Professional Authors

ငါမောလာပြီ

ဟိုးအဝေးမှာ ၀ိုးတစ်ဝါးနဲ့
ငါ့မျှော်လင့်ချက်လေး တည်ရှိနေတယ်
တိမ်တိုက်တွေအထက်မှာ ငါလွတ်လပ်နေတယ်
ဒီအချိန်
ငါနောက်ကျောငါဓားနဲ့ထိုးလို့
နင့်ကို စောင့်နေတယ်
ငါ့ဦးနှောက်ငါဖောက်စားပြီး
နင့်ကိုလွမ်းနေတယ်
နှလုံးသားကို အက်စစ်လောင်းပြီး
ငါအသက်ရှင်နေတယ်
လေတွေကို အရည်ဖျော်သောက်ပြီး
ငါငိုနေတယ်
တိမ်တွေကို လွင့်ပစ်ရင်း
ငါနင့်အနားကို ရောက်ချင်နေတယ်
အလှတရားထက် နင့်ကိုပိုချစ်တယ်
ငွေကြေးတွေထက်နင့်ကိုပိုချစ်တယ်
အရာအားလုံထက်နင့်ကိုပိုချစ်တယ်
ဒီလိုပဲ
နင်လည်းငါ့ကိုချစ်ခဲ့တာပဲ
ဘာလို့လဲ
ဘာ့ကြောင့်လဲ
ငါမသိဘူး
ရုတ်တရက်
လေပြင်းတိုက်လိုက်သလို
ရုတ်တရက်
မီးတွေထလောင်သလို
ရုတ်တရက်
ငါပူပြင်းခြောက်သွေ့စွာနဲ့
နင်နဲ့ အဝေးဆုံးကို
နင်မရှိနိုင်တော့မဲ့
အနာဂတ်တွေနဲ့ အတူ
ငါရောက်နေတယ်
ပြန်လာချင်တယ်
ပြန်ခိုဝင် ချင်တယ်
နင်နဲ့အတူတူ သစ်ပင်တွေ
ထပ်စိုက်ချင်တယ်
နင်နဲ့ အတူတူ ငှက်ကလေးတွေ
အစာကျွေးချင်တယ်
နင်နဲ့ အတူတူ သီချင်းတစ်ပုဒ်
ဆိုချင်သေးတယ်
နင်မောရင် ရေသန့်တစ်ခွက်
ငါထပ်တိုက်ချင်သေးတယ်
နင်ငိုချင်ရင် ငါပခုံးတစ်ဖက်
ထပ်ငှားချင်သေးတယ်
နင်လိုချင်ရင် ငါအနမ်းတစ်ချက်
ထပ်ပေးချင်သေးတယ်
မဖြစ်နိုင်ပါဘူး
ဒီအတွေးတွေ မျှော်လင့်ချက်တွေလဲ
ငါမောလာပြီ
ငါအိပ်တော့မယ်
ထာဝရပေါ့….။…..။….။

In: ကဗျာ Posted By: Date: Jan 27, 2011
Comment #1

အားပေးသွားပါတယ်…အင်း..ဒါပေမဲ့..ထာဝရတော့မအိပ်ပါနဲ့အုံး..

commentinfo By: ရွှေငါး at Jan 28, 2011
Comment #2

အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Jan 28, 2011
Comment #3

oh,,,
really really niceeeeeee.
i need u,

commentinfo By: ei lay at Jun 10, 2012
Comment #4

:'(
:'(
:'(
:'(
:'(

commentinfo By: ei lay at Oct 3, 2012
Comment #5

Feel again

commentinfo By: ei lay at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment