Professional Authors

Pandora Box ဖွင့်မိခြင်း

Pandora Box တစ်ခုရှိတယ်
တားရက်နဲ့ 
မှားဖွင့်မိတယ်
ပင်လယ်မှာ နောင်တနဲ့ 
တရက်တာ သင်္ဘောပျက်ပါရစေ
အများကြီးသိချင်တဲ့
ငါ့ကို
အပြစ်ပေးလွင့်ပါ…

မင်းချထားတဲ့ ဇယားနဲ့
ငါ့အတ္တကို ချိန်ထိုးဖို့ မလို
မင်းအကွက်မှာ
ပက်လက်မျောမျော
မှောက်ခုံမျောမျော
မျောချင်သလိုမျော
မြူသဘောလိုချစ်ခဲ့လို့ 
အူတူတူနဲ့ 
သည်ကောင်…
မျက်စိကိုမှိတ်
ငါ့အရှုပ်ထုပ် ခံစားချက်တွေ စတေး
အချစ်တွေကိုပါ
(ရက်ရက်ရောရော) ချကြွေးလိုက်တယ်ကွယ်
……..

မင်းမျက်ဝန်းမှာ ကျောက်ချခဲ့ပြီမို့ 
ငါ့နှလုံးသားတွေ….
မိုးစိုလည်း စိုပါစေ
လေတိုက်လည်း တိုက်ပါစေ
မိုးကြိုးပစ်လည်း ပစ်ပါစေ
သေသေကြေကြေ…..
ဒီအပေအတေကို
မျှော်လင့်ခွင့်တော့ပေးသနားပါ…
ကြွေ…….
လွင့်…….
…………ရမယ်ဆို
ငါ့အသက်ကိုသာ ယဇ်ပူဇော်လိုက်မယ်

“နောက်ထပ်” ဆိုတဲ့စကားနဲ့ 
ငါ့ကိုမွန်းကျပ်အောင်မလုပ်ပါနဲ့ 
အရင်ဆုံး
ငါ့နှလုံးသားကိုခွဲ
ဆားနယ် နေထုတ်လှန်းလို့ 
သုင်္သာန် တစပြင်မှာ
ခေါစာသာ ပစ်လိုက်ပါတော့

မီးပွိုင့်ဆိုတာ
တဖက်မှာစိမ်းရင်
တဖက်နီတယ်
ငါကိုယ်တိုင်မသိခဲ့တဲ့
ငါ့မီးပွိုင့်က
တစ်ဖက်ပဲရှိတယ်
တစ်ရောင်ပဲစိမ်းတယ်
အနီမရှိ၊ အဝါမရှိ
အတိအကျ မျက်နှာလိုက်တယ်…

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

အားပါးးးးးဒီလိုကဗျာကောင်းလေးတွေဖတ်ရတာမိုက်ဒယ်

commentinfo By: ဇလပ်ဖြူ at Jan 25, 2011
Comment #2

ပထမတစ်ခုပွင့်ထားသေးတယ်
ခုနောက်တစ်ခုလား
အဲဒါဆိုရင်တော့ သွားပြီဗျာ…….

commentinfo By: moehtetaung18 at Jan 25, 2011
Comment #3

🙂

commentinfo By: ကိုဇင် at Jan 26, 2011
Comment #4

a ti a kya ko laee sarr twar par de shin.

commentinfo By: ei lay at Dec 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment