Professional Authors

ဂျစ်ပစီ (မင်းခိုက်စိုးစန် )

ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ … ခြောက်ကပ်ကပ်
ငါ … ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ
… အိပ်စက်ပါရစေ။

ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမှ
တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ
…တံခါးဖွင့်သံ
…ခြေသံ
လာ ..မြန်မြန်သာ ဝင်ခဲ့ပါတော့။

လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။

ကောင်မလေးရယ်
ငါဟာ .. “တေလေ” ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမသေးသေးလေးရေ
..လွမ်းတယ် ..
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။

မင်းခိုက်စိုးစန်

Comment #1

အကိုရေ

မင်းခိုက်စိုးစန်ရေးတဲ့ ကဗျာတွေ အားလုံးအရမ်းကြိုက်ပါတယ်
ညီမကတော့ ဖေ့ဘွတ်မှာ ညီမထဲမှာ အကို့စာတွေ အားလုံးတော်တော်များများ တင်ထားပါတယ် တင်ခွင့်ပြုပါလို့
http://www.facebook.com/note.php?created&&note_id=153266611359021#!/profile.php?id=100000474862937
ဒါကတော့ ညီမဖေ့ဘွတ်အကောင့်ပါ အကိုဒီထက်ပိုအောင်မြင်ပါစေ

commentinfo By: Su Pyae Khin at Sep 8, 2010
Comment #2

လွမ်းတယ်…ဒါပဲတတ်နိုင်တာမို့ 
လွမ်းပါရစေ………..

commentinfo By: kyawnewun at Sep 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment