Professional Authors

ဒုက္ခကဗျာ

ဘယ်သူမှ ငါ့ကို လက်သင့်မခံတော့တဲ့အချိန် …

င့ါကိုယ်ငါ ခပ်နွမ်းနွမ်း ပြန်ဝတ်လိုက်တယ် …

မျက်ရည်တိုင်ကီတပုံးလုံးကို

စိတ်လိုလက်ရ

ငါ သွန်ချခဲ့ပြီးတဲ့နောက်မှာ …

လေယာဉ်လက်မှတ်တစောင် …

မ လို့ ကျွန်တော်ခေါ်တဲ့ “….” …

ကြေကွဲခြင်း အလင်းနစ်စကားလုံးပေါင်းသန်းပေါင်းများစွာ …

တို့နဲ့ ပွင့်ပွင့်လင်းလင်း ရင်းနှီးခဲ့ရ …

 

သက်တမ်းစေ့ သေဆုံးသွားတဲ့

လေယာဉ်လက်မှတ်ကို လည်ပင်းညစ် အပိုင်းပိုင်းဖြတ်တဲ့အခါ …

တံမြက်စည်းတို့ရဲ့ အထာနဲ့ ကျောင်းစာအုပ်ပေါ်

ကဗျာဖြစ်လာပြီ …

 

လက်ပွန်းတတီးနေလာခဲ့တဲ့ စကားလုံးတို့နဲ့ …

ငါ့လက်တွေ သွေးရဲ လာခဲ့ပြီ …

 

စကားလုံးမရှိတဲ့ နှုတ်ခမ်းနီဘူးထဲ

ရင်းနှီးနေကျ စကားလုံးတွေ ထည့်တယ် …

ဆွတ်ပျံ့မှိုင်းညိုကဗျာစာအုပ်ထဲ မ လို့ ကျွန်တော်ခေါ်တဲ့

“…” ကို ထည့်တယ် …

အဲဒါတွေကို ခေတ်မီညပေါင်းအိုးထဲ စနစ်တကျ ပြုတ်ထည့်လိုက်တဲ့အခါ …

“ဟော … ဘာတဲ့ နာမည်က …

ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့ …”

R ဇာနည် သီချင်းဆန်ဆန် …

ဝေးမှာသိလို့ ကိုယ့်အနားမရှိစေချင်ခဲ့တဲ့ သူ့ ကို …

မှော်နှုတ်ခမ်းသားတို့နဲ့ အနားဆွဲခေါ် …

တစ်ခါ …

နှစ်ခါ … နမ်းမိခဲ့ပါပြီ …

 

၂၀၁၁ ထိပါပဲ …

၂၀၀၈ က ထုတ်လုပ်တဲ့ မျက်ရည်ပါးပါး မိတ်ကပ်တွေ

လူးလိမ်းတုန်းပဲ …

 

၂၀၁၁ ထိပါပဲ …

၂၀၀၈ က အကြောင်းတွေ အကြောင်း …

တစေ့တစောင်း လွမ်းတုန်းပဲ …

 

ဓါးထက်ထက် …

ငါ့ဝိဥာဉ်အသက်ဆက်ဆက် …

လင်းလက်လိုက်တဲ့အခါ …

မိုးကုပ်စက်ဝိုင်းအောက်က ရောင်စုံဒဏ်ရာတို့နဲ့ …

မ လို့ ကျွန်တော်ခေါ်တဲ့ “…” နာမည်လေးပေါ်

မှတ်မှတ်ရရ ဖင်သေမြဲ ဖင်သေ နေမိခဲ့ပြန်ပြီ …

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

အားပေးသွားပါတယ် … မ လို့ ကျွန်တော်ခေါ်တဲ့ “….” …

ကြေကွဲခြင်း အလင်းနစ်စကားလုံးပေါင်းသန်းပေါင်းများစွာ …

တို့နဲ့ ပွင့်ပွင့်လင်းလင်း ရင်းနှီးခဲ့ရ …

commentinfo By: genius.jinx28 at Jan 31, 2011
Comment #2

ကောင်းတယ်….အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jan 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment