိုသေးလို့လား…..???
နင်နဲ့ဝေးဝေးတနေရာမှာ
ငါကျန်ရစ်စေဖို့…အမိန့်ခြွေတယ်လို့…:):(:):():)(:)
ပွင့်လင်းစွာပြောနိုင်ပါတယ်….
ဘယ်လိုဖြစ်ဖြစ်….
အဆုံးသတ်မှာ…ငါကျန်ခဲ့ရမှာပဲ..မဟုတ်လား??Good

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #7

မမိုးလန်းတယ်ဗျာစာသားတွေကတော့ဘယ်လိုကိုကောင်းမှန်းမသိဘူးဒါပင်မဲ့တော့အားပေးနေမှာပါ

commentinfo By: mr.key28393 at Aug 2, 2011
Comment #8

ကျေးဇူးအများကြီးတင်ပါတယ်..ဗျာ..အားပေးတဲ့အတွက်..တကယ်ကျေးဇူး

commentinfo By: အသဲကွဲမိုး at Aug 31, 2011
Comment #9

ဘယ်ဒေသခြားခြား
နင့်အတွက်ဆို……
အကြင်နာပွားတတ်သူမို့
ဘယ်နေရာရောက်ရောက်
ငါ့အတွက် နင့်ရင်ခွင်တနေရာ
ပျောက်မသွားပါနဲ့။

ဒီ ပထမဆုံး အပိုဒ်က ဆုတောင်းသံစွက်နေတယ်လို့ ခံစားရတယ်။ ကျွန်တော့် အမြင်တော့ အောက်က စာသားတွေနဲ့ ဝိဝါဒကွဲနေတဲ့ အပိုဒ်လို့ ထင်တာပဲ။ သေချာဖတ်ကြည့်လေ ဒီအပိုဒ်လေး တစ်ခုပဲ သိပ်လှလေ ဖြစ်နေတယ် ထင်မိတယ်။ ပြီးတော့ တခြားစာတွေနဲ့ ရည်ရွယ်ရာ မတူဘူးလို့လည်း ခံစားရတယ်။ နှစ်သက်စွာ အားပေးသွားပါတယ်။

commentinfo By: chiron at Mar 25, 2012
Comment #10

i agree with chiron.

commentinfo By: ei lay at Mar 25, 2012
Comment #11

ဘယ်ဒေသခြားခြား
နင့်အတွက်ဆို……
အကြင်နာပွားတတ်သူမို့
ဘယ်နေရာရောက်ရောက်
ငါ့အတွက် နင့်ရင်ခွင်တနေရာ
ပျောက်မသွားပါနဲ့။

commentinfo By: meso at Nov 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment