Professional Authors

ရေးလိုက်တယ်…ဘာမှန်းမသိ သိလိုက်တယ်….ဘာတဲ့လဲ

ခဏလေး ခဏလေး

ခင်ဗျားတို့ပြောနေတဲ့စကားထဲ

အရည်အချင်းဆိုတာ ပါမလာသလိုပဲ

လုပ်ပါ….

ခင်ဗျားတို့ခေတ်နဲ့ ခင်ဗျားတို့အထာ

 

အုန်းအုန်းကျွတ်ကျွတ်ပါပဲ

ငါးစိမ်းသည် ရန်ပွဲလိုပဲ

ဒီမှာ ချပြီဟဆို

လူဝိုင်းလာမှာပဲ

အဲဒီ့ကျမှ လက်သီးလက်မောင်းတန်းပြ

ကိုယ်ရည်သွေးလို့ဝမှ

ရေသောက်လိုက်ပါဦး ကိုယ်တော်

မင်းမောနေပါ့မယ်

ပြီးတော့…

သူခိုးပြေးပြီးရင် ထိုးကွင်းကြီးထပါဦး

 

အစကန္တဦးတုန်းက ဟုတ်မလိုလိုနဲ့

အချိန်တန်လို့ နွားပိန်ကန်တာလား

ငါ့သမီး ယောင်းမမြင်းစီးတာလား

မစားရတဲ့အမဲ သဲနဲ့ ပက်လေသလား

အဲဒါ ရဲအထာကွ

နောက်ကွယ်က လက်သိပ်ထိုးမှ

မင်းအပြုံးတွေ ဖြဲတက်မလာနဲ့

အစကတော့မင်းပဲ မိုးလားကဲလား

ခုတော့ ဝဲစား ဖဲသမား……

 

ပွဲကပြီးသွားပြီ

ဒါပေမဲ့

မီးတော့လင်းမလာခဲ့

မှတ်ကွဲ့ သူငယ်..

အဲဒါ မှောင်ခိုဇာတ်….

 

ကလေးတွေငိုလို့ ပြတဲ့ဇာတ်

ဖားတွေပျော်အောင် မိုးရွာပေးတဲ့ဇာတ်

အမေကျော် ဒွေးတော်လမ်းဇာတ်

ဇာတ်ကြီးတစ်ရာ့ တစ်ဆယ်

တစ်ရာမှ တစ်ဆယ်ထဲရယ်

အဲလေ…

လေဘေးထည်နဲ့မှားမယ်…

 

ကဲ ကဲ တော်ပြီ တော်ပြီ

ဂေါ်ဖီသည်လဲ တော်

ဂေါ်လီသည်လဲ တော်

အပိတ်ကပြီးနေပြီ

ခုမှ စဖွင့်ချင်တုန်းဆိုလဲ

မိုးလင်းဖို့ပဲရှိတယ်

ကဲ….

ငှက်ဆိုအိပ်တန်းတက်

ကြက်ဆို ဖလပ် ဖလပ်

နွားဆို ဘွတ်အဲလိုက်ဦး

ခွေးဆို ထိုးဟောင်လိုက်ဦး

လူဆိုလဲ ကြိတ်နာလိုက်ဦး………

 

ကြက်ခြေခတ်X

2.00am 26 jan 2011

 

 

 

 

 

 

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

မိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #2

ဘော်ဒါရေ… မိုက်ချက်က ကန်းကုန်ပြီ !! ကြိုက်လိုက်ပြီ လက်ကုန်။

commentinfo By: ရှင်ထိပ်ထား at Jan 26, 2011
Comment #3

ဟားး အရမ်းလန်းတယ် …တွေ့လိုက်တယ်…….ရှုပ်ယှက်ခတ်နေတဲ့ ကြားထဲမှာ..ပြူးတူးပြဲတဲနဲ့ အကောင်တစ်ကောင်တောင် အဆစ်ပါသွားသေးတယ်……….

Comment #4

ပြူးတူးပြဲတဲဆို ဒါ ခါးပိုက်နှိုက်ပဲဖြစ်မှာ….
ပွဲလန့်တုန်း ဖျာခင်းတာနေမှာ….

commentinfo By: ကြက်ခြေခတ် X at Jan 26, 2011
Comment #5

သူ့ပြောလို့ ပြောမှန်းမသိ………. ရော် ခက်ပါလား……ကြက်ခြေခတ်ရယ်……
အမြဲတမ်းအားပေးနေမယ်နော်………. ဒီထက်ကဗျာကောင်းကောင်းလေးတွေ ရေးနိုင်ပါစေဗျာ

Comment #6

သိပါတယ်ဗျ…..ဖောဖောပေါ့…
ဖားတွေပျော်ပါစေဆိုပြီး မိုးရွာပေးတာပါ ကိုတုံးတိရ

commentinfo By: ကြက်ခြေခတ် X at Jan 26, 2011
Comment #7

မခေါ်နဲ့လို့ ပြောထားတယ်လေ မောင်နှမအချင်းချင်း ကြားရတာတင် ကျောချမ်းတယ် အလံဖြူထောင်ပြီနော်…. ကြည်စေ အေးစေ မြဲစေ

Comment #8

ok ok
no more ဂွ
no more တုံးတိ
PEACE!

commentinfo By: ကြက်ခြေခတ် X at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment