Professional Authors

အိမ်မက်

တိမ်တွေလို လွှင့်မျှော်လိုက်ချင်တယ်
ဒါပေမယ့် ငါသူတို့လောက်မှ မပေါ့ပါးတာ
ငှက်တွေလို ပျံဝဲလိုက်ချင်ရဲ့
ဒါပေမယ့် ငါအတောင်ပံမှ မပါတာ
တစ်ခါတစ်ရံ ကျောက်ဆောင်ကျောက်သားတွေကို
မားမားမတ်မတ်ကြီး ရပ်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မမာကြောတာ
ပင်လယ်ပြင်ကြီးလိုလဲ ငြိမ်သက်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မနက်ရှိုင်းတာ
ငါလေ နင့်ကို ရင်ခွင်ထဲမှာ အမြဲထည့်ထားချင်ပါတယ်
ဒါပေမယ့် ကောင်မလေးရေ………………….
ငါ့ဘဝက အချစ်တစ်ခုကလွဲပီး
ဘာမှ မှ မပြည့်စုံတာ…………………….

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

တစ်ခါတစ်ရံ ကျောက်ဆောင်ကျောက်သားတွေကို
မားမားမတ်မတ်ကြီး ရပ်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မမာကြောတာ

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #2

ကောင်းတယ်ဗျာ … အားပေးသွားပြီနော်

commentinfo By: Mike.aung at Oct 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment