Professional Authors

အင်အားမဲ့ပျံသန်းခြင်း

ငါ……
ဒီနေရာကို တိတ်တဆိတ် ၀င်ရောက်လာခဲ့ပြီး
အချိန်တန်တဲ့အခါ တိတ်တဆိတ် ပြန်လည်ထွက်ခွာရတော့မယ်…

ဒီနေရာမှာ
သင်ကြားရတာ ….လွယ်တယ်
ဝတ်စုံဝတ်ရတာ ….လွယ်တယ်
ပိုက်ဆံသုံးရတာ…. လွယ်တယ်
အရက်သောက်ရတာ….လွယ်တယ်
ဖဲရိုက်ရတာ …လွယ်တယ်
ဖွန်ကြောင်ရတာလဲ ….လွယ်တယ်
ထမင်း နှစ်နပ်စားရတာလဲ ….လွယ်တယ်
နေ့ခင်း အိပ်ငိုက်ရတာ….. လွယ်တယ်
ပြောသမျှကို ခေါင်းငုံ့ခံရတာ ….. လွယ်တယ်
အချိန်ဖြုန်းရတာ ….လွယ်တယ်
သတ္တိကြောင်ရတာ ….. လွယ်တယ်
ငတုံး လုပ်ရတာလဲ ….. လွယ်တယ်

ဒါပေမယ့် ဒီနေရာမှာ…..
လူလုပ်ဖို့တော့ ခက်တယ်…

“စုတ်ပြတ် ပျက်စီးနေသော အမိုးတစ်ခုအတွင်းမှ
ငါတို့ ရုန်းထွက်ဖို့ လိုပြီ”

(မင်းနေခ)

Comment #1

“စုတ်ပြတ် ပျက်စီးနေသော အမိုးတစ်ခုအတွင်းမှ
ငါတို့ ရုန်းထွက်ဖို့ လိုပြီ” ..(အင်း..မဟုတ်ရင်..အမိုးကပြိုတော့မယ်ကွ) … 😀

commentinfo By: ရွှေငါး at Jan 20, 2011
Comment #2

လိပ်ပြာက အတောင်မရှိဘူးဆို ဘယ်ကို ပျံမလို့ တုန်း။

commentinfo By: dan at Jan 20, 2011
Comment #3

အတောင် မရှိပင်မဲ့ မျှော်လင့်ချက် ရှိသေးတယ်လေ ဒန်…. ကျေးဇူးတင်ပါတယ် ခုလို အားပေးတဲ့အစ်မရွှေငါးနဲ့ ဒန်ကို

Leave Comments

Name*

Email*
Website
Email me whenever there is new comment