Professional Authors

ထွက်ပေါက်ဖွင့် သောလက်များ

ခံစားမှု့ မှာ
ဒြပ်ဝတ္ထုတွေက
စီးစီးပိုပိုးနေရာယူလာတိုင်း
ငါကဘေးကိုရောက်ခဲ့ တယ်မေ…………
အလွှားလိုက်ခွဲခြမ်းတဲ့ 
လူ့ အဆင့် အတန်းသက်မှတ်ချက်တွေအကြောင်း
ငါ့ ကိုဖတ်ပြနေတဲ့ 
ငါ့ ထမင်းလုပ်တိုင်းမှာ
သက်ပြင်းတွေချွေးသံရွှဲနေ
ရာသီပျက်တဲ့ 
ငါ့ ကမ္ဘာမှာတခါတလေ
လေထုညစ်ညမ်းမှု့ ကပိုပြီးသိပ်သည်းလာတယ်
ယုတ္တိဆန်တဲ့ 
ကဗျာတစ်ပုဒ်မှာ
မှော်ဝင်တဲ့ ငါ့ အတွေးတွေ
ပြန့် ကြဲသွားတိုင်းတော့ 
ငါ့ ကိုယ်ငါကျေနပ်မိတယ်

မင်းလူန

In: ကဗျာ Posted By: Date: Jan 13, 2011
Comment #1

ကျဉ်းမြောင်းလာတယ် အသက်ရှုဖို့……….. အမြဲတမ်းအားပေးနေတယ် ကိုမင်းလူန

Comment #2

I like that ..

commentinfo By: little bird at Jan 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment