Professional Authors

ခေါင်းစဉ် မတပ်ချင်တဲ့ ကဗျာ

ခေါင်းစဉ် မတပ်ချင်တဲ့ ကဗျာ

အသက်ရှုမဝတဲ့ နေ့တွေထဲက

ကိုယ့်ကိုကိုယ် တော်တော် စစ်ယူခဲ့ရတယ်

Ph 7 မဖြစ်ခဲ့ဘူး

RO နည်းပညာလည်း မသုံးခဲ့မိဘူး

အရောအနှောတွေ မပါပေမဲ့

အရောင်တွေက စုံလွန်းလှတယ်

ဘယ်လိုမှ ဖြူမလာနိုင်တော့ဘူးလား

သံသယတွေလည်း မည်းညစ်ပေတေ

ငါ ခေါင်းမလျှော်ဖြစ်တာကြာပြီ

ငါ မတည်ငြိမ်နိုင်တာ ကြာပြီ

တရားမမှတ်ဖြစ်ဘဲ စကားတွေ မှတ်တတ်ခဲ့တာ

…….. ……. ကြာပြီ …. တော်တော် ကြာခဲ့ပြီ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 28, 2011
Comment #1

မက်တဲ့အိမ်မက် ဆောင်းတဲ့ထီး မသွားတဲ့လမ်း
အခမ်းအနားမရှိ အသွေးအသားထိ နာကျင်
အခါသင့်ရင် လွမ်းတတ်လွန်းလို. ခဏလောက်ထွက်စို.ခေါ်ချင်ပေမယ့်လည်း
ဟန်မဆောင်တတ်တဲ့ အနာဂတ်အတွက် အစာရှာထွက်ခဲ့တယ်………..

commentinfo By: ကိုတိုး at Jan 28, 2011
Comment #2

ကောင်းလိုက်တာနော်
ယူ တော်တယ်
ဆက်ရေး

commentinfo By: kyagee13 at Jan 28, 2011
Comment #3

အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jan 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment