Professional Authors

နွားအိုကြီးနဲ့ သိုးကလေး

နေ့ခင်းကြောင်တောင်ကငါမိုးကြိုးပစ်ခံရတယ်
ငါ့ခေါင်းထဲမှာလဲအမေရိကန်နဲ့အီရပ်တွေ
တစ်ခဏတာစစ်ဖြစ်သွားတယ်….
ငါ့မျက်လုံးတစ်စုံကြယ်တာရာတွေစီ
ကူးခတ်ပြေးဆော့နေတယ်…….
အလို…..အတော်ငယ်သေးတဲ့
ိသိုးငယ်လေးတစ်ကောင်ပါလား..
ဒါပေမဲ့…သိုးကလေးမိတ်ကပ်လိမ်းတယ်…
သိုးကလေး နှုတ်ခမ်းနီဆိုးတယ်….
သိုးကလေးရဲ့တစ်ကိုယ်လုံးမှာလဲ
အမျိုးအမည်မသိတဲ့ ရနံ့တွေက
နေရာယူထားကြတယ်………..
သိုးကလေးမျက်လုံးလေးတွေကစားနေတယ်..
တစ်စုံတစ်ရာကိုရှာဖွေနေတာ..
ဟော..သိုးကလေးမျက်လုံးမှာ
နေရောင်ခြည်တစ်ခု ခုန်ဆင်းသွားတယ်
အပြေးအလွှားနဲ့ သိုးကလေးကျောပြင်
ဦးတည်မှုကတော့ နွားအိုကြီးတစ်ကောင်စီ
နွားအိုကြီးနဲ့ သိုးကလေး စကားတွေပြောနေတယ်
မကြာပါဘူး..နွားအိုကြီးနောက်သိုးကလေးပါသွားတယ်….
 ငါ့နှလုံးသားက ၀မ်းနည်းမှုတွေက
ငါ့မျက်နှာမှာလာပြီး စိုစွတ်နေတယ်….
ဒါသိုးကလေးကြောင့်ဆိုတာ
သိုးကလေးသိခဲ့ရင်………….

In: ကဗျာ Posted By: Date: Jan 18, 2011
Comment #1

ဘ၀မျိုးစုံ လူတို့ဘုံ.

Leave Comments

Name*

Email*
Website
Email me whenever there is new comment