Professional Authors

တိမ်ဖြူတို့နှင့်အတူ (တာရာမင်းဝေ)

စိတ်ကြမ်းဘီလူးတို့ ခြေပင် မကျူးသော အရပ်၌
ငါ … မတ်မတ်တည်ခဲ့ချေပြီ။

အို … အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင်နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

commentinfo By: ညနေယံ at Jul 29, 2011
Comment #2

ဆရာ့ကို လွမ်းတယ်

commentinfo By: နိုးဆက် at Mar 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment