Professional Authors

သက်ဆိုင်သူထံသို့……

ကဲ…ပြောစမ်း….

နင့်ကျက်သရေ…နှုတ်ခမ်းက
အခြေအမြစ်မဲ့…စွပ်စွဲခြင်းတွေ
…စုံကန်နေမှန်းသိတယ်..ချစ်သူ
……..
ဒါဘယ်ခြေလှမ်းအတွက်လည်းဆိုတာ…
ငါသိပ်သိတယ်…….
နားမလည်တာမဟုတ်ဘူး……
ကန်းနေတာမဟုတ်ဘူး…….

မသိချင်ယောင်ဆောင်ထားတာ
reson လိုချင်တယ်ဆိုရင်လည်း
ငါ့မှာ…..ခိုင်ခိုင်လုံလုံတွေရှိပါရဲ့
မခွဲနိုင်တာထက်…မခွဲချင်ခဲ့တာ။

မပြောခဲ့ပါဘူး……..
မပြောနိုင်ခဲ့ဘူး……..
(မပြောတတ်တာမဟုတ်ဘူး….
ပြောမထွက်တာ..)
နင့်အပြစ်တွေကို…..
ငါ့မာနထက်နင့်ကို မြတ်နိုးမိတဲ့အခါ
ဈေးခွေး….ဈေးကလေးထက်ပိုတဲ့
ရှုံ့ချ အပြစ်တင်ခြင်းတွေ…
ငါ့နားထဲ…ပျားသကာယောင်တောင်ထင်လို့
အခါးတွေမျိုမျိုချတတ်ခဲ့တာ
ခုဆို…..ကြက်ဟင်းခါးတောင်ခုံမင်နေတတ်ပြီ။

မရေးပါဘူး….မစပ်ခဲ့ဖူးဘူး…
နင့်မကောင်းကြောင်းတွေ
ငါကနင့်ကိုချစ်တာ….
အပြစ်တွေပါလာလည်း..ခွင့်လွှတ်နိုင်တယ်
အဟောင်းတွေပဲဖြစ်ဖြစ်
အသစ်တွေပဲလာလာ
နင်နဲ့ တန်းတူမညှိရက်…
မလဲနိုင် မလဲ ပစ်ခဲ့တာတော့…
ငါ့ကိုယ်ငါ သိပ်သေချာတဲ့….နင့်အတွက်အချစ်တွေပေါ့။

နင်……ခဏခဏ
ငါ့ကို ..လွှင့်လွင့်မပြစ်ပါနဲ့
ခဏခဏ….ကန်ကန်မထုတ်ပါနဲ့
အကြိမ်ကြိမ်အခါခါ…..
နင်..လမ်းခွဲအတွက်..တောင်းဆိုပေမယ့်
ငါမလိုက်လျောခဲ့ဖူးဆိုတာလည်း….
…….
ငါနဲ့ငါ့နှလုံးသားကလွဲ…နင့်ကိုဘာများ
ထိခိုက်စေခဲ့လည်း….???

အပြစ်မြင်..အပြစ်ထင်တဲ့
နင့်ချစ်ခြင်းတွေ (နင်ပြောခဲ့တာတွေ)…ထဲ
အောက်တန်းတောင်မချိတ်နိုင်တဲ့အထိ
ကျဆင်းတဲ့ငါ့ မာနတွေ…..ကို…
နင်က အတုအယောင်လို့ …
ဝေ့ကာဝိုက်ကာ..ပြောထွက်..
ငါ….မေးလိုက်ပါရစေဦး…
နင့်ကိုလိမ်ရင်….နင့်ကိုညာရင်….
ငါ…..ဘယ်လောက်အမြတ်ထွက်မှာမို့လို့လဲ?

နင်ဝယ်ပေးထားပါတယ်ဆိုတဲ့
i phone လည်း…ငါမမြင်ရပါဘူး…
နင့်ပေးတဲ့လက်ဆောင်တွေလည်း….
ဘူး..အသေးစားထဲတောင် မပြည့်ခဲ့ပါဘူး……
(နင်ပြောတဲ့ငွေစကားတွေ)
နင့်ဆီက…..ခဏခဏ အရူးလို…
နားပူနားဆာတိုက်နေတာ…
ထမင်းတနပ်အတွက်လား….
နင်စွန့်ကျဲမဲ့..အချစ်အတု တခုအတွက်လား…??
နင်…..အသိဆုံးပဲဖြစ်ပါလိမ့်မယ်။

နင့်ကို…ငါ့ဘ၀လောက်ချစ်ခဲ့ရင်…
တသံသရာစာလောက်နာကျဉ်းတယ်။

နောက်ဆုံးတွေထဲကနောက်ဆုံးလည်း…
ငါမတောင်းပန်မတောင်းဆိုတော့ဘူး…..
..၀ဋ် ဆိုတဲ့..စကား…
အတိအကျ..ကြုံလာတဲ့အခါ….
ငါ့ထက် သာ..ငါ့ထက် မာလို့….
ငါကဲ့သို့ မရှုမလှ မကျဆုံးစေဖို့….
(နင့်အတွက်ဆို).
.မာနကင်းမဲ့
ချစ်ခြင်းတရားနဲ့….
လက်အုပ်မိုး ဆုတောင်းပေးတယ်….
………………..
သံသရာမှာ..ထာဝရ…ငါ့လိုလူနဲ့ဝေး…းး ပါစေ။

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

အဲလောက်တောင်ချစ်ရတာလားကွယ်..

commentinfo By: HORIZON at Jan 25, 2011
Comment #2

အားပေးသွားပါတယ်ရှင်..

commentinfo By: ရွှေငါး at Jan 25, 2011
Comment #3

……….ကျေးဇူးပါ..နော် ….

commentinfo By: အသဲကွဲမိုး at Jan 25, 2011
Comment #4

မမိုး ကောင်းလှချည်လား…. အားပေးသွားတယ်

commentinfo By: genius.jinx28 at Jan 25, 2011
Comment #5

အသဲကွဲမိုးရေ အဲလောက်တောင် ဖြစ်ရလားဗျ… ကဗျာလေးကို အားပေးသွားတယ်

Comment #6

အချစ်ကြီးတယ်နော်

commentinfo By: ဇလပ်ဖြူ at Jan 25, 2011
Comment #7

ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ…….
ကဗျာလေးအရမ်းကောင်းတယ်

commentinfo By: moehtetaung18 at Jan 25, 2011
Comment #8

တကယ်ချစ်လို့ ပြောထားတဲ့ တော်ကီလိုလိုနဲ့ တကယ်တမ်းကြတော့ သူပေါက်ကွဲနေတာတွေ ရေးထားတာပဲ . . .
အချစ်ကြီးလို့ အမျက်ကြီးနေတယ်ထင်တယ် . . .

commentinfo By: nanpyisoke at Jan 25, 2011
Comment #9

နဲနဲလေးတော့ … လွဲနေတယ် (ထူးအိမ်သင် သီချင်း)
အကျိုးရှိလို့ အကြောင်းဖြစ်လာတာပါ။ဆင်ခြင်သင့်တယ်။ လူတွေကကိုယ့်ရဲ့မျက်ချေးကိုတော့ ကိုယ်ပြန်မမြင်တတ်ကြဘူး။ အဲဒါလေးတော့ သတိချပ်စေချင်တယ်။ဝေဖန်တာနော်。。。

commentinfo By: 8 pyaw at Jan 25, 2011
Comment #10

အားလုံးအားလုံးကျေးဇူး
(လုံးလုံး၀၀) မကြိုက်ပါဘူးဆိုတဲ့ ကိုဇာတိ…..ဝေဖန်ခြင်ူအတွက်ကျေးဇူး
ဟုတ်တယ်…မိုးကဗျာတွေအဲလို….ကြောင်ကြားကြားတွေပေါတယ်…..
……………………………….
ကိုယ် 8ပျော် ကိုလည်းဝေဖန်လို့ကျေးဇူးပါ…….
ဒါပေမယ့်…ကျွန်မ မှန်ပုံမှန်ကြည့်ပါတယ်…… မျက်ချေးရှိရင် တွေ့မှာပါ…

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #11

ဒါဆို စာရေးသူကြည့်ဖြစ်တဲ့မှန် က Mirror တော့ မဖြစ်နိုင်ဘူး … Transparent Mirror ဘဲဖြစ်လိမ့်မယ်။

commentinfo By: 8 pyaw at Jan 26, 2011
Comment #12

မသိချင်ယောင်ဆောင်ထားတာ
reson လိုချင်တယ်ဆိုရင်လည်း
ငါ့မှာ…..ခိုင်ခိုင်လုံလုံတွေရှိပါရဲ့
မခွဲနိုင်တာထက်…မခွဲချင်ခဲ့တာ။

မပြောခဲ့ပါဘူး……..
မပြောနိုင်ခဲ့ဘူး……..
(မပြောတတ်တာမဟုတ်ဘူး….
ပြောမထွက်တာ..)
နင့်အပြစ်တွေကို…..
ငါ့မာနထက်နင့်ကို မြတ်နိုးမိတဲ့အခါ
ဈေးခွေး….ဈေးကလေးထက်ပိုတဲ့
ရှုံ့ချ အပြစ်တင်ခြင်းတွေ…
ငါ့နားထဲ…ပျားသကာယောင်တောင်ထင်လို့
အခါးတွေမျိုမျိုချတတ်ခဲ့တာ
ခုဆို…..ကြက်ဟင်းခါးတောင်ခုံမင်နေတတ်ပြီ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment