Professional Authors

ကိုယ်ပိုင်သမျှ

လွဲ နေတဲ့ အလွဲ တွေ
ကွဲ နေတဲ့ အသည်း တွေ
ဘယ်တော့များမှ
ပြန်ကောင်းနိုင်မှာလဲ…….။

နေထွက်လာမယ့် ညတွေ
စိန်စီထားတဲ့ နေ့တွေ ကို
အိပ်မက် ထဲ မှာတော့
ယောင်ယောင်ပြီး တမ်းတ မိတာပေါ့…..။

အပြုံးတစ်ချက်
ခြေလှမ်း တစ်စုံ
တွေ့ ရရုံ နဲ့
ကျေနပ်နေသူပါ……။

စိတ်ကူးတွေ ရွက်လွင့်
အတွေးတွေ လွင့်မျောတိုင်း
မင်း အကြောင်း၊ မင်း ပုံရိပ်တွေက
A roll မှာ အမြဲ တမ်းပေါ့….။

တမာတစ်ကိုက်၊ ကြက်ဟင်းခါးသီး တစ်တို့
ထက်တော့ မင်း စိမ်း ကားမှု့တွေ ကခါးပါတယ်
ဒါပေမယ့်လည်း
ငါ့အတွက် က တော့ CAPPUCINO  တစ်ခွက်ဖြစ်ခဲ့တယ်…။

ရင် ခုန် မှုတွေ
ယုယ မှုတွေ ကို
အတတ်နိုင်ဆုံး ချုပ်ထိန်း နိုင်တဲ့မင်းကို
လေးစားမိတာတော့ အမှန်ပဲ……။

ဆရာ မကြီးပဲ ဖြစ်ဖြစ်
အချစ် ထွက်ရပ် ပေါက် ကြီးပဲ ဖြစ်ဖြစ်
ငါ့ ကိစ္စတော့ ငါ့လုပ်ရ မှာပဲ
ငါကို က မင်း မှ မင်း ဖြစ်နေတာ့လည်း လေ…..။

ပြု စားမှုတွေ ၊လှည့် စားမှုတွေကို
နင့်ဆီက ပြန်သင်ယူရင်း
ပညာ ပြည့် ၀လာတဲ့တစ်နေ့တော့
ငါ့ဆီမှာ ရှိလာမှာမဟုတ်ဘူး…..။

ငါ့ဆီ မှာကတော့
အချစ် သက်သက်
အလွမ်း ခက်ခက်တွေပဲ
ပြည့်နေတာ….။

ဘောင်တွေ စည်းတွေ
ဂုဏ် တွေ ငွေ တွေ
နင် အလို မရှိတော့ဘူး ဆိုရင်တော့
မင်း အတွက် ခိုနားဖို့ အလုံခြုံ ဆုံး ရင် ခွင်တစ်ခု တော့ ငါမှာရှိသေးတယ်…….။

In: ကဗျာ Posted By: Date: Feb 9, 2011
Comment #1

ငါ့ဆီ မှာကတော့
အချစ် သက်သက်
အလွမ်း ခက်ခက်တွေပဲ
ပြည့်နေတာ….။

ဘောင်တွေ စည်းတွေ
ဂုဏ် တွေ ငွေ တွေ
နင် အလို မရှိတော့ဘူး ဆိုရင်တော့
မင်း အတွက် ခိုနားဖို့ အလုံခြုံ ဆုံး ရင် ခွင်တစ်ခု တော့ ငါမှာရှိသေးတယ်…….။

commentinfo By: အသဲကွဲမိုး at Feb 9, 2011
Comment #2

ဆရာ မကြီးပဲ ဖြစ်ဖြစ်
အချစ် ထွက်ရပ် ပေါက် ကြီးပဲ ဖြစ်ဖြစ်
ငါ့ ကိစ္စတော့ ငါ့လုပ်ရ မှာပဲ
ငါကို က မင်း မှ မင်း ဖြစ်နေတာ့လည်း လေ…..။
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Feb 10, 2011
Comment #3

ဘောင်တွေ စည်းတွေ
ဂုဏ် တွေ ငွေ တွေ
နင် အလို မရှိတော့ဘူး ဆိုရင်တော့
မင်း အတွက် ခိုနားဖို့ အလုံခြုံ ဆုံး ရင် ခွင်တစ်ခု တော့ ငါမှာရှိသေးတယ်
စာသားလေးကြိုက်လို့ ကူးသွားပါတယ်…..

commentinfo By: moonlight at Mar 22, 2011
Comment #4

excellent.

wow,,,,,,,,,,,,

why u r intelligent so much?

i m envious of u so much.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment