Professional Authors

ဒေါသသံပါတဲ့ ဂီတ

ဒီညကို ၀ိုင်တစ်ခွက်နဲ့ ထိုင်မြည်းမယ်ကွာ..
လွမ်းဆွတ်ဖို့အရေး ဘယ်သူ့ဆီမှ ခွင့်ပန်စရာမလိုပါဘူး..
ကျောင်းတော်က ရန်စတွေကြောင့်လားတော့မသိဘူး…
မင်းကို သတိရတိုင်း… စိတ်ထဲက နာနာလာတယ်…
ကဲ ငါဘယ်သူ့ကို ဖျော်ဖြေမလဲ..
ဂစ်တာကြိုးကတော့.. တစ်ကြိုးပြတ်နေလေရဲ့..
မင်းကို ရည်စူးပြီး ငါသီချင်းတစ်ပုဒ် ဆိုပြမယ်ကွာ..
ဒါပေမယ့် ငါဖန်တီးတဲ့ ဂီတကတော့ ဒေါသသံတွေ ပါနေလိမ့်မယ်…

PS… ဒီစာတိုလေးတော့နည်းနည်း ရိုင်းသွားလိမ့်မယ်… သည်းခံပြီးသာ ဒေါကန်ကြပါ သူတော်ကောင်းအပေါင်း ရောင်းရင်းတို့…

အရေပြား တစ်ထောက်စာကို အ၀တ်ဖုံးပြီး မာန်သိပ်တက်ပြနေတဲ့
အနေအထိုင်မတတ်တဲ့ ကျတော့်ကောင်မလေး…
ကျားဆိုတာ အစွယ်နဲ့လာ သိပ်စူးစမ်းချင်တယ်ပေါ့လေ…
ငါ့ဆီတော့ ပြန်မလာနဲ့နော်..
ငါက ပစ္စည်းအစုတ်တွေ မသုံးတတ်ဘူး…

In: ကဗျာ Posted By: Date: Jan 28, 2011
Comment #1

ငါဖန်တီးတဲဂီတကဒေါသသံတွေပါနေမယ်..အို..
ကောင်းချက်

commentinfo By: ဇလပ်ဖြူ at Jan 28, 2011
Comment #2

မင်းကို သတိရတိုင်း… စိတ်ထဲက နာနာလာတယ်…

commentinfo By: အသဲကွဲမိုး at Jan 28, 2011
Comment #3

ငါ့ဆီတော့ ပြန်မလာနဲ့နော်..
ငါက ပစ္စည်းအစုတ်တွေ မသုံးတတ်ဘူး…

commentinfo By: anatyong at Jan 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment