Professional Authors

ဖြေသိမ့်နေမိတာက…..

နင်…သူ့အကြောင်းကိုပြောတဲ့အခါ

ကြေကွဲတဲ့ငါ့ရင်ကို နာကျင်စေပေမယ့်….

အပြုံးတွေ နင့်ရှေ့ခြွေချခဲ့တာက…..

နင်ပြောဖူးတဲ့အကြောင်း….

ငါ့ကိုပဲ အချစ်ဆုံးဆိုတာကြောင့်ပါ…….။

နင် သူ့လက်ကို တွဲထားတဲ့အခါ

မြင်နေပေမယ့် မျက်နှာလွဲ

ငါ့အကြည့်ကိုပဲ ငါပြန်လိမ်လို့

နင့်…..စကားကိုငါပြန်ကြားမိတာက….

သူက နင့်ကို ငါ့ဘ၀ထဲက ဆွဲထုတ်မသွားနိုင်ဘူးဆိုတာကြောင့်ပါ…..။

နင့်လိုအင်တွေ ငါဖြည့်ဆည်း….

အပျော်မဟုတ်တဲ့ ငါ့ရည်စူးခြင်းတွေက

တခြားသူကို နင်ခေါ်ယူထားလည်း…

နင်ပေးခဲ့တဲ့ကတိစကား…..ငါ့ကို ပျော်ရွှင်အောင် ထားမှာပါဆိုတဲ့…… …..အဲ့ဒီ့အသိလေးနဲ့……….

အခုလက်ရှိတိုင်းကို………ငါက ဖြေသိမ့်နေမိတာပါဟာ….။

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

အားပေးသွားပါတယ် မကေ.

commentinfo By: genius.jinx28 at Jan 31, 2011
Comment #2

နင်ပေးခဲ့တဲ့ကတိစကား…..ငါ့ကို ပျော်ရွှင်အောင် ထားမှာပါဆိုတဲ့……
…..အဲ့ဒီ့အသိလေးနဲ့……….
အခုလက်ရှိတိုင်းကို………ငါက ဖြေသိမ့်နေမိတာပါဟာ….။ကေရေ..ကောင်းတယ်…
အားပေးသွားတယ်…ကောင်းလို့

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #3

ခံစားချက်တွေ အရမ်းကိုတိုက်ဆိုင်လိုက်တာကွာ.

commentinfo By: khatwai at Mar 11, 2011
Comment #4

ကိုkhatwai
me2

commentinfo By: Nyan Linn Aung at Jul 6, 2012
Comment #5

ဒီကဗျာကစာသားတွေက ရုပ်ရှင်ရိုက်လို့တောင်ရတယ်
သေလောက်အောင်ကိုလှတယ် ဒီကဗျာလေးက ~~

With respect,
RAY

commentinfo By: X - ray at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment