Professional Authors

ငါ့ကိုယ်ပွားရဲ့  သက်တမ်း

တီးတိုးညတိတ်ဆိတ်လွန်းတဲ့ ခေါ်သံတွေရောက်ခဲ့ပြီလား
ငါ့ကိုယ်ငါအသက်သွင်းရင်း   သန်းခေါင်စာရင်းမတိုင်ခဲ့ဘူး…….
ဖမ်းဆုပ်မရတဲ့မီးခိုးများ  ငါဖြစ်သွားတယ်
ရုတ်တရက်ကြွေကျတယ်  ပြန်ကောက်တယ်
တိမ်ခေါက်ခေါက်တွေထဲ  မညီမညာငါမျောသွားဖို့
အတောင်တွေကို  ရိုက်ချိုးခဲ့တယ် ငါသိခဲ့တယ်  ……..
ငါမသိခဲ့ဘူး ဒါက အဓိကမကျပါဘူး  ငါစိတ်တွေနဲ့မင်း
မဖြစ်ဖို့ပါပဲ  အဖြူရောင်ဟာသဘာဝကျပါတယ်
ငိုကြွေးဖို့မျက်ရည်   လျှံကျတဲ့ရေခွက်  ပိုသွားတဲ့ချစ်ခြင်းတရားတွေဟာ
ငါသိပ်မသိတဲ့  ငါကိုယ်ပွားတွေရဲ့တစ်ဖက်မှာ  မြေခြမနင်းရုံပါပဲ
အာရုံလည်းပိန်လီလာ ငါ့အတွေးလည်းမီးခိုးသာသာ
ဘယ်ကိုပျံသန်းမှာလည်းတဲ့ မင်းကိုမေးမယ့်သူမရှိဘူး
ငါထင်မိတယ် ယုံကြည်မိတယ်  အိမ်မက်ကိုအရောင်တင်မိတယ်
နည်းနည်းများသွားတယ်  မနေ့က  အိပ်လိုက်တာ
အိမ်မက်ရှည်တာပေါ့  ကဗျာမဆန်ရင်တောင်
ရင်ဘတ်ကို  ဖနောင့်နဲ့ပေါက်ကြည့်
ဘ၀က ကဗျာမဆန်ခဲ့တော့ ကဗျာကိုလည်းဘဝ
ဖြစ်အောင်မရေးတတ် သလိုလိုပဲ………
သူလည်းမသိ ကျွန်တော်လည်းမသိ သက်တမ်းကုန်ချိန်
ငါ့ကိုယ်ပွား ၀ိဥာည်အိမ်ပြင်မှာ  လေတွေကိုကြည့်ရင်း
သံစဉ်ထဲမှာကဗျာကိုရှာ
မင်းကိုမတွေ့  ငါ့အသည်းစကာပေါက်ကိုတွေ့တယ်
ငါ့ခြေလှမ်းတိုင်းမှာ  အသားစတွေပဲ့ကျလို့
ငါ့ကိုယ်ပွားတွေသက်တမ်းရင်လာခဲ့  မဆီအဆိုင်
လူကဘာလို့  ပြန်ပြီးနေခွင့်မရတာလည်း
ငါသိတယ်………ဒီကဗျာကို
ငါလည်းမုန်းတယ်……….

In: ကဗျာ Posted By: Date: Jan 16, 2011
Comment #1

စာသား အင်အားတွေ ကောင်းတယ်……
ဆက်လုပ်ကွာ………………………ကာကြီး

commentinfo By: little bird at Jan 16, 2011
Comment #2

ငါစိတ်တွေနဲ့မင်း
မဖြစ်ဖို့ပါပဲ …။ကောင်း၏…။

commentinfo By: SoFarAwayFromU at Nov 5, 2011
Comment #3

သိပ်ကြိုက်ပါတယ်ခင်ဗျာ..ကဗျာလေး

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #4

နှစ်သက်မိသော…..

commentinfo By: n$n at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment