Professional Authors

မနက်ဖြန်ရဲ့ .. လက်ကျန် (သက်ထွေး)

အစကတော့
သစ်လွင်ပါစေဆိုပြီး
အရောင်ခြယ်ခဲ့တာပဲ ..
ဖြစ်ချင်တော့
ကျွန်တော်
ဆေးစပ်မှားခဲ့တယ်လေ …

လင်းရမှာကြောက်တာနဲ့ပဲ
ဆက်မှောင်နေလိုက်တယ် ….
ဖြစ်နိုင်မယ်
ဆိုရင်ပေါ့
ကျွန်တော့်ကို
မီးထွန်းပြီး မရှာပါနဲ့ …

တိတ်ဆိတ်လွန်းလို့
မကြားရတာပါ …
ရင်ကတော့ ခုန်ပါတယ် …
ချစ်တယ်ဆိုမှတော့
ယဉ်ယဉ်ကျေးကျေးပဲ
ဖြစ်သင့်တယ် မဟုတ်လား …

ကြယ်မှန်းသိအောင်
မကြွေပြလိုက်ပါဘူး …
ကျွန်တော့်အတွက်
ယုံကြည်မှုဆိုတာ
သက်သေပြနေဖို့
မလိုဘူးလေ ….

ရိုးသားပေးဖို့
မတောင်းဆိုပါဘူး
မိုးညိုတယ်ဆိုတာ
မိုးပြိုတာမှမဟုတ်တာ …
မနက်ဖြန်အတွက်
ဒီနေ့ ကြိုပြီး
နေမဝင်
ပေးနိုင်ဘူးလေ ….

ခက်တာပါပဲ
ဘဝကိုက
အိပ်မက်ဆန်ချင်နေတာ …
တစ်ခါတစ်ခါ
လန့်လန့် နိုးနေတတ်တာက
လွဲရင်ပေါ့
အိပ်ရေးတော့ ဝခဲ့ပါတယ် … ။ ။

သက်ထွေး
ဧပြီ ၂၂ ၂ဝ၁ဝ ည ၁ဝး၃၉

In: ကဗျာ Posted By: Date: Apr 22, 2010  
Comment #1

haha…. ma yay tot lal ma yay lo. ; yay pyan tot lal lan htwak ; d kabyar lay ka a yann kg ei ; a yann lal kyite ei ;
but taw taw sinn sarr yu lite tae. gaung sin ka lal… lat kyan tae. =P hehee…. >>>> don’t know why… but this poem motivate me & give me strenght!! =) u are the best bebe…. <3 <3

commentinfo By: kook at Apr 22, 2010
Comment #2

(: Speechless !! bro
(: (: (:

commentinfo By: melodyphyO at Apr 22, 2010
Comment #3

ကြိုက်တယ် Bro ရေ 🙂

commentinfo By: LoRdiE at Apr 23, 2010
Comment #4

ဟုတ်တယ် သူကြီး
ကြိုက်တယ်… ကျွန်တော်ရေးထားတဲ့ စာသားလေး သူကြီး ပို့စ်ထဲ ၀င် ရှုပ်ပေးလိုက်မယ်

ငါက ကိုယ့်ကိုကိုယ် ဆေးတစ်ခွက်ဖြစ်အောင် ဖေါ်စပ်ရင်း
အချိုးအစားလွဲမှား အဆိပ်ဖြစ်ခဲ့ရပြီ။
ချစ်သူ… သွန်ချလိုက်ပါ။…

အဲဒါ ဇ’၁ဂွဲ ခံစားချက်….
အခု သူကြီးကဗျာဖတ်တော့မှပဲ.
စုံစုံလင်လင် ဖြစ်သွားတယ်။

commentinfo By: Za TaGwel at Apr 23, 2010
Comment #5

ဖြိုးလည်းရှုပ်မလို့ ..
အဲဒါလေး ဖတ်ပြီး ဒါမျိုးလေးရေးဖြစ်သွားတယ်.. (:

စကတည်းက မှားပြီလို့ဆိုလိုက်တော့
ရင်ခုန်သံ volume ကို လျှော့ချ
ငါ့ကိုယ်ငါ အမှောင်ချလိုက်ရတော့တာပေါ့..
ချစ်တယ်ဆိုမှတော့
ယဉ်ယဉ်ကျေးကျေးပဲဖြစ်သင့်တယ်လို့လည်း
ကြား..ဖူး..ထား..လေ..တော့..

မသေချာတဲ့ မနက်ဖြန်တွေအတွက်
နေတော့ကြိုမ၀င်ပါရစေနဲ့ …
ပြန်ရဖို့မသေချာတဲ့
အတူရှိနေကြတဲ့
အခုအချိန်လေးကို မက်မောလွန်းလို့ပါ..

ဆုံတွေ့ရအောင်လို့
အမှားမှားအယွင်းယွင်းတာလွှတ်လိုက်တဲ့
ကံကြမ္မာကို
ချစ်သူရေ..
မင်းတော့မသိဘူး..
ငါကတော့
အိပ်မက်ဆန်ချင်နေတဲ့ ဘ၀မှာ
လန့်လန့်နိုးနေတတ်တာကလွဲရင်
အိပ်ရေးဝခဲ့တာတွေအတွက်
ကျေးဇူးတင်နေလေရဲ့ ။ ။
{April 23, Friday, 2010 >> 10:14 AM},melodyphyO (:

commentinfo By: melodyphyO at Apr 23, 2010
Comment #6

လန်ထွက်နေတယ်.. ကိုသေးထွက် 😀

commentinfo By: mgpyone at May 2, 2010
Comment #7

ဒီကဗျာက တော်တော်ခံစားရပါတယ်။
ခံစားချက်ချင်း တိုက်ဆိုင်နေတယ်ပေါ့လေ။

commentinfo By: chocothazin at May 6, 2010
Comment #8

ကျွန်တော် ဘယ်တော့မှ ကဗျာ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ် သူကြီး။ ကဗျာတွေကို ဖတ်တဲ့ ကဗျာ ရေးဖူးတဲ့ လူတစ်ယောက် အဖြစ်ပဲ နေတော့မယ်။ သူကြီးကဗျာ သိပ်ကောင်းပါတယ်။ ကျွန်တော့် ကဗျာတွေ ပြန်ဖျက်ပေးရင် ကောင်းမယ်ထင်တယ်။ အဲဒါလေး အကူအညီ လာတောင်းတာပါ။

commentinfo By: ChIr0N at May 8, 2010
Comment #9

ကဗျာက လန်ထွက်နေတာပဲဗျာ

commentinfo By: Mr.Young at May 11, 2010
Comment #10

ထိတယ်

commentinfo By: Darkness at May 11, 2010
Comment #11

ဒီကဗျာကြောင့် ဒီနေ့ ဒီနေရာ (poemscorner) ကိုရောက်လာတာပါ..။ ဆွဲဆောင်မှုအပြည့်ရှိတယ် ကဗျာက။

commentinfo By: Angwei at May 11, 2010
Comment #12

ဘဝကိုက အိပ်မက်ဆန်ချင်နေတာဆိုတဲ့ အသုံးက သစ်တယ်။ ကိုသက်ထွေးရေ ကျွန်တော် ကြိုက်လို့ ကူးယူသွားပါတယ်။

commentinfo By: ဆွဲအား at May 16, 2010
Comment #13

ရှယ်မိုက်တယ်။ ဘာတဲ့ ချစ်တယ်ဆိုမှတော့ ယဉ်ယဉ်ကျေးကျေးပဲဖြစ်သင့် တယ်မဟုတ်လား တဲ့။ စကားလုံးတွေ အရမ်းလှတယ်။

commentinfo By: မောင်မိုး at May 24, 2010
Comment #14

🙁
ကြိုက်တယ်။
ဟီးဟီး.. သူကြီးကွ…
ဘယ်လိုမှ ကောင်းတယ်လို့မပြောတတ်တော့လို့.. ကောင်းတယ်လို့ပဲရိုးရိုးလေးပဲပြောတော့မယ်..

commentinfo By: Kitty Yang at May 26, 2010
Comment #15

လင်းရမှာကြောက်တာနဲ့ပဲ
ဆက်မှောင်နေလိုက်တယ် ….
ဖြစ်နိုင်မယ်
ဆိုရင်ပေါ့
ကျွန်တော့်ကို
မီးထွန်းပြီး မရှာပါနဲ့ …

တိတ်ဆိတ်လွန်းလို့
မကြားရတာပါ …
ရင်ကတော့ ခုန်ပါတယ် …
ချစ်တယ်ဆိုမှတော့
ယဉ်ယဉ်ကျေးကျေးပဲ
ဖြစ်သင့်တယ် မဟုတ်လား …

ကြယ်မှန်းသိအောင်
မကြွေပြလိုက်ပါဘူး …
ကျွန်တော့်အတွက်
ယုံကြည်မှု့ဆိုတာ
သက်သေပြနေဖို့
မလိုဘူးလေ …

ထိတယ်ဗျာ … အကို့ကဗျာတွေ သဘောကျ၏

commentinfo By: နေမင်း at May 30, 2010
Comment #16

ကိုသက်ထွေးကဗျာအရမ်းကောင်းပါတရ်…
နောက်ဆို ဆေးမှားမစပ်မိစေနဲ့နော်…

ဆက်ရေးပါ… အားပေးနေမယ်…

“မင်းကိုချစ်တဲ့သူ”

Comment #17

မနက်ဖြန်ကို…….ငြင်းဖို့ 
ခွန်းအား
စွမ်းအား
တစ်ခုခုသောစွမ်းဆောင်မှု့ အား
မင်းတော့ မသိဘူး
ငါ့ မှာခေါက်ရိုးကျိုးနေတဲ့ 
ဘ၀ရဲ့ ပုံစံခွက်ထဲက
ထွက်လာသူမို့ 
ပါမလာဘူး
ရင့် သီးတယ်လို့ 
ပြောလိုကပြော
အချစ်ကိုချစ်တယ်လို့ ပဲ
ပြောလို့ ရအောင်
ဖန်ဆင်းခဲ့ သူကိုတော့ 
လွပ်လွပ်လပ်လပ်ကို
မုန်းတယ်…..မုန်းတယ်
ငါကငါ့ ချစ်သူကို
ချစ်တယ်ဆိုတာထက်ပိုအောင်ကြယ်တွေအများကြီး
ငါ့ ဘာသာငါ
ခြွေတယ်
မင်းလူန

အစ်ကို့ ကဗျာကရင်ဘက်ထဲကို
ခပ်တည်တည်ဝင်လာတော့ 
ကျနော့ ကဗျာတွေကုပ်ချောင်းချောင်းဖြစ်သွားတယ်

commentinfo By: kathitni1980 at May 30, 2010
Comment #18

ကြိုက်တယ်

commentinfo By: ကြယ်စု at Jun 8, 2010
Comment #19

ကိုသက်ထွေး မြန်မာကျူးပစ်မှာ ကဗျာအသစ်တွေ လာမတင်တော့လို့ poemscorner အထိလိုက်လာပြီး အားပေးရတယ် … ဒီကဗျာ … မိုက်တယ် .. တစ်ကယ့်အနှစ်ပဲ

commentinfo By: moenya at Jun 10, 2010
Comment #20

ကြယ်မှန်းသိအောင်
မကြွေပြလိုက်ပါဘူး …
ကျွန်တော့်အတွက်
ယုံကြည်မှုဆိုတာ
သက်သေပြနေဖို့
မလိုဘူးလေ …

မှန်ပါတယ်။ ကြယ်မှန်းသိအောင် ကြွေကျပြဖို့မလိုပါဘူး။ ယုံကြည်ဖို့အတွက်လဲ သက်သေပြဖို့မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကြယ်ဆိုတာလည်း သက်တမ်း၇ှိသလို ယုံကြည်မှုမှာလည်း အချိန်ဆိုတဲ့ အတိုင်းအတာ၇ှိနေတာကိုး။

commentinfo By: pannei at Aug 16, 2010
Comment #21

အခုမှဖတ်ဖြစ်တယ်…အရမ်းမိုက်တယ်ဗျာ….ကိုသက်ထွေးအကောင့်ရှိရင် ပေးပါလားဗျာ…ကျွန်တော်ကတော့သိပ်မတတ်ပါဘူး…ကဗျာအကြောင်းလေးတွေကိုသက်ထွေးဆီကနေ သင်ကြားချင်လို့ပါ…[email protected]ကိုadd လည်းရပါတယ်…ခင်မင်လို့ရရင်add ပေးစေချင်ပါတယ်….

commentinfo By: terry at Jan 21, 2011
Comment #22

add လိုက်ပြီ ကို terry ရေ

commentinfo By: သက်ထွေး at Jan 21, 2011
Comment #23

အားလားလား ကောင်းချက်ကတော့ ရက်စက်ပါ့၊၊ ဒါကို ကူးပြီး ကိုယ့်ကဗျာလုပ်တဲ့လူက ရှိသေးတယ်၊၊ ဖြိုးရဲ့ comment link ကြောင့် ဒီကဗျာလေးဖတ်ခွင့်ရတာပါ၊၊ ကျေးဇူးပါ မဖြိုး၊၊

commentinfo By: နေသွေး at Jul 2, 2011
Comment #24

ကိုသက်ထွေးရေ……
ကျွန်တော်က အစ်ကို့ကဗျာကို ကူယူခဲ့သူတစ်ယောက်ပါ…
ဒါကလဲ ကျွန်တော်ကဗျာတစ်ပုဒ်လုံကိုမမှတ်မိတော့တာလဲပါတာပေါ့….
ခွင့်မရှိပဲကူးယူခဲမိတာတောင်းပန်ချင်ပါတယ် ကိုသက်ထွေး…။
ကျွန်တော်က ငယ်သူပီပီ စဉ်းစားမှုမရှိ လုပ်ခဲ့မိတာအတွက် ကိုသက်ထွေးကို တောင်းပန်တာတောင် ကျေးနိုင်ပါ့မလား မသိဘူး….။
ဖြစ်နိုင်ရင် ကိုသက်ထွေး က ကျွန်တော့်ကို ကဗျာရေးနည်းလေးတွေ သင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်…………။
တောင်းပန်ခြင်ျးများစွာနဲ့…
ဇော်သက်ဦး
[email protected]

Comment #25

ကဗျာလေးက တော်တော်လက်ရာမြေက်ပါတယ်….။
ဒါကြောင့်မို့လို့လဲကူးတဲ့သူကရှိနေတာပေါ့…၊ စာသားကူးတယ်ဆိုတာ ကိစ္စမရှိပါဘူးးးးး … ဒါပေမယ့် ကဗျာရှင်ရဲ့ ခွင့်ပြုချက်တော့လိုတာပေါ့ ကိုဇော်သက်ဦး … ခင်ဗျားက ခွင့်မတောင်းပဲကူးတော့ အခုလိုပြသနာတွေတက်ကုန်တော့တာပဲ…..။
ကိုသက်ထွေး ကို တော့ တော်တော် လေးစားစရာကောင်းနေပြီ…။ကျွန်တော်ကကဗျာမရေးတတ်ဘူးဗျ..။ကဗျာတွေကိုပဲလိုက်ဖတ်ပြီး Comment ရေးတာ…။ အရင်ကတော့မရးပါဘူး…။ အခုနောက်ပိုင်းတော့ ဝေဖန်ချင်စိတ်ဖြစ်လာတာပဲ….။
ကဗျာ အသစ်လေးတွေကို ကျွန်တော်မျှော်နေမယ်….ကိုသက်ထွေးရေ……။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #26

အားပါးပါး…တော်တော်ကောင်းတဲ့ ကဗျာပဲ..၊ ရန်ပွဲကြောင့် ဖတ်ဖြစ်တာ အစ်မ ဖြိုးဖြိုးကိုကျေးဇူးတင်တယ်….။ ကျွန်တော်လဲဒါမျိုးတွေရေးချင်နေတာ….။ တပည့် ခံချင်တယ် ကိုကြီး သက်ထွေးရေ….။ အကောင့်ရှိရင်ပြောပါဦး..။ကျွန်တော့် အကောင့်က [email protected] ပါ……။

commentinfo By: မိုးဆွေ at Jul 7, 2011
Comment #27

တခုလောက်မေးပါစေနော် ကိုသက်ထွေး.
ကဗျာရေးတာ တပည့်ခံတိုင်း
သင်ပေးတိုင်း ရလို့လား
ရင်ဘတ်နဲ့ညှိုရတာမဟုတ်လား
တကယ်သိချင်ရုံပါနော်။
ဘာကိုမှမရည်ရွယ်ပါလို့ ..
ကိုသက်ထွေးကဗျာ တွေကိုကြိုက်ပါတယ်
ဘာကိုမှမရည်ရွယ်ပါလို့ ….

commentinfo By: moe at Oct 25, 2011
Comment #28

share သွားပါတယ်ဗျာ အရမ်းကြိုက်လို့ …

commentinfo By: linn Myat at Jun 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment