Professional Authors

ဆန္ဒ (ဖြိုးဖြိုး)

ကတိတွေ..တဲ့..လား..
မင်းဆီက ဘာကတိတွေမှ လိုချင်ပါဘူး..
ငါ့ကိုပေးလိုက်တဲ့ ကတိတွေကြောင့်
တစ်ချိန်မှာ မင်းအတွက်
အတားဆီးတွေဖြစ်မှာစိုးလို့
မပေးပါနဲ့ ချစ်..သူ ။ ။

အချစ် တဲ့..လား..
မင်းဆီက အချစ်တွေလည်း လိုချင်ပါဘူး..
သိနေလို့ပါ
ငါ့ကို..ချစ်ရင်..မင်းစိတ်တွေပင်ပန်းတော့မှာကို..
မင်း ရင်တွေမောမှာစိုးလို့
မချစ်ပါနဲ့ ချစ်..သူ ။ ။

အသိမှတ်ပြုမှုတွေ တဲ့..လား..
မလိုအပ်တဲ့..အရာမို့
ကျေးဇူးပြုပြီး
လျစ်လျူရှုလိုက်ပါ ချစ်..သူ ။ ။

စကားတစ်ခွန်းပဲ..တဲ့..လား..
ပြောချင်တာပေါ့..
ဘ၀ရဲ့ ပထမဆုံးအနေနဲ့
တစ်ခြားသူ မဟုတ်တဲ့
မင်း…ကို.. ပဲ..

အဲဒီတော့
မင်းနဲ့ပတ်သက်ရင်
မင်းလိုအပ်မယ့်ချိန်ထိ
ရှိနေခွင့်ကို………..
အရာအားလုံးထက် လိုချင်ပါတယ်။

အပိုဆုအနေနဲ့
နောက်တစ်ခုပြောပါဆိုရင်…..
အချစ်နတ်သမီးရှေ့မှာ
ငါ့အချစ်နဲ့မေတ္တာကို အစစ်ဆေးခံပြီး
ဖြူစင်မှန်ကန်ကြောင်းသက်သေပြလို့
မင်း နဲ့ပတ်သက်ရင်
မျက်နှာသာမပေးလွန်းတဲ့ ငါ့ကံကြမ္မာကို
ပြင်..ဆင်..ချင်..တယ်.. ။ ။

 { April 22, Thursday, 2010 >> 11:49AM }, ဖြိုးဖြိုး (:

In: ကဗျာ Posted By: Date: Apr 22, 2010
Comment #1

ကောင်းတယ် ဟီးဟီး အားပေးတယ်နော် 😀

commentinfo By: thonenya at Apr 22, 2010
Comment #2

nice one 🙂

commentinfo By: Thet Twe at Apr 23, 2010
Comment #3

လာကြည့်သွားလို့
မကောင်းတတ်လို့ ပြန်လာကြည့်တာ မဟုတ်ဘူးနော်။
လော့အင် မလုပ်ခင်ထဲက ဒီကဗျာကို ဖတ်ပြီး
ငါ့ အကြောင်းဘယ်သူရေးနေသလဲ မေးမလို့ ကြံထားတာ

commentinfo By: Za TaGwel at Apr 23, 2010
Comment #4

@zatagwel, တိုက်ဆိုင်တယ်ပေါ့:P ဒါဆိုရင်တော့ shake hand!! (:

commentinfo By: melodyphyO at Apr 23, 2010
Comment #5

shake….
But that pain is to0 real to fantasize, right?

commentinfo By: Za TaGwel at Apr 23, 2010
Comment #6

@zatagwel, အဲဒီမေးခွန်းဖြေဖို့ ရုတ်တရက်ကြီးနှာစေးသွားပါကြောင်း…..
😛

commentinfo By: melodyphyO at Apr 23, 2010
Comment #7

ဖြူစင်တဲ့အချစ်ကိုသက်သေပြချင်တယ်??

commentinfo By: May Kgmahlay at May 12, 2010
Comment #8

အဲလောက်တောင်ချစ်တယ်နော်..

commentinfo By: kyikyi at May 18, 2010
Comment #9

အကုန်လုံးကို တိုက်ဆိုင်နေတယ် နွေ့ ခံစားချက်ကိုများချရေးထားသလားထင်ရတယ် ………………..

commentinfo By: nwealwan at Jun 21, 2010
Comment #10

ကျိတ်ထားဟ………..

commentinfo By: lwantaycho at Jun 29, 2010
Comment #11

ပြင်ဆင်လိုက်လေ မြန်မြန် အစစ်အမှန်ရရှိမှာပါ။

commentinfo By: မနောဖြူလေး at Jun 29, 2010
Comment #12

ကောင်းပါဘိသြတောင်းချချင်ဧ။်

commentinfo By: aalwin at Sep 20, 2010
Comment #13

ခံစားချက်ချင်းတူလို့ အားပေးသွားတယ်နော်.. ပိုစ်အသစ်တွေရေးပါဦးဗျာ…

commentinfo By: astro at Oct 15, 2010
Comment #14

အချစ် တဲ့..လား..
မင်းဆီက အချစ်တွေလည်း လိုချင်ပါဘူး..
သိနေလို့ပါ
ငါ့ကို..ချစ်ရင်..မင်းစိတ်တွေပင်ပန်းတော့မှာကို..
မင်း ရင်တွေမောမှာစိုးလို့
မချစ်ပါနဲ့ ချစ်..သူ ။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #15

အပိုဆုအနေနဲ့
နောက်တစ်ခုပြောပါဆိုရင်…..
အချစ်နတ်သမီးရှေ့မှာ
ငါ့အချစ်နဲ့မေတ္တာကို အစစ်ဆေးခံပြီး
ဖြူစင်မှန်ကန်ကြောင်းသက်သေပြလို့
မင်း နဲ့ပတ်သက်ရင်
မျက်နှာသာမပေးလွန်းတဲ့ ငါ့ကံကြမ္မာကို
ပြင်..ဆင်..ချင်..တယ်

commentinfo By: May Kha at Jul 21, 2011
Comment #16

ဖြိုး ဖြိုး ကဆရာချေနွယ်ပရိတ်သက်ထင်တယ်ဗျ
ကွန်မန်တွေအတော်ပေးထားတယ်
ကျွန်တော်လည်းဆရာ နံပါတ်စဉ်ထဲကတစ်ယောက်ပါ
ဆန္ဒ ကဗျာကောင်းပါတယ် အဖြူရောင် ရင်ဘက်အပြည့် နဲ့ 
ဝဲဘက် တစ်ခြမ်းက နှလုံးသား ဘယ်သူများပိုင်ဆိုင်မှာပါ့
ထီလက်မှတ်နဲ့ မခြား ဤ လူသား ….?

commentinfo By: ချစ်မိုးဦး at Oct 23, 2011
Comment #17

ကောင်းတယ်ဗျာ တကယ်ကောင်းတယ် ကဗျာတွေက

commentinfo By: အောင်အောင် at Jun 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment