Professional Authors

အရူးတစ်ယောက်၏ ချစ်ခြင်းသီအိုရီ

သံယောဇဉ် နဲ့
မေတ္တာတို့ နွယ်ယှက်ရှုပ်ထွေးနေတဲ့
အချစ်ဆိုတဲ့
နှောင်ကြိုးတွေ ထဲ ငါတွယ်ညှိနေမိပါပြီ…
ငါးဟာ ငါး စာကို ပဲမြင်ပြီး
ချိတ်ကို မမြင်လို့ ဒုက္ခရောက်တာ
ငါ က ငါးစားကို မဟပ်
ချိတ်ကြီးပဲ သပ်သပ်
ရွေးဟပ်တဲ့ ငါး ငတုံးကြီးတစ်ကောင်ပေါ့….
ဘာပဲ ဖြစ်ဖြစ်
အဲ့ဒီ ငါးမျှားချိတ်ကို ငါချစ်တယ်
အဲ့ဒီ ပိုက်ကွန်ကို ငါမြတ်နိုးတယ်
အဲ့ဒီ ထောင်ချောက်ကို ငါ ခုံမင်တယ်
လိုနေတဲ့ မေတ္တာတွေ
သစ္စာတွေ ငါမလိုပါဘူး
ငါ တန်ဖိုးထားရတဲ့
မင်းလေး
ငါ ရင်ခုန်ရတဲ့
မင်းလေးဟာ
မည်သို့ပင် အဆိပ်ပြင်းပါစေ
ကြာရင် ငါလည်း ခံနိုင်လာမှာပါ
မျှော် လင့်နေတဲ့
နေရောင် ဟာ အနောက်ဘက်က ဆိုတော့
အားလုံးက ငါ့ ကို ရှုးနေပြီတဲ့
ရှုးပါစေ အဲ့ ဒီဂုဏ်ပုဒ်ကို ငါကြိုက်တယ်
အချစ်ရူးတဲ့လေ……….။
ငါ့ အတွက်ဆေးရုံမရှိဘူး
ငါ့ အတွက်ဆေး မရှိဘူး
ရှိခဲ့လည်း ငါ့အတွက် မဟုတ်ဘူး
ငါ့ အတွက်ဘာဆိုဘာမှကို မရှိဘူး
ဒါ့ပေမယ် အဲ့ဒီ ဘာ မှ မရှိဘူးဆိုတာကို
မင်းမျက်နှာကလေး တွေ့တဲ့
အချိန်က စပြီးတော့
ခုံမင်လာခဲ့တာ
အခုအချိန်ထိပါပဲ
နောက်ဘ၀ဆိုတာရှိခဲ့ရင်
တောင်းဆိုပါရစေ
သူမအနားမှာ ပဲ နေခွင့် ရလိုပါ၏လို့………………………။

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

နေခွင့်ရပါစေလို့ဆုတောင်းပေးပါတယ်ရှင်

commentinfo By: ဇလပ်ဖြူ at Jan 29, 2011
Comment #2

lo tine ta ya par sa ta tee,
he,,he,,

u love her with any other hope that u’ll definitely get her one day.
it’s 100% sure,

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment