Professional Authors

ဟိုင်းဝေးလမ်းမကြီးနဲ့ခပ်ပြင်းပြင်းအသက်ရှူသံ (သက်ထွေး)

ကျုပ်ဟာ
ဟိုင်းဝေးလမ်းမကြီး
ဖြစ်နေမှတော့
ဘီးတို့ရဲ့ထင်ကျန်မှုတွေကိုလဲ
ကြောက်ရွံ့
မနေတော့ပါဘူး။

မျက်စိတစ်ဆုံးမျှော်ကာကြည့်
ကိုယ့်အရိပ်နဲ့
ကိုယ့်အတိတ်တွေချည်းပဲ
ဘီးတွေမလာတော့လဲ
လွမ်းရသူက
ကျုပ်ပါပဲလား ..။

ကျုပ်အပေါ်
ဘယ်သူမှလဲ
ယုယုယယ
လာမအိပ်ကြပါဘူး
အလည်လာတဲ့မိုးစက်တောင်
ခဏလေးနဲ့
အငွေ့ပြန်သွားတတ်ကြတာပဲ
မဟုတ်လား ..။

ဒါကိုလဲ
ကျုပ်အပြစ်မပြောလိုပါဘူး ..
ဘယ်မှာလဲ
ကျုပ်အတွက်…အကာ
ဘယ်မှာလဲ
ကျုပ်အတွက်…နေရာ
တစ်ခုမှမရှိဘူးလေ ..။

ညင်ညင်သာသာနင်းသွားတဲ့
ဘီးဆိုလို့ ..
ကျုပ်ဘဝမှာ
တစ်ခါမှ
မကြုံဘူးသေးဘူး။

တစ်ခါတစ်လေကျတော့လဲ
လမ်းသွယ်တွေကို
ကျုပ်အားကျမိတယ်
သူတို့မှာ
ကလေးတို့ရဲ့
ပြေးလွှားကစားသံတွေ
ခြေဖဝါးနုနုတို့ရဲ့
နင်းလျှောက်သံတွေနဲ့
ဘီးတွေတောင်မှ
ညင်ညင်သာသာ
ဖြတ်သန်းသွားကြတယ်။

လမ်းသွယ်ကတော့
လွတ်လပ်ရေးပြိုင်ပွဲတွေလဲ
ဆင်နွှဲ
အလှူပွဲတွေမှာဆို
သာဓုခေါ်နဲ့
၁၂ရာသီလုံးမှာ
စည်ကားသိုက်မြိုက်
နေတော့တာပါပဲ။

ကျုပ်ကတော့
ကိုယ့်မွေးနေ့တောင်
ကိုယ်တစ်ယောက်ထဲ
တက်ရောက်ပြီး
ကိုယ့်ဘာသာ
ဆုတောင်းပေးရတဲ့ကောင်။

ခဏတာပဲဖြစ်နေ ..ဖြစ်နေ
ကျုပ်အပ်ါလွန့်လူးခဲ့တဲ့
မိုးစက်တွေကိုပဲ
ကောင်းကင်က
ကျုပ်အတွက်ပေးတဲ့
အကောင်းဆုံးဆုတွေလို့
ကျုပ်သတ်မှတ်ပါတယ် ..

ဘာပဲပြောပြောပေါ့ဗျာ
ကျုပ်ဘဝမှာ ..အဖော်မဲ့ခဲ့တာတော့
အမှန် ..

ခပ်ပြင်းပြင်းအသက်ရှူသံတို့သာ
ကျုပ်အဖော်လုပ်ခဲ့တယ် …

သက်ထွေး
ဇွန် ၃ဝ ၂ဝဝ၇

In: ကဗျာ Posted By: Date: Apr 19, 2010  
Comment #1

တွေးတတ်ပါ့ ကဗျာဆရာ…
အဲလို ဟိုင်းဝေးလမ်းမကြီးနဲ့တူတဲ့ လူတွေကိုဖြိုးတို့တွေ့ဖူးခဲ့လား။ တွေ့ခဲ့ရင်ရော ဘယ်လိုဆက်ဆံခဲ့လဲ…အဲလို အဲလို အတွေးတွေများသွားပါကြောင်း…

commentinfo By: melodyphyO at Apr 30, 2010
Comment #2

ကဗျာတွေကသိပ်ကောင်းပါတယ်
မောနေအောင်ကိုဖတ်ရတယ်

commentinfo By: snow at Jun 6, 2010
Comment #3

ဟိုင်းဝေးလမ်းမဘ၀ ကို အခုမှပဲတွေးမိတော့တယ် ။

commentinfo By: sundywai at Feb 18, 2011
Comment #4

ကိုသက်ထွေး ကဗျာတွေ အရမ်း ကောင်းတယ်ဗျာ
နောက်မှ အချိန်ပေးပြီး ကဗျာတွေ အကုန်လာဖတ် ပါဦးမယ်

Comment #5

really intelligent.
so nice,
perfect n meaningful poem.
the poet can express the main point of human’s life styles n cultures clearly.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment