Professional Authors

နင်ပြန်လာတဲ့ Valentine!!!

ထင်မထားမိဘူး

နင်ပြန်လာမယ်လို့

အရင်လိုပဲ ငါ့ valentine

ခြောက်ကပ်နေမယ်ပေါ့၊၊

 

မင်းအသံကြားခွင့်ရတဲ့

ညနေခင်းတွေ

တချိန်က ငိုကြွေးဖူးတဲ့ သူမဟုတ်သလို

မြူးထူးစွာနဲ့ ကာရံမဲ့

ကဗျာမဲ့ ကခုန်လို့ ၊၊

 

လေလှိုင်းထဲက

တိုးတိတ်စွာ ” သတိရနေတယ”်ဆိုတဲ့

စကားလေးတစ်ခွန်း

ဒီလူ့ရင်ကို ထွင်းဖောက်ခဲ့တဲ့နောက်

အက်ကြောင်းထဖူးတဲ့ အတိတ်ကို

သတိမရချင်တာ

အမှတ်မရှိတဲ့

ငမိုက်သားလို့ မင်းမပြောပါနဲ့၊၊

In: ကဗျာ Posted By: Date: Feb 9, 2011
Comment #1

တိုးတိုးလေး မင်းပြောတဲ့စကား
“သတိရနေတယ်” တဲ့
ဒါအိပ်မက် မဟုတ်တာ
သေချာရဲ့လား?????

ကဗျာ….ကောင်းတယ်
သေချာသွားပြီလား ကိုနေသွေး

commentinfo By: နွေ at Feb 9, 2011
Comment #2

ကိုနေသွေး အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Feb 10, 2011
Comment #3

ကဗျာက ပြန်ပြင်လိုက်တယ် ဆော်ရီးပဲနော်၊၊

commentinfo By: နေသွေး at Feb 11, 2011
Comment #4

ကောင်းကောင်.။။။။ သိပ်ပြီးကောင်း

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment