Professional Authors

အိပ်မက်မက်လို့ကောင်းဆဲ……

 

ဒီတစ်ခါလဲကျတော့

အရင်တစ်ခါနဲ့မတူပါလား

ကမ်းလင့်မဲ့လူတွေ လက်တွေဝှေ့လို့

ကံဇာတာတက်လာတာများလား

 

အမေ

စိတ်ထဲက လွမ်းဆွတ်မိတယ်

အမေ့အနားက ဝေးလဲ

အမေ့အပါးနီးသလို အမေငါ့ကိုချစ်တုန်း

 

ချစ်သူ

တစ်ခါပဲ တောင့်တရေရွတ်မိတာပါ

ဖုန်းသံက ဆက်တိုက်မြည်

အွန်လိုင်းမှာ အချက်ပြပြီ

 

သူငယ်ချင်း

လိုအပ်တာထက် ပိုကောင်းနေတယ်

အရာရာ အဆင်သင့်

နင့်တို့အချစ်တွေ သိပ်ကိုနွေးထွေးတယ်

 

ငါ(နတ်ဆိုး)

ခုချိန်ထိ အိပ်မက်တွေနဲ့ ပျော်တုန်း

လဲကျလဲ ပေတယ်

လဲကျစမြဲ အတွေးတွေနဲ့ လိမ်ဖယ်

ငါ….အိပ်မက်တွေက နိုးထရဦးမယ်…..

 

ကြက်ခြေခတ် X

20 jan 2011 thurs 02:24am

 

(It’s just a warning to myself)

In: ကဗျာ Posted By: Date: Jan 19, 2011
Comment #1

ငါ(နတ်ဆိုး)

ခုချိန်ထိ အိပ်မက်တွေနဲ့ ပျော်တုန်း

လဲကျလဲ ပေတယ်

လဲကျစမြဲ အတွေးတွေနဲ့ လိမ်ဖယ်

ငါ….အိပ်မက်တွေက နိုးထရဦးမယ်…..

commentinfo By: အသဲကွဲမိုး at Jan 20, 2011
Comment #2

ကောင်းတယ်………… အားပေးသွားတယ်

Comment #3

စကားလုံးတွေက စောင်းနေဒယ်……….ဖတ်ရတာ

သိပ်မမိုက်ဘူး

အတည့်ကို အတည့်အတိုင်းပဲထားပါ

ဘယ်ကဗျာဆရာမှ စကလုံးကို အစောင်းအတိုင်း မရေးဘူး
တစ်ခါတရံ ဆော့ကစားထားရင် တမျိုးပေါ့……..

ကဲ…….ဆက်လက်ချီတပ်ကြအုံးစို့………….။

တဖြည်းဖြည်း လှလာမှာပါ……။

ကြိုးစားထား သမီးးးးးးးး

commentinfo By: မာယာမင်းသား at Jan 20, 2011
Comment #4

စကားလုံးနော်……… 😀

စကလုံး မဟုတ်ဖူးးးးးးးးးးးးးး 😀

မဟုတ်ဘူးးးးးးးးးး 😀

commentinfo By: မာယာမင်းသား at Jan 20, 2011
Comment #5

အသဲကွဲမိုးနဲ့ butterfly ကို ကျေးဇူးအများကြီးတင်ပါတယ်….

မာယာမင်းသမီး…. ငါက ခပ်စောင်းစောင်းပဲ
လောကကို အရွဲ့တိုက်နေတဲ့လူကွ….

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment