Professional Authors

ကောင်လေးရေ

ကောင်လေးရေ……

ဘာကြောင့်မှန်းမသိ

ချစ်ချင်လို့ကိုချစ်လိုက်တဲ့နှလုံးသားကို

ငါကိုယ်တိုင်တောင်အံ့သြမိတယ်

ငါ ဧဒင်ဥယျာဉ်ထဲက ဘာသီးကိုမှလည်း

ခိုးမစားရပါဘဲနဲ့

ဒီလောက်ကြီးမြန်မြန်ဆန်ဆန်

နင့်ကို…..

ဘာကြောင့်ချစ်သွားလဲမသိ

တိမ်တွေကိုငေးရင်း

နင့်အကြောင်းကိုပါ

မဆီမဆိုင်တွေးမိတော့လည်း

ကိုယ့်ဘာသာပဲ

အရူးလိုပြုံးမိတယ်

ဘယ်သူတွေဘယ်လိုထင်ထင်လေ ။              ။

In: ကဗျာ Posted By: Date: Jan 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment