Professional Authors

ချစ်ခဲ့ဖူးသူ

`မောင်´ရယ်လိုက်ရင်
သိပ်လှလို့  ဘယ်မိန်းကလေးကိုမှ
ပြုံးမပြပါနဲ့  သူတို့ တွေနဲ့ 
သ၀န်မတိုချင်လို့ ပါဆို….။

ငါ့ကိုမမြင်ရတဲ့နေ့ ဆိုရင်
`မောင်´ရယ်လွမ်းလိုက်တာ
ထမင်းတောင်မစားနိုင်လို့ 
သူငယ်ချင်းတွေကတောင်
ပိုလိုက်တာလို့ ပြောကြတယ်ဆို….။

နာမည်အရင်းကိုခေါ်မိရင်တောင်
ကျွန်မတို့ နှစ်ယောက်
ဝေးသွားသလိုပဲ….
စိမ်းကားလိုက်တာဆို….။

အခုတော့လဲ
နောက်ရင်ခွင်တစ်ခုမှာ
ဒီလိုမျိုးပဲသွားပြောနေပြန်သလား…
မိန်းကလေးရယ်….။
ငါ့အတွက်ကတော့
မင်းထားခဲ့လို့ အကြောင်းမထူးပေမယ့်
မင်းအတွက်တော့
ငါရင်လေးတယ်….။

In: ကဗျာ Posted By: Date: Jan 19, 2011
Comment #1

အင်း.. လေးသင့်တယ် 😛

Comment #2

he..he…
nice poem.

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment