Professional Authors

ချစ်သူသို့ (၄) (တာရာမင်းဝေ)

ဒီမြေမှာ
ချစ်သောဝါးရနံ့တို့ လင်းသုန်နေကြပြီ…။

ငါဆောင်းချင်တဲ့ ထီးကလေးရေ…။

မိုးရာသီအတွက်
မကြာခင်မှာ တို့တွေထွန်ရေးဝင်ကြမယ်။

ရင်ကိုတောက်စားတတ်တဲ့ ကောက်ပဲသီးနှံများလို
ငါတို့လည်း အချင်းချင်း ဝင်းမှည့်တွယ်တာကြမယ်။

‘နက်ဖြန်ခါ’ဆိုတာ…
နေဝန်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာပဲ
ဘယ်လိုလက်တွေကမှ ဆွဲမဖြဲနိုင်ဘူးကွယ့်။

သစ်အိုပင်အောက်က နတ်ကျွန်းမှာ
ဖယောင်းတိုင်မီးရှူးတစ်တိုင် ငြိမ်သက်ညှိထွန်းရင်း
ဒီဆောင်းတွင်းကို…
တို့တွေ အလင်းခိုပြီး စောင့်မယ်။ ။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

nice poem

commentinfo By: justina at Sep 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment