Professional Authors

လယ်သူမ (တာရာမင်းဝေ)

ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
… … …
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။

တာရာမင်းဝေ

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 21, 2010
Comment #1

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။

commentinfo By: aye chan khine at Jul 15, 2011
Comment #2

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
… … …
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

commentinfo By: အသဲကွဲမိုး at Jun 23, 2012
Comment #3

သေမင်းက
လူတော်တွေမှ
ခံတွင်တွေ့တာလား
မီးပြတ်သွားတဲ့သူ့အတွက်
တခါတရံငါငိုတယ်

commentinfo By: nayzaw at Aug 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment