Professional Authors

ဧဒင်ဥယျာဉ်

နှလုံးသားကို အမှောင်ချ
ခံစားချက်ကို မြှုပ်နှံလို့
အာဒံကျွေးမယ့် ပန်းသီး ငါမစားဝံ့တော့ပြီ ။ ။

ကံတော်ကုန်တော့မယ့် နှလုံးသားကို 
အမုန်းအားဆေးကျွေးလို့
ဧဒင်ဥယျာဉ်ထဲက ငါပြေးထွက်ခဲ့တယ် ။ ။

နောက်လှည့်ကြည့်တော့ အစိမ်းလွင်ပြင်
မှီခိုဖူးသော နောက်ဆုံးသစ်ပင်
လေအဝှေ့တွင် ယိုင်လဲခဲ့ပြီ ။ ။

ကတိတံတား ခိုင်မြဲမယ်ထင်
လမ်းတစ်ဝက်ရောက် ထက်ပိုင်းကျိုးတော့
ကုတ်တွယ်စရာ အဘယ်မှာတည်း ။ ။

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

ကြိုက်ပါတယ်

commentinfo By: သက်ဝေနောင် at Aug 19, 2011
Comment #2

သူငယ်ချင်းတွေအများကြီးလိုချင်ပါတယ်။

commentinfo By: သက်ဝေနောင် at Aug 19, 2011
Comment #3

ကဗျာ(ဆောင်းလေပြေktu)
-ကဗျာဗေဒဆီုတာ
သွန်မှောက်စရာမလိုလောက်အောင်
အလိုအလျောက်ဖြစ်တည်လာတာပါ
-အချစ်၊အလွမ်းတွေနဲ့
ဘယ်လိုပဲဆန်းနေဦးတော့
တကယ်တော့
ကဗျာဆိုတာ ကာလာမပါတဲ့
ခံစားချက်တို့ရဲ့ခြေရာပါ
– ကဗျာဆိုတာ
ခံစားချက်တိုံ့လွတ်မြောက်ရာ
ကွင်းပြင်ကြီးတခုပေါ့
လှေကိုမလှော်ဘူးပင်လယ်ကိုလှော်မယ် တဲ့
ဟုတ်တယ်…..ကျွန်တော်လည်း
ကဗျာမှာမတော်ချင်ဘူး
ခံစားချက်တွေသာတူးဖေါ်ချင်ပါရဲ့…. (ဆောင်းလေပြေktu)

commentinfo By: yazartun at Dec 21, 2011
Comment #4

ကိုယ့အနားရှိစေချင်(ဆောင်းလေပြေktu)
– လွမ်းဆွတ်တမ်းတခြင်းများနဲ့များနဲ့ မျက်နှာသစ်
အဆင်မပြေမူများနဲ့ကျင်လည်
ဝေဒနာညတွေကိုဖြတ်သန်းပြီးရှင်သန်နေရတဲ့
ကိုယ့်တနေ့တာရဲ့ တခုတည်းသောလိုအပ်ချက်က
မင်းပါ ………ချစ်သူ
– အကန့်အသတ်များနဲ့တွေ့ဆုံ
မရေရာတဲ့မနက်ဖြန်နဲ့
ှ ဝေဒနာများနဲ့ပစ္စပ္လာန်မှာ
မင်းမရှိပဲ ဘယ်လိုအသက်ဆက်ရမလဲ
ပြောပါ…….ချစ်သူ
– ရင်နာစရာတွေကိုရှာကြံမတွေးတော့ဘူးလို့
စဉ်းစားထားပေမဲ့
တိုက်ဆိုင်မူရှိတိုင်း၊ဝေဒနာညတွေကိုကျော်ဖြတ်ရချိန်တိုင်း
ရင်နင့်အောင်ခံစားရလွန်းလို့
ကိုယ့်မျက်ရည်တွေခမ်းလုပြီ…….ချစ်သူ
– အမှန်ကိုသိနေပေမဲ့…အမှားကိုပဲမြတ်နိုးပါရစေ
ဖြစ်သင့်တာကိုသိနေပေမဲ့..ဖြစ်ချင်တာကိုပဲတောင်းဆိုပါရစေ
မပြောရက်ပေမဲ့..ပြန်လာပါတော့
ကိုယ့်အနားမှာ..မင်းကိုရှိစေချင်တယ်….ချစ်သူရယ် ဆောင်းလေပြေ(ktu)

commentinfo By: yazartun at Dec 21, 2011
Comment #5

စတာနော်

commentinfo By: aung moe kyaw at Feb 23, 2012
Comment #6

အရမ်းကြိုက်တယ်အစ်ကိုထပ်ရေးပေးပ့ါအုံး

commentinfo By:ုown maung (chemistry) at Feb 23, 2012
Comment #7

အပူရှာသူ
..ပျင်းလွန်းလို့အခက်ပွေ
အပျင်းပြေပျော်စေဖို့
ပြင်းပြင်းရှရှအချစ်ဆေး
ဖန်ဆင်းလို့ပေးပါ
မြှားနတ်ရှင်……
ဆောင်းလေပြေ(KTU)

commentinfo By: yazartun at Feb 24, 2012
Comment #8

အထာလေးတွေနဲ့ ထာဝရ

အမေ့ရဲ့ နှောက်ကွယ်မှာအပြုံးတွေရှိတယ်
အဖေ့ရဲ့ နှောက်ကွယ်မှာအားအင်တွေရှိတယ်
ကျွန်တော်ရဲ့ နှောက်ကွယ်မှာအလွမ်းတွေရှိတယ်
အချစ်ရဲ့ နှောက်ကွယ်မှာအမုန်းတွေရှိတယ်
school bus ရဲ့ နှောက်မှာမီးခိုးတွေရှိတယ်
ချစ်သူရဲ့ နှောက်ကွယ်မှာပိုက်ဆံရှိတယ်
စာမေးပွဲတွေရဲ့ နှောက်ကွယ်မှာကျုရှင်တွေရှိတယ်
သြော် ဘ၀ ဘ၀ ဘ၀ ရခဲပေမယ့်ခက်ခဲလိုက်တာ

w.အုန်းမောင်(ဓာတု) k.t.u

commentinfo By: own maung at Feb 24, 2012
Comment #9

ထိုသို့ဆိုလျှင်​ ယုံကြည်
ရသူ ဘယ်​မှာရှိအံနည်း

commentinfo By: tun2 at Dec 22, 2014
Comment #10

ကြိုက်တယ်ဗျာ

commentinfo By: နိုင်လင်း at Jan 7, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment