Professional Authors

ချစ်သူသို့ (၂) (တာရာမင်းဝေ)

ကံကြမ္မာက…
အနက်ရောင် လေးကိုင်းကြီးလွယ်ပြီး
ဆိုင်ထဲဝင်လာတယ်။

အခြားမှာ စားပွဲလွတ်တွေရှိရက်နဲ့
ငါတို့စားပွဲမှာ လာထိုင်ပြီး…
‘အိပ်မက်အသေတစ်ပွဲ’…လို့လှမ်းမှာတယ်။

နတ်ဆိုးအဝါတွေ
ပျံသန်းခုတ်မောင်းလာသံကိုလည်း ကြားရရဲ့။
ရင်ခွင်မှာ မီးတောက်တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ…။

မျက်တောင်ကလေးရေ…
မြေပြင်မှာ ကိုယ်နဲ့နေရစ်ခဲ့၊ မလိုက်နဲ့။

မြင်းသည်တော်တွေနဲ့…
ကျော်မတက်နိုင်တဲ့အရပ်ကို…
ငါတို့ပြေးထွက်ကြမယ်…
သစ်သီးခွံ သောက်ရေဘူးတစ်လုံးနဲ့…
ကောင်းကင်ဓါးသွား အဆုံးအထိ
ငါတို့စီးနှင်လိုက်ကြတာပေါ့။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment