Professional Authors

ယိုယွင်းစာ

ဘယ်လိုမှကောင်းမလာနိုင်မဲ့အရာတွေထဲမှာ စိတ်ဓာတ်လဲပါတယ်
အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ
ဘယ်လိုမှ ထူးခြားမလာခဲ့ဘူး
ပြင်လိုက်ရင်း ယိုယွင်းသွားရင်း
ကိုယ့် အခံကိုယ် သုံးသပ်ရင်းပဲ
ဒီခေတ်အခါမှာ
ငါတို့တွေလုံလောက်စွာမှားယွင်းကြ
လူငယ်တွေ
မှားလော့
လူငယ်တွေ
အမှားတွေကိုသိလော့
ပြီးတော့ လူငယ်တွေ
ထပ်မှားကြလော့
အဲဒီ့ထပ်ခါထပ်ခါအမှားတွေကို ရေတွက်ရင်း
လူငယ်တွေ
ထပ်ခါထပ်ခါ မှားကြလော့…..

 

ကြက်ခြေခတ်X

10.07pm 26 jan 2011 wed

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

လာမှားသွားပါတယ် x 😛

commentinfo By: အသဲကွဲမိုး at Jan 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment