Professional Authors

a joke inspired by love

ချစ်သူရယ်
ငါ့ကို တစ်ချက်လောက်တော့ပြုံးပြလှည့်ပါ
မချိပြုံးပဲ ဖြစ်ဖြစ်
ငါမြင်နိုင်တဲ့နေရာမှာ ခဏလောက်ရပ်လှည့်ပါ ချစ်သူ
သုံးမိနစ်ပဲ ဖြစ်ဖြစ်

ချစ်သူရယ်
ငါ့မျက်ဝန်းထဲ စိုက်ကြည့်လှည့်ပါ
အမြင်ကတ်မူနဲ့ ပဲ ဖြစ်ဖြစ်
ငါ့ကို စကားတစ်ခွန်းလောက်တော့ ပြောလှည့်ပါ ချစ်သူ
ဒေါသနဲ့ ပဲ ဖြစ်ဖြစ်

ချစ်သူရယ်
ငါ့ကိုသတိရလှည့်ပါ
စိတ်ကုန်မူနဲ့ ပဲ ဖြစ်ဖြစ်။

Dan
12:13AM

In: ကဗျာ Posted By: Date: Jan 15, 2011
Comment #1

ဒန် တော်တော် သတိရနေတယ်ထင်တယ် …. ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ … အားပေးနေတယ်နော်

Comment #2

ဆုတောင်းပေးတဲ့အတွက်တော့ ကျေးဇူးတင်တယ် ကိုလိပ်ပြာ ခေါင်းစဉ်ကိုက ဟာသတခု ပါလို့ ဆိုထားပါတယ်။

commentinfo By: dan at Jan 16, 2011
Comment #3

hote pa.
hote pa.
he,,he,,

commentinfo By: ei lay at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment