Professional Authors

“စုတ်ချက်ကြမ်းသွားတဲ့ ပန်းချီကားတချပ်”

လက်ကျန်အိပ်မက်ကို ခေါက်သိမ်းလိုက်ပြီ
ဒိုင်ယာရီထဲက ပွင့်ဖတ်တချို့ တောင့်စင်း
အလွမ်းသီချင်းများ ရာသီစာဖြစ်သွား
နှလုံးသားကန္တာရက အီကွေတာနဲ့ နီးနီးလာတယ်
ကျွန်တော် သပ်သပ်ရပ်ရပ် ရိုင်းခဲ့ပေါ့

အရောင်စုံမျက်ဝန်းနဲ့ မိန်းမပျိုရေ
ပဉ္စလက်မာယာ တောက်စားကခုန်မှုကို
ရင်ဘတ်အဟောင်းသား ငေးခဲ့သူပါကွယ်
ကြွေကျလာတဲ့ စပျစ်သီးတွေလဲ မချိုတော့ဘူး
ထိုင်နေကျ အုတ်ခုံလေးမှာ အမှောင်ရိပ်သန်းခဲ့ …

အဆိပ်တွေဖြူးထားတဲ့ ပန်းသီးတလုံးကျွေးမိတယ်
နတ်သျှင်နောင်ရဲ့ ရတုတပုဒ် ဆေးထိုးမှားခဲ့သလား
ငါနဲ့မင်းရဲ့ အမှတ်တမဲ့တွေလည်း ဈေးကြီးကြီးလာတယ်
ညှိနှိုင်းမရတော့တဲ့ သံယောဇဉ်ကို အပြစ်မဖွဲ့တော့ပါဘူး
စွန့်ပစ်ပစ္စည်းမှတ်တမ်းကို ခပ်ကြမ်းကြမ်းပဲ ခြစ်တော့မယ် ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 20, 2009  
Comment #1

ကောင်ကလေးရယ်
နင် ခပ်ကြမ်းကြမ်း ခြစ်ပစ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းမှတ်တမ်းမှာ
ပထမဆုံး မန့်ခွင့်ရလို့ ငါ ပျော်ခဲ့ရပါတယ် ။
ညှိနှိုင်းမရတဲ့ သံယောဇဉ်တွေအတွက်တော့
တန်ဖိုးဖြတ်မရတဲ့ မှတ်တမ်းဟောင်းတွေကို
အကြောင်းမတိုက်ဆိုင်လဲ ငါ သိမ်းဆည်းထားပါဦးမယ် ။

commentinfo By: Ma Sint at Oct 21, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment