Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

ပြုစားခဲ့တဲ့သူ (တာရာမင်းဝေ)

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင်
အရပ်အတော်မြင့်ခဲ့ပြီ။

လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံ ခွန်းကြီး၊ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါးနဲ့
“လူ” အဖြစ် “ပွင့်” ခဲ့ရတာပါ။

တကယ်ဆိုကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြခဲ့ဖူးပြီး။

တစ်ခါတစ်ရံ လေပူတွေအဝေ့မှာတော့
လမ်းလျှောက်သူတို့ရဲက ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျွန်တော်မကောက်ကွေ့ခဲ့ပါဘူး။

ကျွန်တော်နဲ့ သိုးထိန်းတို့ခုလို မျိုးစကားစိမ်းဆိုကြ
ဪသာ် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ ကျန်ခဲ့တယ်။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 21, 2010
Comment #1

ခံစားရပါကြောင်း

commentinfo By: Number1Princess at Apr 26, 2010
Comment #2

ဧရာဝတီ စီးမြဲစီးနိုင်ပါအုံးမလား ဆိုတာကိုတော့……

commentinfo By: စိုး at Jul 5, 2010
Comment #3

သူလိုကိုယ်လိုတောင်ကျွန်တော်မကောက်ကွေ့ခဲ့ပါဘူး
ဆိုတဲ့ စာသားလေးက တော်တော်လေးကို တာသွားတယ်နော်

commentinfo By: ဇွန်ဖြူဖြူဇော် at Aug 14, 2010
Comment #4

တစ်ခါတစ်ရံ လေပူတွေအဝေ့မှာတော့
လမ်းလျှောက်သူတို့ရဲက ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျွန်တော်မကောက်ကွေ့ခဲ့ပါဘူး။

commentinfo By: May Kha at Jan 19, 2012
Comment #5

တကယ်ဆိုကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြခဲ့ဖူးပြီး။
ဪသာ် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ ကျန်ခဲ့တယ်။

commentinfo By: အသဲကွဲမိုး at Mar 7, 2012
Comment #6

သူသေပြီတဲ့နောက်
ရသဝတ္ထုကမ္ဘာဟာ
တခြမ်းမှောင်ခဲ့ရတယ်
ဒွေးနဲ့တာရာကို
အသေနှမြောတယ်

commentinfo By: nayzaw at Aug 10, 2013
Comment #7

ရင်နှင့်အမျှပေါ့

commentinfo By: မင်းခက် at Apr 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment