Professional Authors

အမှတ်တရ

နင်..ပျော်နေပါရဲ့လား
ငါ..စိတ်ရင်းနဲ့မေးလိုက်ပါတယ်
အမှန်အတိုင်းဆို….
“ပျော်နေပါတယ်”
အဖြေကလွဲ…အခြားဘာကိုမှ
မမျှော်လင့်ခဲ့ဘူး..
ကံဆိုးတချို့ကြောင့် ၀ဋ်တွေဖိစီး..
အဖြေတွေလွဲခဲ့ရင်…
……..ငါ..ကြေကွဲတယ်ဆိုတာ
ကျေးဇူးပြုပြီး….
သံသယ မရှိလိုက်ပါနဲ့။

ခုဆို…..
ငါ့အိပ်မက်ထဲ….
ဓာတ်ပုံငိုသံလေးကြားနေရတယ်
နင့်အတွက်ရည်စူး
ငါ့ဓာတ်ပုံလေး….
အမှောင်ထဲမှာ ဖုန်တွေ…နဲ့
အသက်ရှုခက်နေတယ်။

ပြောင်းလဲတော့ပြောင်းလဲတာပေါ့
ဒါပေမယ့်..ဒီလောက်သာ..
မမြန်ဆန်ခဲ့ဘူးဆို…..
ငါ့အတွက် ဒီ့ထက်..မျက်ရည်…နဲပါလိမ့်မယ်။

နင်မသိလိုက်တာလား???
နင်မသိခဲ့တာလား???
နင်..မေ့ပြစ်လိုက်တာလား???
နင့်ဘ၀ ထဲမှာ…ငါရှိခဲ့တယ်လေ
ငါတကယ်…..နင့်အနား
မခွဲမခွာ.ရှိခဲ့ဖူးတယ်….ရှိခဲ့ပါတယ်
ဒါတောင်….
နင်ရက်ရက်စက်စက်
ထားခဲ့ရက်သလား???

နင်လှည့်မကြည့်..ထွက်ခွာသွားတဲ့နောက်
ငါ…မလိုက်လာခဲ့ပါဘူး…
နင်ပင်ပန်းမှာ….ငါအသဲကွဲတာထက်
ကြောက်တတ်ခဲ့တယ်။

တချိန်တော့…
………….
သူမပေါ့…ကျွန်တော့အတွက်ရည်စူး
မျက်ရည်မိုးတွေသည်းခဲ့ဖူးတယ်..
ဆိုတာ…သတိရတိုင်း
သူမပေါ့….ကျွန်တော့အတွက်ဆိုကာ
ကာရံတွေ..မညီမညာနဲ့ ကဗျာတွေ..သီခဲ့ဖူးတယ်
ဆိုတာ…..တွေးမိတိုင်း
….
…………..
သူမပေါ့….
ကျွန်တော့…လိုအပ်ချက်…
အမိန့်တခွန်းထဲနဲ့…
အသဲနှလုံးတခုလုံး….ကြွေကျခဲ့ပေးဖူးသူ
ဆိုတာ……….
အမှတ်ရပေးပါ။

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

ဖတ်သွားပါတယ် .. အစ်မလေး ။

commentinfo By: ထူးဝေ at Feb 5, 2011
Comment #2

အင်း အသဲ ခွဲခဲ့တာလား …..အသဲတွေကွဲပြီး ကျန်နေသူလား မသိပါဘူး
အသဲကွဲမိုးတဲ့
………မိုးကိုတော့စိတ်ကုန်နေမိတယ်
အချိန်အခါမဟုတ် ရန်ကုန်မှာရွာနေလို့….
ပြန်ပြန် လှန်လှန် အားပေးနေပါတယ်

commentinfo By: nate thit(နေ့သစ်) at Feb 5, 2011
Comment #3

အသဲနှလုံးတခုလုံး….ကြွေကျခဲ့ပေးဖူးသူ
ဆိုတာ……….
အမှတ်ရပေးပါ။.. စာသားတွေက ကောင်းလိုက်တာ မမိုး…အားပေးသွားတယ်

commentinfo By: genius.jinx28 at Feb 5, 2011
Comment #4

ပြောင်းလဲတော့ပြောင်းလဲတာပေါ့
ဒါပေမယ့်..ဒီလောက်သာ..
မမြန်ဆန်ခဲ့ဘူးဆို…..
ငါ့အတွက် ဒီ့ထက်..မျက်ရည်…နဲပါလိမ့်မယ်။

နင်လှည့်မကြည့်..ထွက်ခွာသွားတဲ့နောက်
ငါ…မလိုက်လာခဲ့ပါဘူး…
နင်ပင်ပန်းမှာ….ငါအသဲကွဲတာထက်
ကြောက်တတ်ခဲ့တယ်။ကဗျာက ခံစားချက်တွေချင်းတူနေတော့ ဘယ်လိုကောင်းမှန်းတောင်ပြောမပြတတ်တော့ဘူး………..

commentinfo By: terry at Feb 6, 2011
Comment #5

အားပေးတဲ့သူများ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်
ကိုနေ့သစ်… ကဗျာ ကိုကြိုက်သလောက်ဝေဖန်နိုင်ပါတယ်….
လူကိုတော့…..မသိရင်..မပြောတာက ပိုကောင်းမယ်ထင်ပါတယ်….

commentinfo By: အသဲကွဲမိုး at Feb 8, 2011
Comment #6

အချစ်မှာ အချစ်ကြီးသူက ခံစားရတာဘဲလေ———– ခံစားချက်ချင်းတူလို့ သဘောကြပါတယ်

commentinfo By: linn at Feb 8, 2011
Comment #7

အသဲကွဲမိုး ရေ မခံချင် အောင် ပြောလိုက်မိတယ်ထင်တယ်
နောက်ဆို မခံချင်အောင် မပြောတော့ပါဘူးနော်……

း)း)

commentinfo By: nate thit(နေ့သစ်) at Feb 12, 2011
Comment #8

နင်မသိလိုက်တာလား???
နင်မသိခဲ့တာလား???
နင်..မေ့ပြစ်လိုက်တာလား???
နင့်ဘ၀ ထဲမှာ…ငါရှိခဲ့တယ်လေ
ငါတကယ်…..နင့်အနား
မခွဲမခွာ.ရှိခဲ့ဖူးတယ်….ရှိခဲ့ပါတယ်
ဒါတောင်….
နင်ရက်ရက်စက်စက်
ထားခဲ့ရက်သလား???

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #9

အားပေးသွားတယ်… မိုးရဲ့ ကဗျာတော်တော်များများကို… 🙂

commentinfo By: aphyu at Sep 15, 2011
Comment #10

အရေးအသားကို သ ဘောကျတယ်ဗျာ ….ခံစား ပေး သွား ပါ တယ် လို့ ….

commentinfo By: မင်းအိမ် at Sep 15, 2011
Comment #11

အမိန့်တခွန်းထဲနဲ့…
အသဲနှလုံးတခုလုံး….ကြွေကျခဲ့ပေးဖူးသူ
ဆိုတာ……….
အမှတ်ရပေးပါ။…မမကတော့ လေ..လုပ်လိုက်ရင်……လူကိုတနုံ့ နုံ့ နဲ့ ခံစားနေရအောင်
ကဗျာလေးကောလူကောချစ်ချာလေးဗျ

commentinfo By: sharon myorr myor at Oct 1, 2011
Comment #12

mike de.
a yan mike de

commentinfo By: ei lay at Aug 13, 2012
Comment #13

ပြောင်းလဲတော့ပြောင်းလဲတာပေါ့
ဒါပေမယ့်..ဒီလောက်သာ..
မမြန်ဆန်ခဲ့ဘူးဆို…..
ငါ့အတွက် ဒီ့ထက်..မျက်ရည်…နဲပါလိမ့်မယ်။

နင်မသိလိုက်တာလား???
နင်မသိခဲ့တာလား???
နင်..မေ့ပြစ်လိုက်တာလား???
နင့်ဘ၀ ထဲမှာ…ငါရှိခဲ့တယ်လေ
ငါတကယ်…..နင့်အနား
မခွဲမခွာ.ရှိခဲ့ဖူးတယ်….ရှိခဲ့ပါတယ်
ဒါတောင်….
နင်ရက်ရက်စက်စက်
ထားခဲ့ရက်သလား???

နင်လှည့်မကြည့်..ထွက်ခွာသွားတဲ့နောက်
ငါ…မလိုက်လာခဲ့ပါဘူး…
နင်ပင်ပန်းမှာကို….
ငါအသဲကွဲတာထက်
ကြောက်တတ်ခဲ့တယ်။

commentinfo By: meso at Oct 28, 2012
Comment #14

Nice.
Nice.
Nice.

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment